Showing posts with label Women Rights. Show all posts
Showing posts with label Women Rights. Show all posts

Tuesday, April 16, 2013

အမျိုးသမီးအခွင့်အရေးနှင့် ဥပဒေ



မန်မာပြည်မှာ အမျိုးသမီးတွေအတွက် ကာကွယ်ပေးထားတဲ့ ဥပဒေတွေ ဘယ်လောက်ရှိပါသလဲ၊ ဘယ်လို အကာအကွယ် ပေးထားပါသလဲ။

ဒေါ်မိုးမိုး- မြန်မာပြည်မှာ အမျိုးသမီးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဥပဒေဆိုတာ သိပ်မရှိပါဘူး။ အထူးသဖြင့် အမျိုးသမီး လိင်အလုပ်သမတွေဟာ အဓိက လိင်ကိစ္စနဲ့ ပတ်သက်ပြီး အများဆုံး အနိုင်ကျင့်ခံနေရပါတယ်၊ အဓိက မြန်မာပြည်ရဲ့ အမျိုးသမီးတွေအတွက် လိင်ကိစ္စနဲ့ပတ်သက်ပြီး ထိရောက်တဲ့ ကာကွယ်ပေးမှုပေးဖို့ ထုတ်ထားတဲ့ ဥပဒေကတော့ ရာဇသတ်ကြီး ဥပဒေမှာဆိုရင်..

၁။ အမျိုးသမီးများအား အနိုင်အထက် မုဒိမ်းကျင့်ရန် အကြံနှင့် လက်ရောက်ခြင်းနှင့် ကာမရာဂစိတ်ကို ဓမ္မတာအတိုင်း မဟုတ်ပဲ ရောင့်ရဲအောင် ပြုရန်အကြံနှင့် လက်ရောက်ခြင်းတို့ကို ကျူးလွန်သူအား သေသည်အထိ ခုခံကာကွယ်ပိုင်ခွင့်။

၂။ အမျိုးသမီးကာအိနြေ္ဒကို ပျက်စီးစေမှု။

၃။ အသက် ၁၆ နှစ်အောက် အမျိုးသမီးကို ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ လူခိုးမှု။

၎။ အတင်းအဓမ္မ ထိမ်းမြားပေးစားရန် စသည်အတွက် အမျိုးသမီးကို ခိုးယူမှု (သို့) သွေးဆောင်ဆွဲခေါ်ယူမှု (သို့) သွေးဆောင်မှု။

၅။ ကာမပွဲစားအဖြစ် အရွယ်မရောက်သေးသော မိန်းကလေးကို ရှာပေးခြင်း။

၆။ နိုင်ငံခြားမှ မိန်းကလေးကို နိုင်ငံအတွင်း တင်သွင်းမှု။

၇။ အပြင်းအထန် နာကျင်စေခြင်း။ ကျွန်ပြုခြင်းတို့ကို ခံစေရန် လူခိုးမှု (သို့) သွေးဆောင်ခေါ်မှု။

၈။ အရွယ်မရောက်သေးသူကို ပြည့်တန်ဆာကိစ္စ စသည်များအတွက် ရောင်းဝယ်ခြင်း (၁။ ပြည့်တန်ဆာကိစ္စအလို့ငှာ အရွယ်မရောက်သေးသူကို ရောင်းမှု၊ ၂။ ပြည့်တန်ဆာကိစ္စ အလို့ငှာ အရွယ်မရောက်သေးသူကို ၀ယ်မှု)။

၉။ မုဒိမ်းမှု။

၁၀။ ဓမ္မတာနှင့် ဆန့်ကျင်သော ပြစ်မှု။

၁၁။ လိမ်လည်မှု။

၁၂။ ရာဇ၀တ်ထိုက်သင့်သော ပြစ်မှုကို ကျူးလွန်ရန် ညဥ့်အချိန် အိမ်ကျော်နင်းမှု။

၁၃။ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုများ။

၁၄။ မိန်းမတို့ ကာအိနြေ္ဒကို စော်ကားရန် ရည်ရွယ်သော (သို့) ကိုယ်အမူအယာ (သို့) ပြုလုပ်မှုပြုခြင်း။
Related Posts Plugin for WordPress, Blogger...