Thursday, April 18, 2013
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ဘယ်အတိုင်းအတာအထိပြင်ဆင်နိုင်မလဲ
တူမောင်ညို
အောက်တိုဘာ ၁၁၊ ၂၀၁၁
 “ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ” ဆိုတဲ့ သတင်းရယ်။
စက်တင်ဘာ ၃၀ ရက်နေ့၊ စိမ်းလဲ့ကန်သာတွေ့ဆုံပွဲမှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဖြေဆိုခဲ့ကြတဲ့ အဖြေ ၂ ရပ်ကိုပေါင်းပြီး (NLD) က မကြာခင် ပါတီမှတ်ပုံတင်တော့မယ်ဆိုတဲ့ သတင်းကို သေချာပေါက်ဖြစ်လာတော့မယ် သတင်းတစ်ခုသဖွယ် ပြောဆိုလာနေကြပါတယ်။
မုန့်ဆီကြော်က ဘယ်လိုနေမှန်းမသိသေးဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားလုပ်နေကြပြီ။
လက်တွေ့အားဖြင့်ပြောရရင် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ” ဆိုတာဟာ ဥပဒေကြမ်း အဖြစ်ပဲရှိပါသေးတယ်။ အမျိုးသားလွှတ်တော်ထဲမှာမဆွေးနွေးရသေးပါဘူး။
အမျိုးသားလွှတ်တော်ကလက်ခံဆွေးနွေး၊ အတည်ပြုပြီးပြီဆိုရင်လည်း အဲဒီဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်သို့ဆက်လက် တင်ပြရပါဦးမယ်။ ပြည်သူ့လွှတ်တော်က လက်ခံပါမှ(သို့တည်းမဟုတ်)ပြင်ဆင်ချက်တွေပြုလုပ်ပြီး လက်ခံတာလည်းလုပ်နိုင်ပါသေးတယ်။ လွှတ်တော်၂ ရပ်လုံးကလက်ခံသဘောတူပြီး။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှသာ ဥပဒေတစ်ရပ်အဖြစ်ပေါ်ထွက်လာမှာပါ။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း-၁)
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၂)
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၃)
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၄)
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၅)
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၆)
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၇)
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၈)
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၉)
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၁၀)
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၁၁)
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၁၁)
အခန်း (၁၃)
နိုင်ငံတော်အလံ၊ အထိမ်းအမှတ် တံဆိပ်၊ သီချင်းနှင့် မြို့တော်
ပုဒ်မ ၄၃၇ (က) တွင် သုံးရောင်ချယ် ကြယ်တလုံးအလံကို တွေ့ရပါသည်။ ပြည်ထောင်စု ဟုခေါ်ပြီး တပြည်ထောင် ပုံရိပ်ကို ဖော်ပြထားသည်မှာ သဟဇာတ လုံးဝ မဖြစ်ပါ။ ကြံ့ဖွံ့ တပါတီ စနစ်ကို သွားလိုသည်ဆိုလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆(ဃ) ပါ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖောက်ဖျက်ရာ ကျသွားပါမည်။ နိုင်ငံတော် အလံကို ပြည်ထောင်စု တိုင်းရင်းသား အများစု၏ သဘော တူညီမှုရယူကာ အသစ် ပြန်လည် ပြဋ္ဌာန်းသင့်ပါသည်။
ပုဒ်မ ၄၄၀ တွင် “နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်။”ဟု ပြဋ္ဌာန်းချက်မှာ မြန်မာ့ ရေမြေ သဘာဝနှင့် ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုကို ပစ်ပယ်ရာ ကျပါ သည်။ နိုင်ငံတော်၏ မြို့တော် ရန်ကုန် နှင့် မန္တလေး ကိုပါ သတ်မှတ်ရပါမည်။ ဗဟို အစိုးရ ရုံးစိုက်ရာနေရာကိုသာ မြို့တော် သတ်မှတ်ချက်မှာ အမျိုးသား ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရာ မကျပါ။ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းသင့်ပါသည်။ 
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၁၀)
အခန်း (၁၂)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း
နိုင်ငံတိုင်းရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တိုင်းတွင် ပြင်ဆင်ရန် လိုအပ်သည့်အခါ ပြင်ဆင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း အခန်းကို ထည့်သွင်းဖော်ပြလေ့ ရှိပါသည်။ ထို့်အတူ မြန်မာနိုင်ငံတွင် ယခင်ကရှိနှင့်ခဲ့သည့် ၁၉၄၇ ခုနှစ် နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ များ၌လည်း ဤအခန်းကို ဖော်ပြခဲ့ကြသည်။ ၎င်း ပြင်ဆင်ခြင်းအခန်းပါ ဖေါ်ပြချက်များသည် ယခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ ပြင်ဆင်ခြင်း အခန်းနှင့် မတူကွဲပြား ဖြစ်နေသည်များကို နှိုင်းယှဉ် သုံးသပ်ရန်လိုပါသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း (၁၁) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ခြင်း၊ ပုဒ်မ ၂၀၉ တွင်
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၉)
အခန်း (၁၁)
အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ
နိုင်ငံတကာက ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထည့်သွင်းပြဋ္ဌာန်းကြရာတွင် နိုင်ငံ သားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို နစ်နာဆုံးရှုံးမှု မရှိရအောင် အတတ်နိုင်ဆုံးပြဋ္ဌာန်းလေ့ရှိပါသည်။  နိုင်ငံတကာမှာလည်း အရေးပေါ်ကာလများတွင် အထူးသဖြင့် လူအခွင့်အရေး ချိုးဖောက်ခံရမှုများ အမြောက်အများ ပေါ်ထွက်ကြလေ့ရှိသည်ကို ဂရုတစိုက် သတိထားကြရပါမည်။
ပုဒ်မ ၄၁၄ တွင် “ နိုင်ငံတော် သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာသည့် အခါ-
(က) ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသနှင့် အချိန်ကာလတို့ကို သတ်မှတ်ဖော်ပြရမည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၈)
အခန်း (၁၀)
နိုင်ငံရေး ပါတီများ
နိုင်ငံရေးပါတီတရပ်သည် မိမိ၏နိုင်ငံရေးဦးတည်ချက်ကို အကောင်အထည် ဖော်နိုင်ရန် ဦးစွာပထမ ပါတီမှတ်ပုံတင်ရပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို  န အ ဖ ဥပဒေ  အမှတ် ၂/ ၂၀၁၀ ဖြင့်၂၀၁၀ ပြည်နှစ် မတ်လ ၈ ရက်နေ့က ပြဋ္ဌာန်း ခဲ့ပါသည်။ ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ  ၄၀၉ အရ ပြဋ္ဌာန်းခြင်း ဖြစ်ပါသည်။
ပုဒ်မ ၄၀၈ တွင် “နိုင်ငံရေး ပါတီတရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက် တရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့် ပေးနိုင်သောအဖွဲ့အစည်းက တွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်။”ဟုပါရှိပါသည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၇)
အခန်း (၉)
ရွေးကောက်တင်မြှောက်ခြင်း
လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ခေါင်းစဉ်အောက်ရှိ အခြေခံမူများပါ ပုဒ်မ ၁၄ တွင်-
“ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်။”ဟုဖော်ပြထားပါသည်။
သို့သော် ထိုတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့်စပ်ဆိုင်သည့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပုဒ်မ တစုံတရာမျှ မပါရှိသည်ကို ထူးခြားစွာ တွေ့မြင်ရပါသည်။
လွှတ်တော်ဆိုသည်မှာပြည်သူများဆန္ဒနှင့်ရွေးချယ်တင်မြှောက်ပေးလိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များ အတွက်သာဖြစ်ရ ပါမည်။ ဒီမိုကရေစီ၏
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၆)
အခန်း(၇)
