Showing posts with label Supremacy of Law. Show all posts
Showing posts with label Supremacy of Law. Show all posts

Tuesday, April 16, 2013

ဥပဒေသည်သာ အကြီးမြင့်ဆုံးတန်ခိုးအာဏာဖြစ်သည်


(The Supremacy of the Law)
          နိုင်ငံတခုအတွင်း၌ တရားဥပဒေသည် တန်ခိုးအာဏာအကြီးမြင့်ဆုံးနေရာ၌ရှိရပေမည်။ မည်သူမဆို ဥပဒေကိုကျော်လွန်၍လုပ်ကိုင်ဆောင်ရွက်ခြင်းမှန်သမျှကို မည်သည့်ဥပဒေကမျှ ခွင့်ြုပမည်မဟုတ်ပေ။ သက်ဆိုင်ရာ အာဏာပိုင်များသည် မိမိထင်ရာမြင်ရာကို လုပ်ကိုင်ဆောင်ရွက်ခွင့် အာဏာမရှိဘဲ တရားဝင် အတည်ဖြစ်နေသော ဥပဒေများနှင့်ဆီလျော်ကိုက်ညီသည့် အတိုင်းတာအရသာ လုပ်ကိုင်ဆောင်ရွက်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ- မည်သည့်ကိစ္စရပ်ကိုမဆို ဥပဒေမဲ့၊ တရားလက်လွတ်ြုပမူဆောင်ရွက်ခြင်းကို ခွင့်မပြု ဘဲ၊ ပြဌာန်းထားရှိပြီးဖြစ်သော ဥပဒေများနှင့်အညီသာလျှင်၊ မည်သူမဆို လိုက်နာ၊ကျင့်ကြံ၊ ပြုမူဆောင်ရွက်စေ ခြင်းပင်ဖြစ်ပေသည်။
          ထို့အတူ ဥပဒေဆိုရိုးစကားတခုဖြစ်သော “ဥပဒေ၏အထက်၌မည်သူမျှမရှိစေရ။”ဟုဆိုသော စကား ရပ်မှာလည်း ဥပဒေသည်သာ အကြီးမြင့်ဆုံးတန်ခိုးအာဏာဖြစ်သည် ဆိုသည်ကို ထပ်တူအဓိပ္ပါယ်ဖေါ်ညွှန်းခြင်း ပင်ဖြစ်သည်။ ဥပဒေတခုကြိုပလုပ်ပြဌာန်းပြီးဖြစ်ပါက အဆိုပါဥပဒေကို ဥပဒြေုပလုပ်သူအပါအ၀င်၊ နိုင်ငံသား အားလုံးက လေးစားလိုက်နာကြရမည်ဖြစ်သည်။ အဆိုပါ ဥပဒေကိုချိုးဖေါက်ပါက ဥပဒေကြိုပသူပင်ဖြစ်စေ၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးသော အစိုးရပင်ဖြစ်စေကာမူ ဥပဒေအရသတ်မှတ်ထားသည့်ပြစ်ဒဏ်ကို ကျခံရ မည်ဖြစ်ပေသည်။ ဤသည်မှာ တရား ဥပဒေစိုးမိုးရေး၏ အဓိကနှင့်အခြေခံအကျဆုံးသော မူတရပ် လည်းဖြစ်ပေသည်။
Related Posts Plugin for WordPress, Blogger...