Showing posts with label Law News. Show all posts
Showing posts with label Law News. Show all posts

Tuesday, April 16, 2013

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို တိကျစွာ သတ်မှတ်၍ ဥပဒေ၊ နည်းဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စု လွှတ်တော်သို့ ဆောလျင်စွာ တင်သွင်းရေး နှင့် စပ်လျဉ်းသည့် အဆိုကို တင်သွင်း


ဒေါ်နန်းဝါနု (ကွန်ဟိန်း မဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စား လှယ်တော်ကြီးများ၊ ဧည့်သည်တော်များ ရှင့်။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်မကတော့ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနု ဖြစ်ပါတယ်ရှင်။ ကျွန်မ တင်သွင်းမယ့် အဆိုကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄ (ဃ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို တိကျစွာ သတ်မှတ်၍ ဥပဒေ၊ နည်းဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စု လွှတ်တော်သို့ ဆောလျင်စွာ တင်သွင်းရေး ပြည်ထောင်စု အစိုးရအား မေတ္တာရပ်ခံ တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်ရှင်။

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အစီရင်ခံစာ တင်ပြခြင်း

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယခု  တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရန် ဖြစ်ပါတယ်။ အစီရင်ခံစာ တင်ပြဖို့ သက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌအား ဖိတ်ခေါ်ပါတယ်။
သူရဦးအောင်ကို (ဥက္ကဋ္ဌ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ)။        ။ လေးစားအပ်ပါတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်‌သည်တော်များ အားလုံး  ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းသာစွာဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို သယ်ပိုး ထမ်းရွက်နိုင် ကြပါစေလို့ ဆုမွန်ပြုပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကို ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ကော်မတီရဲ့ ကိုယ်စား  တင်သွင်းမှာ ဖြစ်ပါတယ်။
နိဒါန်း
ပြည်သူ့လွှတ်တော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၅ (က)နှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄ နှင့် ၂၇ တို့အရ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကိုယ်စားလှယ် ၁၅ ဦး ဖြင့် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ လုပ်ငန်း တာဝန် များကို အမိန့်ကြော်ငြာစာအမှတ် ၂၄/၂၀၁၁ ဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ကော်မတီသည် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး မကျင်းပ မီကာလအတွင်း ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးတို့မှ ပေးပို့လာသော တိုင်ကြားစာ အမှုတွဲများနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ အစီရင်ခံစာ ပြုစု တင်ပြရခြင်း ဖြစ်ပါတယ်။
ကော်မတီ၏ တာဝန်များ
ကော်မတီသည်-
Related Posts Plugin for WordPress, Blogger...