တပ်မတော်
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်းကောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လည်းကောင်း တပ်မတော်ဟူ၍ အခန်း သီးသန့် ဖော်ပြခဲ့သည်ကို လုံးဝမတွေ့ရပါ။ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ တပ်မတော်အခန်းကို သီးသန့်ပြဋ္ဌာန်းထားသည် သာမက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပါဝင်သည့် ပုဒ်မပေါင်း အမြောက်အမြား ကိုပါ တခြားအခန်းများတွင် ပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရှိရပါသည်။ ကာကွယ်ရေးဦးစီးချုပ်ဆိုင်ရာ ပုဒ်မများကို တပ်မတော်အခန်း တွင်သာ ပြဋ္ဌာန်း သင့်ပါ သည်။ ဥပဒေပါ အနှစ်သာရများကို ရောထွေးယှက်တင် မဖြစ်စေရန် အခန်းခွဲထားခြင်းမရှိဘဲ အခန်းတိုင်း ပါဝင်နေမှုမှာ တမိုးလုံးဖျောက်ဆိပ် ဆိုသလိုပင် စစ်အာဏာရှင် စနစ် ၏ ဖော်ပြချက်များကို တွေ့မြင်နေရပါသည်။  ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်မှာ စစ်တပ်လက်စွဲကျမ်း တစောင်ပမာ ဖြစ်နေပါသည်။ နိုင်ငံတကာ ဥပဒေပညာရှင်များက ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေ ကို တခွန်းတည်းပြောပါသည်
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၅)
အခန်း (၆)
တရားစီရင်ရေး
မြန်မာနိုင်ငံ တရားရုံးများ ဖွဲ့စည်းပုံအရ တရားရုံးအမျိုးအစား သုံးမျိုးကိုတွေ့ရပါသည်။ ပုဒ်မ ၂၉၃ (က)တွင် “ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရား လွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရ တည်ထောင်ထားသော အခြားတရား ရုံးများ။”
ပုဒ်မ ၂၉၃ (ခ)တွင်”စစ်ဘက်ဆိုင်ရာ တရားရုံးများ။
ပုဒ်မ ၂၉၃(ဂ)တွင်” နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး” ဟူ၍ သုံးမျိုးသုံးစား တွေ့ရပါသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး အာဏာနှင့် ပတ်သက်၍ ပုဒ်မ ၂၉၄ တွင်” နိုင်ငံတော်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်။ စစ်ဘက် ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင် ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့် ဆုံးတရားရုံးဖြစ်သည်။” ဟု ပြဋ္ဌာန်း ထားသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံ၏ အမြင့်ဆုံးတရားရုံး ဖြစ်သော်လည်း စစ်ဘက်ဆိုင်ရာ တရားရုံး များနှင့် နိုင် ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့၏ စီရင်ပိုင်ခွင့်ကို ကျော်လွန်၍မရပါ။ ယခင်ကတည်ရှိခဲ့သော တရားရုံးဖွဲ့စည်းပုံများနှင့် လုံးဝ ကွာခြားသွား သည်ကိုတွေ့ရပါ သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် ပြည်ထောင်စု တရားလွှတ်တော် ချုပ်၏ စီရင်ပိုင်ခွင့် အာဏာတို့ လုံးဝကွာခြားသွားပါသည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၄)
အခန်း ( ၅ )
အုပ်ချုပ်ရေး
ပြည်ထောင်စု အစိုးရအဖွဲ့
ဤအခန်းတွင် ပုဒ်မ- ၁၉၉ မှ ပုဒ်မ -၂၉၂ အထိ ပါရှိသည်။ နအဖ ဥပဒေအမှတ်-၁၅/၂၀၁၀  ဖြစ် သော ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ကို ၂၀၁၀ ပြည့်နှစ်၊ အောက်တို ဘာလ ၂၁ ရက်နေ့ ကပင် ပြဋ္ဌာန်း ထားသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း ၇ ၊ ပြည်ထောင်စုအစိုးရ၊ ပုဒ်မ -၁၁၄ တွင်” ပြည် ထောင်စု နိုင်ငံ အစိုးရအဖွဲ့ကို ပုဒ်မ -၅၆ အရ ခန့်ထားသော ၀န်ကြီးချုပ်နှင့် ၀န်ကြီးများဖြင့် ဖွဲ့စည်းရမည်။ ”ဟုပါရှိသည်။ ပုဒ်မ -၅၆(၁) တွင်” နိုင်ငံ တော် သမ္မတသည် ပြည်သူ့လွှတ်တော်က အမည်တင်သွင်းသော ပုဂ္ဂိုလ်အား ၀န်ကြီး ချုပ်ခန့်ထားရမည်။ ထိုဝန်ကြီးချုပ် သည် ပြည် ထောင်စုအစိုးရအဖွဲ့၏ အကြီးအမှုးဖြစ်ရမည်။” ဟုလည်းပြဋ္ဌာန်း ထားသည်ကိုတွေ့ရှိရပါသည်။
ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၉(က) တွင် ”နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်။”ဟုဖော်ပြပါရှိသည်။ သမ္မတ အုပ်ချုပ်ရေးစနစ် ဖြစ်ကြောင်း ပေါ်လွင်ပါသည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၃)
အခန်း (၄)
ဥပဒေ ပြုရေး
ပြည်ထောင်စု လွှတ်တော်
လွှတ်တော် နှစ်ရပ်စနစ်ကိုကျင့်သုံးထားကြောင်းတွေ့ရပေသည်။ ပုဒ်မ ၇၄ အရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပြည်ထောင်စု လွှတ်တော်တွင် ပါဝင်ကြောင်းတွေ့ ရသည်။ ၇၄ (က) နှင့် ၇၄ (ခ) တွင် ပုဒ်မ ၁၀၉ နှင့်ပုဒ်မ ၁၄၁ ပါ ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၆၆ ဦးရှိသည်ကို တွေ့ရသည်။ ဤသည် မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို  အထူးခြားဆုံးဖွဲ့စည်း ပုံ ဖြစ်သွားစေပါ သည်။ ပြည်ထောင်စုလွှတ်တော် သည် ဥပဒေပြု အာဏာကို ကျင့်သုံးသည့် လွှတ်တော်ဖြစ်ပါသည်။ ဥပဒေပြုသူထဲတွင် တပ်မတော်သားများကို အမည်စာရင်းတင်သွင်း၍ ခန့်အပ်ထား ခြင်းမှာ ဒီမိုကရေ စီ ရွေးချယ်ရေး မူကို ဆန့်ကျင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၂)
အခန်း(၂)
နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ
ဤအခန်း(၂) ပုဒ်မ -၅၃(က) တွင် ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တနယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့် အကျုံးဝင် သည့် မြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမ ရယူရမည်။”ဟုဖော်ပြထားပြီး၊
ပုဒ်မ- ၅၂(ခ) (၃) တွင် ”နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် နိုင်ငံတော် သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော် အကြီးအမှုး သည် အောက်ပါ အတိုင်း လွှတ်တော်ကိုယ်စားလှယ် များ၏ ဆန္ဒကို ရယူရမည်
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း-၁)
၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ – ၁၅၁ (၁) တွင် “တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက်ကို ရယူလောက်အောင် ပြည်သူများအတွက် အရေးကြီးသည်ဟူသော ဥပဒေကြောင်းဆိုင်ရာ ပြဿနာတရပ် ပေါ်ပေါက်လာသည် ဟုသော် လည်းကောင်း၊ ပေါ်ပေါက်ရန် အကြောင်းရှိသည် ဟုသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် မည်သည့်အခါ၌ မဆို ယူဆခဲ့သော် ထိုပြဿနာကို စဉ်းစားစေရန် တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ် ကလည်း ထိုပြဿနာနှင့် စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည့် အတိုင်း ကြားနာ စစ်ဆေးပြီးနောက် သမ္မတထံ အစီရင်ခံနိုင်ရမည်။” ဟု ပြဋ္ဌာန်းထားချက် ရှိခဲ့ဖူးပါသည်။
၂၀၀၈ ခုနှစ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထဲက နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တာဝန်များ။
