
လူမှုဖူလုံရေးအက်ဥပဒေ အာဏာတည်ခြင်း
လူမှုဖူလုံရေးအက်ဥပဒေကို ၁၉၅၄ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ၁၉၅၆ ခုနှစ်၊
ဇန်န၀ါရီလ(၁) ရက်နေ့ မှစ၍ ရန်ကုန်မြို့  မြူနီစပယ်နယ်နမိတ်နှင့်
ဆင်ခြေဖုံးအရပ်ဒေသတို့တွင် အာဏာတည်ကာ အကောင် အထည်ဖော်ခဲ့ပါသည်။
လူမှုဖူလုံရေးစီမံကိန်း တိုးတက်အောင်မြင်လာသည်နှင့်အမျှ နယ်မြေဒေသများ
တစ်စတစ်စတိုးချဲ့ လာခဲ့ပါသည်။
၁၉၅၄
ခုနှစ် လူမှုဖူလုံရေး ဥပဒေသည် ခေတ်ကာလနှင့် လျော်ညီမှု မရှိသဖြင့် ၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်စေရန် လည်းကောင်း၊ နိုင်ငံတကာ
ကျင့်သုံးမှုများနှင့် လိုက်လျောညီထွေ ရှိစေရန် လည်းကောင်း အသစ်ပြင်ဆင်
ရေးဆွဲပြီး လွှတ်တော် အဆင့်ဆင့်သို့ တင်ပြခဲ့ရာ ၂၉.၂.၂၀၁၂ ရက်နေ့တွင်
အမျိုးသား လွှတ်တော်က လည်းကောင်း၊ ၁၄.၃.၂၀၁၂ နေ့တွင် ပြည်သူ့ လွှတ်တော်က
လည်းကောင်း အတည်ပြု ဆုံးဖြတ်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေကို
ပြည်ထာင်စု လွှတ်တော် ဆက်လက် တင်ပြရန် စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။
၂၀၁၂
ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေသစ်တွင် လက်၇ှိ အာမခံစနစ်များ အပြင်
ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ် အောက်တွင် မိသားစု
ထောက်ပံ့မှု အာမခံစနစ်နှင့် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ပါက ထောက်ပံ့ ကူညီမှု
ခံစားခွင့်များ၊ အလုပ် လုပ်ကိုင်နိုင်စွမ်း မရှိမှု၊ သက်ပြည့်
အငြိမ်းစားနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် အာမခံစနစ်၊ အလုပ်လက်မဲ့
အာမခံစနစ်၊ လူမှုဖူလုံရေး အိမ်ရာစီမံကိန်း များကို တိုးချဲ့
ထည့်သွင်းပြဋ္ဌာန်း ထားရှိပါသည်။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပါ (မူကြမ်း) အကျဉ်းအား သိရှိလေ့လာနိုင်ပါရန် ဆက်လက်ဖော်ပြထားပါသည်။ လူမှုဖူလုံရေးဥပဒေ (မူကြမ်း) အပြည့်အစုံအား ဖတ်ရှုလိုပါက- Download Link
No comments:
Post a Comment