  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပုဒ်မ ၃၄၅ မှ ပုဒ်မ ၃၉၀ အထိ ပြဋ္ဌာန်းထားပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁)တွင် ပုဒ်မ ၁၄၅ မှ ပုဒ်မ ၁၇၂ အထိ နိုင်ငံသားများ၏ မူလ အခွင့်အရေးများနှင့် တာဝန်ဝတ္တရား များကို ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၂) တွင် ပုဒ်မ ၉ မှ ပုဒ်မ ၂၉ အထိ မူလအခွင့်အရေးများကိုလည်း နိုင်ငံတော် ဟူသော စကား၏ အဓိပ္ပါယ် ရှင်းလင်းချက်၊ နိုင်ငံသားဖြစ်မှု၊ ညီမျှမှုအခွင့်အရေးများ၊ လွတ်လပ်မှု အခွင့်အရေးများ၊ ဘာသာ သာသနာရေးဆိုင်ရာ အခွင့်အရေးများ၊ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အခွင့်အရေးများ၊ စီးပွားရေးဆိုင်ရာ အခွင့်အရေးများ၊ ရာဇ၀တ် ဥပဒေဆိုင်ရာ အခွင့်အရေးများ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကာကွယ်နိုင်၊ ရယူနိုင်သော အခွင့်အရေးများ ဟူ၍ ခေါင်းစဉ်များ အောက်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြ ပြဋ္ဌာန်းထား ခဲ့သည်ကိုလည်း ဥပဒေ သမိုင်းကြောင်းအရ တွေ့မြင်သိရှိရပါသည်။ အရေးကြီးသည့် ပုဒ်မများကိုသာ နှိုင်းယှဉ်ပြီး ဆန်းစစ်သုံးသပ်ရန် လိုပါသည်။
“ထာဝရ ငြိမ်းချမ်းရေး” ဆိုတာ လက်နက်စွန့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲ ဝင်ဖို့ဖြစ်တယ်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ် သက်ပြီး သမ္မတဦးသိန်းစိန်ပြောတဲ့ “ထာဝရ ငြိမ်းချမ်း ရေး”ဆိုတာ “လက်နက်စွန့် ပြီးဖွဲ့စည်း ပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲကိုဝင်လာဖို့ ပဲဖြစ်တယ်”
နိုဝင်ဘာလ ၁၉ရက်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ သတင်းစာသမားတွေနဲ့တွေ့ဆုံရာမှာ သမ္မတဦးသိန်းစိန်က “ထာဝရ ငြိမ်းချမ်းရေး” ရဲ့အဓိပ္ပါယ်ကို အဲဒီလိုပြောခဲ့ပါတယ်။ တစ်ပြိုင်နက်ထဲမှာ နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ မရှိဘူးလို့လည်း ခပ်တင်းတင်း ပြောခဲ့တာလည်း ဖြစ်ပါတယ်။
ပင်လုံစာချုပ်၊ ဖယ်ဒရယ်မှုနှင့် ၂၀၀၈ အခြေခံဥပဒေ
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ်တွင် `ပင်လုံ´ဟု ခေါ်သော မြို့ကလေး၌ စာချုပ်တခု လက်မှတ်ရေးထိုးကြသည်။ ထိုစာချုပ်သည် `ပင်လုံစာချုပ်´ ဟု ထင်ရှားသည်။ ပင်လုံစာချုပ်နှင့်အတူ ပင်လုံမူ သို့မဟုတ် တန်းတူညီမျှမှု စိတ်ဓာတ်လည်း ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း ပင်လုံစိတ်ဓာတ်သည် မြန်မာအခြေခံဥပဒေ အဆက်ဆက်တွင် ကိန်းအောင်းရှင်သန်မှု မရှိခဲ့ခြင်းမှာ ၀မ်းနည်းဖွယ် ဖြစ်သည်။
ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ်ဆိုသည်မှာ အဘယ်နည်း။
ဖွဲ့စည်းပုံမူကြမ်း အတည်ဖြစ်လျှင် အခြေအနေ ပိုဆိုးမည်ဟု BLC ပြော
နယူးဒေလီ။ ။ နအဖ ရေးဆွဲသော ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်လာလျှင် မြန်မာပြည်သူများအနေနှင့် လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေထက်ပင် ပိုမို ဆိုးရွားသွားမည်ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ယနေ့ ပြောကြားလိုက်သည်။
"လက်ရှိ ခံစားနေရတဲ့ အခြေအနေမျိုးတွေဟာ ပိုဆိုးသွားဖို့ပဲ ရှိနိုင်တယ်။ နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေးတွေ ဆုံးရှုံးခဲ့တယ်။ ဥပဒေ စိုးမိုးရေးမရှိ၊ စီးပွားရေး ချွတ်ခြုံကျနေတာတွေ၊ လူမှုရေးဘဝ ပျက်စီးနေရတာတွေ အားလုံးဟာ တင်းကျပ်တဲ့ ဗဟို ချုပ်ကိုင်မှုအောက်မှာ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်မပေးလို့ ဖြစ်ပါတယ်" ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက်
ဤနေရာတွင် ရယူ လေ့လာနိုင်ပါသည်။
၂၀၀၈- ဖွံစည်းပုံအခြေခံဥပဒေ နှိုင်းယှဉ်ချက်များ
ဤနေရာတွင် ရယူ လေ့လာနိုင်ပါသည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ
ပြည်ပမှ ရေးဆွဲသော ပြည်နယ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေများ
  1. CHINLAND CONSTITUTION (FIFTH - DRAFT)
  2. ARAKAN STATE CONSTITUTION (DRAFT) 
  3. SHAN STATE CONSTITUTION (SECOND DRAFT)
  4. RAHMONYA MON STATE CONSTITUTION (DRAFT)
  5. KAREN STATE CONSTITUTION (SECOND DRAFT)
  6. KACHIN STATE CONSTITUTION (DRAFT)
  7. KARENNI STATE CONSTITUTION (SECOND DRAFT)
  8. BURMA STATE CONSTITUTION (STUDY)
ပြည်ပ အဖွဲ့အစည်းများမှ ရေးဆွဲသည့် ဖွဲ့စည်းပုံမူကြမ်း (၂)
 ဤနေရာတွင် ရယူ လေ့လာနိုင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်စဉ်ဆိုင်ရာ လေ့လာစရာများ
By Nai Han Tha
Cover-Nai-Han-Tha-Front
ဖွဲ့စည်းပုံအခြေခံဥပဒေများ ဖျြစ်စဉ် နေ့စွဲမှတ်တမ်းမှတ်တမ်း
ဤနေရာတွင် ရယူ လေ့လာနိုင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇)
ဤနေရာတွင် ရယူ လေ့လာနိုင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)
ဤနေရာတွင် ရယူ လေ့လာနိုင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
ဤနေရာတွင် ရယူ လေ့လာနိုင်ပါသည်။
Tuesday, April 16, 2013
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ
(၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၃။)
၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက်
(၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၁ဝ ရက်)
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
ပြစ်မှုဆိုင်ရာဥပဒေ
ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇ၀တ်ဥပဒေ) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် ဥပဒေပြု အာဏာပိုင်က ပြည်သူအချင်းချင်း ကျင့်သုံးလိုက်နာရန်၊ နိုင်ငံအတွင်း၌ နေထိုင်သည့် ပြည်သူများ အား လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ ဇာတ် ခွဲခြားခြင်းမပြုဘဲ ဆောင်ရန် ရှောင်ကြဉ်ရန် သတ်မှတ်ထား သည့် ဥပဒေများ၊ နည်းဥပဒေများဖြစ်၍ ထိုဥပဒေများ၊ နည်းဥပဒေများကို မလိုက်နာ မဆောင်ရွက် ပါက ပြစ်ဒဏ်ကို သတ်မှတ်ပေးသည့် ဥပဒေကို ခေါ်ဆိုခြင်းဖြစ်သည်။
          ပြစ်မှုဆိုင်ရာဥပဒေတွင် ပြစ်မှု (ရာဇ၀တ်မှု)များ၏ အဓိပ္ပာယ် ပြစ်မှု (ရာဇ၀တ်မှု) မြောက် စေမည့် အင်္ဂါရပ်များကို သတ်မှတ်ဖော်ပြချက်များနှင့် ပြစ်မှု (ရာဇ၀တ်မှု) များကို ကျူးလွန်ခဲ့သော်
ကျခံရမည့် ပြစ်ဒဏ်ပြဌာန်းချက်များ ပါရှိပေသည်။
ရှေ့နေများသို့ မှာကြားချက် (အေဗရာဟမ် လင်ကွန်း)
အေဗရာဟမ် လင်ကွန်း
ရှေ့နေများသို့ မှာကြားချက်
၁၈၅၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်ဝန်းကျင်
ကျွန်ုပ်သည် ပြည့်စုံအောင်မြင်လှသော ရှေ့နေတစ်ဦးမဟုတ်ပါ။ ယင်းလုပ်ငန်းနှင့် ပတ်သက်၍ ကျွန်ုပ်အနေဖြင့် မအောင်မြင်မှုများရှိသည့်နည်းတူ အတန်အသင့် အောင်မြင်ခဲ့ မှု များရှိခဲ့ပါသည်။ အများက ရှေ့နေ (lawyer) ဟု ခေါ်တွင်ခြင်းခံနေရသူတစ်ဦးအတွက် အဓိက နည်းဥပဒတစ်ရပ်မှာ လုံ့လ၀ီရိယကြီးမားမှုဖြစ်ပါသည်။ ယနေ့လုပ်လျှင် ပြီးနိုင်သည့် အလုပ်ကို မနက်ဖြန်အထိ ချန်မထားပါနှင့်။ စာရွက်စာတမ်း ပေးပို့မှုတွင် နောက်မကျပါစေ နှင့်၊ လက်ထဲတွင်ရောက်လာသည့် အလုပ်ကို မဖြစ်မနေပြီးအောင်လုပ်ထားပါ။ တရားစွဲဆို ရန်ရှိလျှင် အချက်အလက် ပြည့်စုံနေပါက တရားဝင်ကြေငြာချက်ကို ချက်ချင်းရေးချလိုက် ပါ။ ဥပဒေကိုးကားစရာများ ရှိနေပါက ဥပဒေစာအုပ်များတွင် ရှာကြည့်ပါ။ အားပြုလောက် သည့်အချက်ကို မှတ်သားထားပါ။
မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ သိကောင်းစရာ
ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့  နိုင်ငံသားဥပဒေမှာ အားနည်းချက် တစုံတရာရှိနေသလား။ ဘာတွေကို ပြင်ဆင်ရေးသားဖို့ လိုအပ်နေသလဲဆိုတာတွေကို ပြည်သူ့ရေးရာ ဥပဒေကော်မရှင် ဥက္ကဋ္ဌ ဦးသန်းမောင်၊ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့ နေ ဦးမင်းလွင်ဦး တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေ့ ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ အခု မြန်မာနိုင်ငံမှာ ရှိရင်းစွဲ နိုင်ငံသားဥပဒေတွေဟာ အဓိပ္ပါယ် မရှင်းလင်းဘူးလို့ ပြောတဲ့လူကပြောတယ်။ တချို့ ကလည်း ဒါကို ရုတ်သိမ်းပြီးတော့ အသစ်ပြန်ရေးသင့်တယ်လို့ ပြောတဲ့လူက ပြောကြပါတယ်။ ဒီလို တောင်းဆိုတဲ့ အသံတွေဟာ အခုနောက်ပိုင်းမှာ ဒီတပတ်၊ နှစ်ပတ်အတွင်းမှာ ပေါ်ထွက်နေပါတယ်။ နိုင်ငံတကာက တချို့  မြန်မာ့အရေး စိတ်ဝင်စားတဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့တွေက
ဥပဒေသည်သာ အကြီးမြင့်ဆုံးတန်ခိုးအာဏာဖြစ်သည်
(The Supremacy of the Law)
          နိုင်ငံတခုအတွင်း၌ တရားဥပဒေသည် တန်ခိုးအာဏာအကြီးမြင့်ဆုံးနေရာ၌ရှိရပေမည်။ မည်သူမဆို ဥပဒေကိုကျော်လွန်၍လုပ်ကိုင်ဆောင်ရွက်ခြင်းမှန်သမျှကို မည်သည့်ဥပဒေကမျှ ခွင့်ြုပမည်မဟုတ်ပေ။ သက်ဆိုင်ရာ အာဏာပိုင်များသည် မိမိထင်ရာမြင်ရာကို လုပ်ကိုင်ဆောင်ရွက်ခွင့် အာဏာမရှိဘဲ တရားဝင် အတည်ဖြစ်နေသော ဥပဒေများနှင့်ဆီလျော်ကိုက်ညီသည့် အတိုင်းတာအရသာ လုပ်ကိုင်ဆောင်ရွက်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ- မည်သည့်ကိစ္စရပ်ကိုမဆို ဥပဒေမဲ့၊ တရားလက်လွတ်ြုပမူဆောင်ရွက်ခြင်းကို ခွင့်မပြု ဘဲ၊ ပြဌာန်းထားရှိပြီးဖြစ်သော ဥပဒေများနှင့်အညီသာလျှင်၊ မည်သူမဆို လိုက်နာ၊ကျင့်ကြံ၊ ပြုမူဆောင်ရွက်စေ ခြင်းပင်ဖြစ်ပေသည်။
          ထို့အတူ ဥပဒေဆိုရိုးစကားတခုဖြစ်သော “ဥပဒေ၏အထက်၌မည်သူမျှမရှိစေရ။ဟုဆိုသော စကား ရပ်မှာလည်း ဥပဒေသည်သာ အကြီးမြင့်ဆုံးတန်ခိုးအာဏာဖြစ်သည် ဆိုသည်ကို ထပ်တူအဓိပ္ပါယ်ဖေါ်ညွှန်းခြင်း ပင်ဖြစ်သည်။ ဥပဒေတခုကြိုပလုပ်ပြဌာန်းပြီးဖြစ်ပါက အဆိုပါဥပဒေကို ဥပဒြေုပလုပ်သူအပါအ၀င်၊ နိုင်ငံသား အားလုံးက လေးစားလိုက်နာကြရမည်ဖြစ်သည်။ အဆိုပါ ဥပဒေကိုချိုးဖေါက်ပါက ဥပဒေကြိုပသူပင်ဖြစ်စေ၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးသော အစိုးရပင်ဖြစ်စေကာမူ ဥပဒေအရသတ်မှတ်ထားသည့်ပြစ်ဒဏ်ကို ကျခံရ မည်ဖြစ်ပေသည်။ ဤသည်မှာ တရား ဥပဒေစိုးမိုးရေး၏ အဓိကနှင့်အခြေခံအကျဆုံးသော မူတရပ် လည်းဖြစ်ပေသည်။
မျှတသော တရားခွင်
နိုင်ငံတနိုင်ငံတွင် မျှတသည့် တရားခွင်နှင့် လွတ်လပ်သည့် တရားစီရင်ရေး ရှိမှသာ တရားဥပဒေစိုးမိုးမှု ရှိနိုင်မည် ဖြစ်သည်။ မျှတသည့် တရားခွင်ရှိပြီး လွတ်လပ်သည့် တရားစီရင်ရေး မရှိပြန်လျှင်လည်း တရားဥပဒေ စိုးမိုးမှု မရှိနိုင်။ ပြည်သူအများက အမှားနှင့် အမှန်ကို စစ်ဆေးစီရင်ဆုံးဖြတ်သည့် တရားရုံးက ဘက်လိုက်မှု ကင်းပြီး အမှန်တရားကို ဖော်ဆောင်နိုင်သည်ဟု ရှင်းလင်းစွာ ယုံကြည်အားကိုးမှ တရားဥပဒေစိုးမိုး၍ ရပ်ရွာ၊ အေးချမ်းသာယာမည် ဖြစ်သည်။
လူပုဂ္ဂိုလ်တဦးချင်းစီ၏ အခြေခံ အခွင့်အရေးဖြစ်သည့် အသက်ရှင်ရပ်တည်မှုနှင့် လွတ်လပ်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကာအကွယ်ပေးနိုင်မှသာလျှင် ပြည်သူများကလည်း အုပ်စိုးသူ အစိုးရအပေါ် ယုံကြည်အားကိုးမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြစ်မှုဆိုင်ရာ အမှုများကို စစ်ဆေးစီရင်သည့်အခါ မျှတသည့်တရားခွင်ကို ဖော်ဆောင်နိုင်ရန် တရားရုံးများက လိုက်နာကျင့်သုံးရမည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားရုံးများလက်စွဲ၊ တရားစီရင်ရေး ဥပဒေနှင့် အခါအားလျော်စွာ ထုတ်ပြန်သည့် တရားရုံးချုပ်၏ အမိန့်နှင့် ညွှန်ကြားလွှာများကို ထုတ်ပြန်ပြဋ္ဌာန်းထားသည်။
မတရားဥပဒေ စိုးမိုးရေး အန္တရာယ်ဘေးမှ ကင်းဝေးကြပါစေ
မဆလ ပြည်သူ့လွတ်တော်က ပြုလုပ်ပြဌာန်းလိုက်သည့် ဥပဒေများကို သော်လည်းကောင်း၊ အုပ်ချုပ်ရေး အာဏာပိုင်များက ထုတ်ပြန်သည့် ဥပဒေများကို သော်လည်းကောင်း တရားရေးအမြင်ဖြင့် ဆင်ခြင် သုံးသပ်နိုင်ခြင်း မရှိခဲ့ပါ။ ထို့ကြောင့် တပါတီ စနစ်ကို ကျင့်သုံးခဲ့သည့် မဆလခေတ် ကာလ တလျှောက်လုံး၌ ထုတ်ပြန်ခဲ့သည့် ဥပဒေအများစုသည် ပြည်သူလူထု အကျိုးစီးပွား ထက်စာလျှင် အာဏာပိုင် အုပ်ချုပ်သူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးသည့် ဥပဒေများ ဖြစ်နေကြောင်းကို တွေ့ရှိရမည် ဖြစ်သည်။ စစ်အာဏာရှင်များ ကြီးစိုးမှုအောက်တွင် တရားဥပဒေ စိုးမိုးရေး သဘောတရားများမှာ ပျောက်ကွယ် ခဲ့ရပြီးနောက်၊ ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်သော အမိန့်၊ ညွန်ကြားချက်များကိုသာ အတင်းအကြပ် လိုက်နာခဲ့ရသည်။ ထို့ကြောင့် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အခွင့်အရေးများ ကွယ်ပျောက် ဆိတ်သုဉ်းခဲ့ရသည်။ ထိုနည်းတူ ပါတီစုံ စနစ်ကို ကျင့်သုံးသည်။ (၂၀၀၈ ဖွဲ့စည်းပုံဥပဒေ၊ ပုဒ်မ ၇) ဟု ဖော်ပြသော်လည်း တပါတီ စစ်အာဏာရှင်စနစ်၏ အမွေဆိုးကို တပြားသားမှ မလျော့ဘဲ၊ ကြံ့ဖွံ့ တပါတီ အာဏာရှင်စနစ်ကို ကျင့်သုံးကာ နအဖ စစ်အုပ်စု ထုတ်ခဲ့သမျှ ဥပဒေများကို စစ်အုပ်စု တအာဏာအောက်က ဥပဒေများဖြင့် အသက်ဆက်ရန် ဥာဏ်နီ ဥာဏ်နက်တွေ ထုတ်လာပါသည်။ မဆလထက် ကြံ့ဖွံ့က ကိုးဆယ်ဆသာ၍ သောင်းကျန်း နေသည်ကို ၎င်းတို့ ထုတ်ခဲ့သမျှ စစ်ဥပဒေစနစ်၏ အထွက်ပစ္စည်းများက သက်သေ ပြနေပါသည်။
စီရင်ထုံးများက ဖော်ထုတ်ပြနေသည့် မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ရေစီးကြောင်း
ဦးမျိုး (ဥပဒေ)
၃/ မတ် ၂၀၁၀၊ ခေတ်ပြိုင်။
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ တရားရုံးချုပ် တရားသူကြီးများ၏ (၆) ကြိမ်မြောက် ကွန်ဖရင့်ကို ၁၉၉၅ ခုနှစ်တွင် တရုတ်ပြည် ဘီဂျင်းမြို့၌ ကျင်းပခဲ့ပြီးဖြစ်သည်။ ထိုကွန်ဖရင့်မှ လွတ်လပ်သော တရားစီရင်ရေးဆိုင်ရာ မူသဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ “တရားရုံးများသည် တရားစီရင်ရာ၌ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အခြားဘေးပယောဂများ၊ သြဇာလွှမ်းမိုးမှုများ မပါဝင်ဘဲ အမှုတွင် ပေါ်ပေါက်သော အဖြစ်အပျက်၊ အကြောင်းအရာနှင့် ဥပဒေပြဋ္ဌာန်းချက်အရသာလျှင် ဆုံးဖြတ်စီရင်ရမည်” ဟု ဖော်ပြပါရှိသည်။ မြန်မာနိုင်ငံမှ တရားသူကြီးချုပ်ကိုယ်တိုင် တက်ရောက်လက်မှတ်ထိုးခဲ့သည့်အတွက် ဘက်လိုက်မှု လုံးဝကင်းရှင်းရေးအတွက် အဓိကတာဝန်ရှိလာပါသည်။ နိုင်ငံတကာသဘောတူစာချုပ်စာတမ်းများ၊ ကွန်ဖရင့်ဆုံးဖြတ်ချက်များကို လေးစားလိုက်နာရန် ယနေ့အချိန်တွင် အထူးလိုအပ်ပါသည်။
တရားစီရင်ခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်အကြောင်း သိကောင်းစရာ
ရွှေချိန်ခွင်
အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ - ၂၂ ၊ ၃၊ ၂၀၁၂)
တရားစီရင်ရေးတွင်
(၁) ပြစ်မှုဆိုင်ရာအမှုများ
(၂) တရားမ ဆိုင်ရာအမှုများ ဟူ၍ နှစ်မျိုး ရှိပါသည်။
ပြစ်မှုဆိုင်ရာအမှုများမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်ပြီး တရားမဆိုင်ရာအမှုများမှာ မူကား ပိုင်ဆိုင်မှုပစ္စည်းများ၊ ငွေကြေးများနှင့် သက်ဆိုင်ပါသည်။ ပြစ်မှုဆိုင်ရာအမှုများမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်သောကြောင့် ပြစ်မှုဆိုင်ရာ အမှုများအကြောင်းကို ထဲထဲဝင်ဝင် မဟုတ်သည့်တိုင် ယေဘုယျအားဖြင့် သိထားသင့်သည်ဟု ထင်မြင်မိပါသည်။
သို့အတွက် ပြစ်မှုဆိုင်ရာအမှုများ စစ်ဆေးစီရင်ခြင်းအကြောင်းကို ဗဟု သုတအလို့ငှာ တင်ပြလိုက်ပါသည်။
ရာဇသတ်ကြီးဥပဒေ (The Penal Code) ကို အများသိပြီးဖြစ်ပါသည်။
ယခင်က ရာဇ၀တ်မှုဟု သုံးနှုန်းခဲ့ပါသည်။
ယခုအခါ ပြစ်မှုဆိုင်ရာအမှုဟု ခေါ်ဝေါ်သုံးနှုန်းလျက်ရှိပါသည်။
ပြစ်မှုဆိုင်ရာအမှုကို မည်သို့မည်ပုံ စစ်ဆေးဆောင်ရွက်ကြောင်း အကျဉ်း ချုပ် တင်ပြလိုပါသည်။
ပြစ်မှုဆိုင်ရာအမှုတွင် ပထမဦးဆုံး စတင်သည်မှာ ပထမသတင်းပေး တိုင်ချက် (First Information Report) ပင် ဖြစ်ပါသည်။
ပထမသတင်း ပေးတိုင်ချက် မည်သို့ပြုလုပ်ရကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ တွင် ပြဋ္ဌာန်းထားပါသည်။
'သတင်းပေး တိုင်ချက်ကို ရဲစခန်းမှူးထံ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်တန်းနိုင်သည်' ဟူ၍ ပြဋ္ဌာန်းထားပါသည်။
ရဲစခန်းမှူးထံ တိုင်ကြားရာတွင် တိုင်ချက်ကို ရဲတပ်ကြပ် ကြီး (စာရေး) (ယခင်အခေါ် ဂါတ်စာရေး) က ရေးမှတ်ယူပါသည်။ 
ထို့နောက် ရဲစခန်းမှူးက ကိုယ်တိုင်ဖြစ်စေ၊ ဒုရဲအုပ် တစ်ဦးဦးကိုဖြစ်စေ တာဝန်ပေးပြီး အမှုကို စုံစမ်းစစ်ဆေးပါသည်။
တရားမျှတသော တရားခွင်
အမှုစစ်ဆေးနည်းများ
ပြစ်မှုဆိုင်ရာအမှုများကိုစစ်ဆေးစီရင်ရာတွင် အကျဉ်းနည်းဖြင့် စစ်ဆေးခြင်း၊ သမ္မာန်စစ်ဆေးနည်း၊ ၀ရမ်းနည်း ဖြင့် စစ်ဆေးနည်း ဟူ၍ စစ်ဆေးနည်း ၃ နည်းရှိသည်။ ပြစ်မှုအသေးအဖွဲများကို အကျဉ်းနည်းဖြင့်စစ်ဆေး စီရင်ကြသည်။ မည်သည့်နည်းဖြင့် စစ်ဆေးစေကာမူ တရားခံအား တရားရုံး၏ရှေ့မှောက်တွင် ခုခံချေပ ခွင့် ပေးရသည်သာဖြစ်သည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင် အုပ်ချုပ်သူအစိုးရအား အကြည်အညို ပျက်အောင်လှုံ့ဆော်မှု၊ တိုင်းပြည်မငြိမ် မသက်ဖြစ်အောင် ဆူပူသောင်းကျန်းမှုစသည့် အမှုအခင်းများကို အရေးယူရာတွင် အထူးဥပဒေများဖြင့် အရေး ယူအပြစ်ပေးခြင်းမဟုတ်ပဲ၊ ပြစ်မှု ဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) တွင်ပါရှိသော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မများ ဖြင့်သာ အရေးယူခဲ့သည်ကိုတွေ့ရသည်။ ထို့အပြင် တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာ၊ လုပ်ထုံးလုပ်နည်းများ သည်လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များ အတိုင်းသာ လိုက်နာဆောင်ရွက်ခဲ့သည်။
သက်သေပြရန်တာဝန် လွှဲပြောင်းကျရောက်ခြင်း
ပြစ်မှုဆိုင်ရာမှုခင်းများတွင် တရားလို သို့မဟုတ် စွပ်စွဲသူဘက်မှ  လုံလောက်သော သက်သေခံအထောက် အထားများ တင်ပြရန် အစဉ်တစိုက်တာဝန်ရှိသည်။ သက်သေအထောက်အထား အခိုင်အမာမတင်ပြနိုင်ပါက တရားခံအား အမှုမှလွှတ်ရန်သာ ရှိသည်၊၊ အထူးဥပဒေတွင်မူ ထိုသို့မဟုတ်။ အခိျု့သော အထူးဥပဒေများတွင် သက်သေပြရန်တာဝန်သည် တရားခံဖြစ်သူအပေါ် လွှဲပြောင်းကျရောက်နေသည်။
ရှေ့နေ ရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာ
စတုတ္ထမဏ္ဍိုင်ကြီးအထိုက်အလျောက် လွတ်လပ်ခွင့်ရလာသည့်အချိန်တွင် တရားစီရင်ရေးတွင် ပါဝင်ဆောင်ရွက် သောရှေ့နေရှေ့ရပ်တို့၏ အကြောင်းကို မိမိတို့ရှုထောင့်မှ မြင်တွေ့ရသည့်အတိုင်း ရေးသားဖော်ပြလာကြသည်ကို တွေ့မြင် လာရပါသည်။ ရှေ့နေရှေ့ရပ်တို့သည် နိုင်ငံဝန်ထမ်းများမဟုတ်သော်လည်း တရားစီရင်ရေးတွင် တရားမျှတမှန်ကန် မှုပေါ်ပေါက်ရန်အတွက် တရားသူကြီး၊ ဥပဒေအရာရှိတို့ကဲ့သို့သော နိုင်ငံဝန်ထမ်း များနှင့်အတူဆောင်ရွက်ကြသည့် တရား ရုံးအရာရှိများဖြစ်ကြပါသည်။ ထိုသို့တရား ရုံးအရာရှိများအဖြစ် ဆောင်ရွက်ကြသူ များဖြစ်၍ ““ရှေ့နေရှေ့ရပ်များ၏ ကျင့် ၀တ်သိက္ခာများ၊ တာဝန်များ”” ကိုလိုက် နာကျင့်သုံးကြရပါသည်။ ယင်းကျင့်ဝတ် သိက္ခာများ၊ တာဝန်များကို ဖောက်ဖျက် ခဲ့လျှင် သတိပေးခံရခြင်း၊ ရှေ့နေအဖြစ် မှ နှစ်အပိုင်းအခြားဖြင့် ရပ်စဲခံရခြင်း၊ ထုတ်ပယ်ခံရခြင်းတို့အဖြစ် အပြစ်ပေးခံ ရပါသည်။ ယခုအခါရှေ့နေရပ်များ များ ပြားလာသည့် အတွက်ယခင်တရားရုံးချုပ် ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ- ၁၅(က) အရနည်းဥပဒေဖြင့် ပြဌာန်းခဲ့ သောရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ် သိက္ခာများ၊ တာဝန်များနှင့် အခွင့်အရေး များစာစောင်ကို လေ့လာသင့်ပါသည်။
ရှေ့နေရှေ့ရပ်များ၏ လုပ်ငန်းသည် မွန်မြတ်သော အသတ်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်၍ များစွာသောရှေ့နေကြီး များသည် မိမိတို့၏ မွန်မြတ်သော ရှေ့နေရှေ့ရပ် လုပ်ငန်းတာဝန်များကို ရိုသေလေးစားလျက် စောင့်စည်းလိုက်နာ အပ်သော ကျင့်ဝတ်သိက္ခာများကိုစောင့် စည်းလိုက်နာခဲ့ကြကြောင်း၊ အထက်ပါ စာစောင်တွင် ဖော်ပြခဲ့ပါသည်။ တရားရုံး တွင် လက်တွေ့ဆောင်ရွက်ရာ၌ ရှေ့နေ ရှေ့ရပ်တို့ သတိထားဆောင်ရွက်ရမည့် ကျင့်ဝတ်သိက်္ခာများ၊ တာဝန်များမှ အချို့ ကိုထုတ်နှုတ်တင်ပြလိုပါသည်။
ယနေ့လူကုန်ကူးမှု
နိုင်ငံတကာ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ အဖွဲ့အစည်း (International Organization for Migrantion,IOM)၏ ကိန်းဂဏန်းများအရ လူကုန်ကူးခံရသည့် ကလေးများကို ကူညီသည့် အရေအတွက်သည် ၂၀၁၁ ခုနှစ်အတွင်း ၂ç၀၄၀ ဦးထိ တိုးတက်များပြားလာခဲ့သည်။ ၂၀၀၈ ခုနှစ်ကဆိုလျှင် ကလေးငယ် ၁ç၅၆၅ ဦးအား ကူညီပေးခဲ့သဖြင့် ကူညီမှုနှုန်း မြင့်တက်လာခဲ့သည်။ ထိုအဖွဲ့အစည်းသည် ၉၁ နိုင်ငံတွင် ၈၉ ဖွဲ့ ဖွဲ့စည်းအလုပ်လုပ်နေရာ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူး ခံနေရသူ အရွယ်ရောက်သူ ၃ç၀၁၂ ဦးမှ ၃ç၄၀၄ ဦးထိ တိုးပွားမြင့်တက်စွာ အကူအညီပေးခဲ့ကြရသည်။ ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းမြင့်တက် အကူအညီပေးခဲ့ကြသည်။ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးများ၏ အကူ အညီပေးသည့် အရေအတွက်မှာမူ ၂၀၀၈ ခုနှစ်က ၃,၄၀၄ဦး အကူအညီပေးခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင်လည်း အရေအတွက် သိသိသာသာ မြင့်တက်လာခြင်းမရှိ ၃,၄၁၅ ဦးကို အကူအညီပေးခဲ့ကြရသည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အစီရင်ခံစာ တင်ပြခြင်း
ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယခု  တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရန် ဖြစ်ပါတယ်။ အစီရင်ခံစာ တင်ပြဖို့ သက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌအား ဖိတ်ခေါ်ပါတယ်။
သူရဦးအောင်ကို (ဥက္ကဋ္ဌ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ)။        ။ လေးစားအပ်ပါတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်‌သည်တော်များ အားလုံး  ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းသာစွာဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို သယ်ပိုး ထမ်းရွက်နိုင် ကြပါစေလို့ ဆုမွန်ပြုပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကို ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ကော်မတီရဲ့ ကိုယ်စား  တင်သွင်းမှာ ဖြစ်ပါတယ်။
စာချွန်တော် အမိန့်လျှောက်ထားမှု ဆိုင်ရာ ကန့်သတ်ချက် အချို့ကို ပြင်ဆင် ပယ်ဖျက်ပေးပါရန် အဆို တင်သွင်း
သူရဦးအောင်ကို(ကန်ပက်လက်မဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများ၊ ဧည့်သည်တော်များ ကာယစိတ္တသုခ အဖြာဖြာနှင့် ပြည့်ဝကြ ပါစေကြောင်း ဆုမွန်တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို ဖြစ်ပါတယ်။ ကျွန်တော်တင်သွင်းမည့်အဆိုက တော့ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရဲ့ စာချွန်တော် လျှောက်ထားမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်း များအနက် အပိုဒ် ၄၄၊ ၄၇၊ ၆၁ ပါ ကန့်သတ်ချက်များကို ပြင်ဆင် ပယ်ဖျက်ပေးရန် အဆို ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ The Constitution is the Law of the Laws and nobody is supreme ဆိုထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အထက်မှာ မည်သူမှ မရှိစေရပါ။ နိုင်ငံသားများ ကို ၎င်းအခွင့်အရေးကာကွယ်ရန် အခြေခံဥပဒေက အထူးအခွင့်အရေး အဖြစ်နဲ့ စာချွန်တော် လျှောက်ထား ပိုင်ခွင့်ပေးထားပါတယ်။ ဒါကြောင့် နိုင်ငံသားတို့ရဲ့ အခွင့်အရေး အကာအကွယ် ပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အခြေခံဥပဒေက စာချွန်တော် အမိန့်ထုတ်ဆင့် ခွင့်ကို အထူး အာဏာတစ်ရပ် အဖြစ်နဲ့လည်း အပ်နှင်းထားတာ တွေ့ရှိရပါတယ်။
တရားခံဖြစ်သွားသော တရားသူကြီး
မောင်မောင်သောင်းမြင့် (တရားရေး)
အတွဲ ၂၉ ၊ အမှတ် ၅၆၉ (၁၈ - ၂၄ ၊ ၅ ၊ ၂၀၁၂)
ဒီအကြောင်းတွေကို တွေးမိတိုင်း ရင်နင့်အောင် ခံစားရပါသည်။
ကျွန်တော် အခုဖော်ထုတ်မယ့် အဖြစ်အပျက်တွေဟာ အဖြစ်မှန်တွေပါ။မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာ စေလိုမှု စိုးစဉ်းမျှ မပါရှိပါ။ 
ကျွန်တော့ဘ၀နဲ့ ယှဉ်တွဲဖြစ်ပျက်ခဲ့တဲ့ သမိုင်းမှတ်တိုင်တွေထဲမှ သင်ခန်းစာယူကြပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့အတွေးအခေါ်တွေနဲ့ ကျွန်တော်တို့နိုင်ငံတော်ကြီး တိုးတက်အောင်ဆောင်ရွက်နိုင်ကြဖို့ ‘စေတနာ’နဲ့ ရင်ဖွင့်တာပါ။ 
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလနေ့ တစ်နေ့ကပေါ့။ အဲဒီတုန်းက ကျွန်တော်က ပုသိမ် အနောက်မြို့နယ် တရားရေး ဦးစီးမှူးပေါ့ဗျာ။ ၁၉၇၃ ခုနှစ်မှာ တရားရေးဝန်ထမ်း စဖြစ်တယ်ဆိုတော့ လုပ်သက် ၁၅ နှစ် ရှိပါပြီ။
အခြေခံဥပဒေ ခုံရုံး အရှုပ်တော်ပုံ
အခြေခံဥပဒေခုံရုံး အရှုပ်တော်ပုံဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့ ဦးရွှေမန်း ဦးစီးတဲ့ လွှတ်တော်ကြား အားပြိုင်တဲ့ ပွဲလား (ဓာတ်ပုံ – ဧရာဝတီ)
လွှတ်တော် အသီးသီးမှာ ဖွဲ့စည်းထားတဲ့ ရေးရာ ကော်မတီတွေ၊ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် သတ်မှတ် မပေးခဲ့တဲ့  နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေကို အမျိုးသားလွှတ်တော်က စွပ်စွဲပြစ်တင်မှု ပြုလုပ်တော့ မယ် လို့ သိရပါတယ်။
လွှတ်တော်ဆိုင်ရာ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် သတ်မှတ်လို့ မရဘူးလို့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းမှာ အဲဒီ ခုံရုံး အဖွဲ့ကို ပယ်ဖျက်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေ က နှစ်ကြိမ် အထိ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့နုတ်ထွက်ပေးရန် ကိုယ်စားလှယ် ၃၀၀ ကျော် တောင်းဆို
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော် စုပေါင်းလက်မှတ်ထိုး တင်ပြတဲ့အပေါ် ဩဂုတ်လ ၂၁ ရက်ထိ သည်းခံစောင့်ကြဖို့ ဒီနေ့လွှတ်တော်ထဲမှာ လွှတ်တော်ဥက္ကဋ္ဌက မေတ္တာရပ်ခံလိုက်ပါတယ်။
ဦးသိန်းညွန့်
လွှတ်တော်ကော်မတီများဟာ  ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေက ဒုတိယအကြိမ် လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြတာပါ။
ပထမအကြိမ်တောင်းဆိုတုန်းက သမ္မတက ကြားဝင်ညှိနှိုင်းပေးမယ် ဆိုတဲ့အတွက် စောင့်ဆိုင်းခဲ့ကြပေမယ့် ပြေလည်မှုမရတဲ့အတွက် ဩဂုတ်လ ၈ ရက်မှာ ထပ်မံ တောင်းဆိုလိုက်ကြတာပါ။
လွှတ်တော်၊ ခုံရုံး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
လွှတ်တော်နဲ့ခုံရုံး ဖြစ်တဲ့ပွဲက တော်တော်ကြမ်းတဲ့ပွဲလို့ ပြောရမှာပဲ။ဒါဟာနိဒါန်းအစသာဖြစ်ပါတယ်။ နောက်ထပ် ဒီထက် ကြမ်း မယ့်၊ ရမ်းမယ့်ပွဲကြီးပွဲကောင်းတွေလာဦးမယ်လို့ မျှော်လင့်ထားကြရပါလိမ့်မယ်။
 တစ်နှစ်သက်တမ်းကျော်ရုံမျှသာရှိသေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ရဲ့ မွေးရာပါပြဿနာများရဲ့ ပွဲဦးထွက်ထကြွမှုတွေ သာဖြစ်ပါတယ်။ဒီလိုပွဲတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ  ရုံးတစ်လုံး ဓါးတစ်စင်း အပိုင်စားရထားကြသူတွေရဲ့ အာဏာပါဝါ ပြိုင်ဆိုင်ကြတဲ့ပွဲ၊ အားစမ်းကြတဲ့ပွဲတွေလည်းဖြစ်ပါတယ်။ တကယ်တော့ ဒီပွဲက ဒုတိယပွဲလို့ပြောရမှာပါ။
ဥပဒေ က ဥပဒေ ပါပဲလေ
ကိုယ့်အဖေအကြောင်းရေးရမှာဆို တော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းဆို သလိုပေါ့။ ဒါပေမဲ့ အဖေကလည်း ဆုံးသွား  ရှာပြီဖြစ်တဲ့အတွက် ပြဿနာတော့မဖြစ် နိုင်တော့ဘူးဆိုတာကတစ်ချက်၊ နောက် တစ်ချက်က ကျွန်တော်တွေ့ကြုံခဲ့ရတာနဲ့ အဖေလုပ်ခဲ့တာနဲ့ တူညီခဲ့တာက တစ်ကြောင်း၊ အကြောင်းကြောင်းတွေ ကြောင့် ရေးဖြစ်တယ်ပဲဆိုကြပါစို့ဗျာ။
ဖြစ်ပျက်ခဲ့တဲ့ကာလက (၁၉၆၈) ခုနှစ်လောက်ကပေါ့ ကျွန်တော် (၁၂)နှစ် (၁၃)နှစ်အရွယ်မှတ်နိုင်သားနိုင်တဲ့ အရွယ်  မှာဖြစ်ခဲ့တာဖြစ်လို့ မှတ်သားမိနေတာပါ။ ကျွန်တော်တို့မြို့ကတောမြို့လေးပါ။ ကျွန်တော့်အဖေက အဲဒီတောမြို့လေးရဲ့ ရပ်ကွက်တစ်ခုက ရပ်ကွက်လူကြီး၊ ရပ်ကွက်  လူကြီးဆိုတာက ရာအိမ်မှူးလား၊ ဆယ် အိမ်မှူးလားဆိုတာကိုတော့ ကျွန်တော် ခွဲခွဲခြားခြားမသိခဲ့ပါဘူး။ ဒါပေမဲ့ မင်္ဂလာ ဆောင်တွေမှာ မင်္ဂလာစကားပြောပေးရ တာ၊ လင်မယားရန်ဖြစ်ရင် ဆုံးမပေးရ တာ၊ စေ့စပ်ပေးလို့မှမရရင်လည်း တရား ရုံးပို့ပေးရတာ၊ လယ်မြေအရောင်းအ၀ယ် ကိစ္စတွေမှာ သက်သေလိုက်ပေးရတာ၊ ရပ်ကွက်ထဲကို ဖဲဝိုင်း၊ ကြက်ဝိုင်း၊ အရက် ပုန်းအိမ်တွေကို ရဲတွေကဖမ်းချင်ရင်အဖေ ကရပ်ကွက်လူကြီးအနေနဲ့ သက်သေလိုက်  ပေးရတာဆိုတော့ တောမြို့လေးမှာတော့ ဦးမြအောင်ကြီး၊ ဦးမြအောင်ကြီးဆိုပြီး လူတွေက တော်တော်လေးစားကြတာ။ ရဲတွေကရောဆိုပါတော့။
အမျိုးသမီးအခွင့်အရေးနှင့် ဥပဒေ
မန်မာပြည်မှာ အမျိုးသမီးတွေအတွက် ကာကွယ်ပေးထားတဲ့ ဥပဒေတွေ ဘယ်လောက်ရှိပါသလဲ၊ ဘယ်လို အကာအကွယ် ပေးထားပါသလဲ။
ဒေါ်မိုးမိုး- မြန်မာပြည်မှာ အမျိုးသမီးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဥပဒေဆိုတာ သိပ်မရှိပါဘူး။ အထူးသဖြင့် အမျိုးသမီး လိင်အလုပ်သမတွေဟာ အဓိက လိင်ကိစ္စနဲ့ ပတ်သက်ပြီး အများဆုံး အနိုင်ကျင့်ခံနေရပါတယ်၊ အဓိက မြန်မာပြည်ရဲ့ အမျိုးသမီးတွေအတွက် လိင်ကိစ္စနဲ့ပတ်သက်ပြီး ထိရောက်တဲ့ ကာကွယ်ပေးမှုပေးဖို့ ထုတ်ထားတဲ့ ဥပဒေကတော့ ရာဇသတ်ကြီး ဥပဒေမှာဆိုရင်..
၁။ အမျိုးသမီးများအား အနိုင်အထက် မုဒိမ်းကျင့်ရန် အကြံနှင့် လက်ရောက်ခြင်းနှင့် ကာမရာဂစိတ်ကို ဓမ္မတာအတိုင်း မဟုတ်ပဲ ရောင့်ရဲအောင် ပြုရန်အကြံနှင့် လက်ရောက်ခြင်းတို့ကို ကျူးလွန်သူအား သေသည်အထိ ခုခံကာကွယ်ပိုင်ခွင့်။
၂။ အမျိုးသမီးကာအိနြေ္ဒကို ပျက်စီးစေမှု။
၃။ အသက် ၁၆ နှစ်အောက် အမျိုးသမီးကို ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ လူခိုးမှု။
၎။ အတင်းအဓမ္မ ထိမ်းမြားပေးစားရန် စသည်အတွက် အမျိုးသမီးကို ခိုးယူမှု (သို့) သွေးဆောင်ဆွဲခေါ်ယူမှု (သို့) သွေးဆောင်မှု။
၅။ ကာမပွဲစားအဖြစ် အရွယ်မရောက်သေးသော မိန်းကလေးကို ရှာပေးခြင်း။
၆။ နိုင်ငံခြားမှ မိန်းကလေးကို နိုင်ငံအတွင်း တင်သွင်းမှု။
၇။ အပြင်းအထန် နာကျင်စေခြင်း။ ကျွန်ပြုခြင်းတို့ကို ခံစေရန် လူခိုးမှု (သို့) သွေးဆောင်ခေါ်မှု။
၈။ အရွယ်မရောက်သေးသူကို ပြည့်တန်ဆာကိစ္စ စသည်များအတွက် ရောင်းဝယ်ခြင်း (၁။ ပြည့်တန်ဆာကိစ္စအလို့ငှာ အရွယ်မရောက်သေးသူကို ရောင်းမှု၊ ၂။ ပြည့်တန်ဆာကိစ္စ အလို့ငှာ အရွယ်မရောက်သေးသူကို ၀ယ်မှု)။
၉။ မုဒိမ်းမှု။
၁၀။ ဓမ္မတာနှင့် ဆန့်ကျင်သော ပြစ်မှု။
၁၁။ လိမ်လည်မှု။
၁၂။ ရာဇ၀တ်ထိုက်သင့်သော ပြစ်မှုကို ကျူးလွန်ရန် ညဥ့်အချိန် အိမ်ကျော်နင်းမှု။
၁၃။ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုများ။
၁၄။ မိန်းမတို့ ကာအိနြေ္ဒကို စော်ကားရန် ရည်ရွယ်သော (သို့) ကိုယ်အမူအယာ (သို့) ပြုလုပ်မှုပြုခြင်း။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို တိကျစွာ သတ်မှတ်၍ ဥပဒေ၊ နည်းဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စု လွှတ်တော်သို့ ဆောလျင်စွာ တင်သွင်းရေး နှင့် စပ်လျဉ်းသည့် အဆိုကို တင်သွင်း
ဒေါ်နန်းဝါနု (ကွန်ဟိန်း မဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စား လှယ်တော်ကြီးများ၊ ဧည့်သည်တော်များ ရှင့်။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်မကတော့ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနု ဖြစ်ပါတယ်ရှင်။ ကျွန်မ တင်သွင်းမယ့် အဆိုကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄ (ဃ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို တိကျစွာ သတ်မှတ်၍ ဥပဒေ၊ နည်းဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စု လွှတ်တော်သို့ ဆောလျင်စွာ တင်သွင်းရေး ပြည်ထောင်စု အစိုးရအား မေတ္တာရပ်ခံ တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်ရှင်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အစီရင်ခံစာ တင်ပြခြင်း
ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယခု  တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရန် ဖြစ်ပါတယ်။ အစီရင်ခံစာ တင်ပြဖို့ သက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌအား ဖိတ်ခေါ်ပါတယ်။
သူရဦးအောင်ကို (ဥက္ကဋ္ဌ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ)။        ။ လေးစားအပ်ပါတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်‌သည်တော်များ အားလုံး  ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းသာစွာဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို သယ်ပိုး ထမ်းရွက်နိုင် ကြပါစေလို့ ဆုမွန်ပြုပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကို ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ကော်မတီရဲ့ ကိုယ်စား  တင်သွင်းမှာ ဖြစ်ပါတယ်။
နိဒါန်း
ပြည်သူ့လွှတ်တော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၅ (က)နှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄ နှင့် ၂၇ တို့အရ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကိုယ်စားလှယ် ၁၅ ဦး ဖြင့် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ လုပ်ငန်း တာဝန် များကို အမိန့်ကြော်ငြာစာအမှတ် ၂၄/၂၀၁၁ ဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ကော်မတီသည် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး မကျင်းပ မီကာလအတွင်း ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးတို့မှ ပေးပို့လာသော တိုင်ကြားစာ အမှုတွဲများနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ အစီရင်ခံစာ ပြုစု တင်ပြရခြင်း ဖြစ်ပါတယ်။
ကော်မတီ၏ တာဝန်များ
ကော်မတီသည်-
တရားဥပဒေ စိုးမိုးရေးကို တကယ်လိုချင်ပါလျှင်
တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ ခေတ်မီတိုးတက်သော ဒီမိုကရေစီ နိုင်ငံရေး အတွေးအခေါ် များ ပေါ်ပေါက်လာသည့်အခါ အမြင်သစ်များ ရရှိလာသည်။ သက်ဦးဆံပိုင် အာဏာရှင်ဝါဒဖြင့် မတရားအုပ်ချုပ်မှု သို့မဟုတ် မင်းမဲ့စိုးမဲ့ အခြေအနေနှင့် ဆန့်ကျင် လျက် ပြည်သူလူထု အနေဖြင့်ဖြစ်စေ၊
လူပုဂ္ဂိုလ်များအနေဖြင့်ဖြစ်စေ၊ ထိုသူတို့ ပိုင်ဆိုင်သည့် ပစ္စည်း ဥစ္စာများ အနေဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ မတရားပြုမူဆောင်ရွက်ခြင်းကို မခံထိုက်စေရဟူ၍ဖော်ထုတ်လာကြသည်။
မြန်မာနိုင်ငံ၏ ဥပဒေစနစ်
တရားဥပဒေစိုးမိုးရေး နောက်ခံသမိုင်းအကျဉ်း
သမိုင်းဦးဘုံမြေခေတ်မှစ၍ ဥပဒေဆိုသည့် သဘောတရားများရှိလာခဲ့သည်။ ရှေ့ယခင်က လူသား များသည် မိသားစုတစ်စုတည်းသာ စုစည်းနေထိုင်ကြပြီး၊ မိသားစုမှတစ်ဆင့် မျိုးနွယ်စုများ၊ မျိုးနွယ်စုများမှ တစ်ဆင့် ဆွေမျိုးစုများ၊ ဆွေမျိုးစုမှတစ်ဆင့် လူမျိုးစုများ ထိုမှတစ်ဆင့် နောက်ဆုံး လူ့ဘောင်အဖွဲ့အစည်း အထိ အသွင်ပြောင်းလဲလာခဲ့သည်။ ထိုခေတ်တွင် လူသားတို့သည် တိရိစ္ဆာန်မွေးမြူရေးနှင့် စိုက်ပျိုးရေး
လုပ်ငန်းများကို လုပ်ကိုင်လာကြသည်။ ထိုသို့ တိုးတက်လာသည့်အလျောက် လူတိုင်းတွင် အလုပ်နှင့် ပတ်သက်သည့် တာဝန်များ ခွဲဝေလာတတ်ကြသည်။ လူသားတို့သည် စိုက်ပျိုးရေးမှရရှိလာသော သီးနှံများ၊ အမဲလိုက်ခြင်းမှရရှိလာသော အသား၊ငါးများ အစရှိသည်တို့ကို ညီတူညီမျှရရှိရန်အတွက် သူတို့ အဖွဲ့မှ ခေါင်းဆောင်အရည်အချင်းနှင့် ပြည့်စုံမည်ဟုထင်ရသည့်
တရားဥပဒေစိုးမိုးရေးကိုဘယ်လိုဖော်ဆောင်မလဲ
၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့ ပြည်သူ့လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး (၂၀)ရက်နေ့မြောက်တွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်ပေသည်။ ကော်မတီဥက္ကဋ္ဌမှာ ကော့မှုးမဲဆန္ဒနယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး အတွင်းရေးမှူးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ကြောင်း တွေ့ရသည်။ ထိုကော်မတီသည် ပြည်ထောင်စုအဆင့်ရှိ ကော်မတီဖြစ်ပြီး ကော်မတီ၏ သက်တမ်းမှာ (၁)နှစ်ဖြစ်သည်။ လုပ်ပိုင်ခွင့်နှင့်တာဝန်များမှာ -
လူမှုဖူလုံရေး အက်ဥပဒေ (မူကြမ်း)
လူမှုဖူလုံရေးအက်ဥပဒေ အာဏာတည်ခြင်း
လူမှုဖူလုံရေးအက်ဥပဒေကို ၁၉၅၄ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ၁၉၅၆ ခုနှစ်၊ ဇန်န၀ါရီလ(၁) ရက်နေ့ မှစ၍ ရန်ကုန်မြို့  မြူနီစပယ်နယ်နမိတ်နှင့် ဆင်ခြေဖုံးအရပ်ဒေသတို့တွင် အာဏာတည်ကာ အကောင် အထည်ဖော်ခဲ့ပါသည်။ လူမှုဖူလုံရေးစီမံကိန်း တိုးတက်အောင်မြင်လာသည်နှင့်အမျှ နယ်မြေဒေသများ တစ်စတစ်စတိုးချဲ့ လာခဲ့ပါသည်။
၁၉၅၄ ခုနှစ် လူမှုဖူလုံရေး ဥပဒေသည် ခေတ်ကာလနှင့် လျော်ညီမှု မရှိသဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်စေရန် လည်းကောင်း၊ နိုင်ငံတကာ ကျင့်သုံးမှုများနှင့် လိုက်လျောညီထွေ ရှိစေရန် လည်းကောင်း အသစ်ပြင်ဆင် ရေးဆွဲပြီး လွှတ်တော် အဆင့်ဆင့်သို့ တင်ပြခဲ့ရာ ၂၉.၂.၂၀၁၂ ရက်နေ့တွင် အမျိုးသား လွှတ်တော်က လည်းကောင်း၊ ၁၄.၃.၂၀၁၂ နေ့တွင် ပြည်သူ့ လွှတ်တော်က လည်းကောင်း အတည်ပြု ဆုံးဖြတ်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေကို ပြည်ထာင်စု လွှတ်တော် ဆက်လက် တင်ပြရန် စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။
နိဒါန်း
လူသားတို့သည် အခြားသောသတ္တ၀ါများထက် ဆင်ခြင်တုံတရားနှင့်ထူးခြား၍ ထက်မြက်သောအသိ တရားရှိသူများဖြစ်သဖြင့် မိမိအသက်ရှင်နေထိုင်သည့်ကာလအတွင်း ကောင်းမွန်သော လူ့ဘောင် အဖွဲ့အစည်းကို ဖန်တီးထိန်းကျောင်ြးုပပြင်နေထိုင်ကြမည်ဖြစ်ပေသည်။ မိမိတို့၏ လူ့အဖွဲ့အစည်းအတွင်း ဆင်ခြင်တိုင်းတာနိုင်စွမ်းရှိသလောက် အကောင်းဆုံးလူနေမှုဘ၀ကို အမြင့်ဆုံးမျှော်မှန်းပြီး ထိုမျှော်လင့်ချက် နှင့်လိုက်လျှောညီထွေစွာ အစဉ်အမြဲကြိုးပမ်းနေကြမည်ဖြစ်ပေသည်။ ထိုသို့သောရည်မှန်းချက်များ ပြည့်မှီ ပြည့်စုံစေရန်အတွက် နိုင်ငံရေးနှင့်လူမှု့အခွင့်အရေးတို့သည် မရှိမဖြစ်လိုအပ်ပေသည်၊၊
ဂရိတို့၏ တရားဥပဒေစိုးမိုးရေး သဘောတရား
ဂရိလူမျိုးများသည် ယနေ့ထိတိုင်အောင် အဖိုးထိုက်တန်လှသောယဉ်ကျေးမှုများ၊ ဥပဒေ စနစ်များကို ပေးခဲ့ သူများဖြစ်သည်။ ဘီစီ ၆၀၀ မှ ဘီစီ ၃၀၀ အတွင်း တိုတောင်းလှသောကာလ၌ ဂရိတို့သည် ယင်းတို့၏စွမ်းရည် ကို အသိပညာကြွယ်ဝရာ၌လည်းကောင်း၊ တရားမျှတသည့် လူနေမှုစနစ်များ ဖန်တီးရာ၌လည်းကောင်း၊ အစိုးရ ဖွဲ့စည်းရာ၌လည်းကောင်း၊ အနုပညာအရာ၌လည်းကောင်း၊ ရောင်းဝယ်မှုတွင်လည်းကောင်း၊ ထူးချွန်ပြောင် မြောက်စွာ ဖေါ်ထုတ်ဆောင်ရွက် နိုင်ခဲ့ကြပေသည်။
ဂရိနိုင်ငံသားတို့သည် မိမိတို့လူ့အဖွဲ့အစည်း၏ သမိုင်းတလျှောက်တွင် သက်ဦးဆံပိုင် ဘုရင်များ၏ အုပ်ချုပ်ပုံ စနစ်၊ မူးမတ်တစုတို့၏အုပ်ချုပ်ပုံစနစ်နှင့် နန်းလုမင်းများ၏ အုပ်ချုပ်ပုံစနစ် တို့ကိုကြုံတွေ့ခဲ့ကြရပြီးနောက်၊ ဂရိ နိုင်ငံသားတို့အဖို့တွင် အသိဉာဏ်အတွေးအခေါ်တို့သည်လည်း ရင့်ကျက်လာခဲ့သည်။ ထို့ကြောင့် နန်းလုမင်း များကို တော်လှန်ခဲ့ပြီး BC - ၆၀၀ ၏ နောက်ပိုင်းတွင် ဂရိမြို့ပြနိုင်ငံများ၌ အုပ်ချုပ်ရေးစနစ်သည် အသွင်တမျိုးဖြင့် ပြောင်းလဲလာခဲ့ပေသည်။ ဂရိ နိုင်ငံသားများသည် မိမိတို့၏မြို့ပြနိုင်ငံများ၌ အုပ်ချုပ်ရေးစနစ်သစ်ကို ထူထောင် ရာ၌ အုပ်စိုးသူ မင်းလည်းမရှိ၊ မူးမတ်ဟူ၍လည်းမရှိပဲ မိမိတို့အချင်းချင်းစုပေါင်းကာ မြို့ပြရေးရာအုပ်ချုပ်မှုကို ဆောင်ရွက်လာခဲ့ကြသည်။ ထိုအခါမှစ၍ ဂရိမြို့ပြနိုင်ငံများတွင် ဒီမိုကရေစီစနစ်သည် ပေါ်ပေါက်လာခဲ့ပေသည်။
ဥပဒေတို့၏ သဘောသဘာဝ
ရေဘုယျအားဖြင့် ဥပဒေဆိုသည်မှာ ပြည်သူလူထုလိုက်နာ ဆောင်ရွက်ရန်အတွက် နိုင်ငံ၏ သဘောဆန္ဒအတိုင်းပြုလုပ် စီမံရသော စည်းကမ်းသတ်မှတ်ချက်အစုအဝေးများဖြစ်၏။ ထိုစည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာသောသူတို့ အပေါ်၌  အစိုးရအာဏါပိုင်တို့က အပြစ်ပေးအရေးယူရခြင်း သည်။ ဥပဒေ၏သဘော သဘာဝပင်ဖြစ်ပါသည်၊၊ ဥပဒေတို့သည် စုဝေးနေထိုင်ကြသော လူသားတို့လိုက်နာရန် အမိန့်အာဏာတမျိုး ဖြစ်လေရာ ထိုအမိန့်အာဏာတို့ကို လိုက်နာကြရမည်ဟူ၍ နိုင်ငံအစိုးရအာဏာပိုင်တို့က ကြပ်မတ်၍၊ အခိုင်အမာ ပြုရလေသည်၊၊
တနည်းအားဖြင့်ဆိုလျှင် ဥပဒေများပြဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ အပြစ်ကင်းမဲ့သူကို အကာအကွယ်ပေးရန် နှင့် အပြစ်ကျူးလွန်သူကို အပြစ်ပေးရန်ပင်ဖြစ်သည်။
ဥပဒေရေးရာတွေးခေါ် မြော်မြင်မှုသဘောတရားများ နှင့် စပ်လျှဉ်း၍ Natural Law Schools ခေါ် သဘာဝဥပဒေကို အဓိကထားသော (ဂိုဏ်း) ကျောင်းတော်ကြီး များနှင့် Positive Law Schools ခေါ် လူသားတို့ပြုလုပ် ပြဌာန်းသောဥပဒေကို အဓိကထားသော (ဂိုဏ်း) ကျောင်းတော် ကြီးများပေါ်ပေါက်ခဲ့ပြီး၊ ဥပဒေရေးရာ အယူအဆများကို ၄င်းတို့၏ရှု့ဒေါင့်အသီးသီးမှ အပြိုင် အဆိုင်ဖေါ်ထုတ်ခဲ့ ကြသည်။
သဘာဝဥပဒေသဘောတရားဂိုဏ်း ပညာရှင်များက ဥပဒေဟူသည်မှာ သဘာဝတရားမျှတမှု ရရှိမှသာလျှင် ဥပဒေဖြစ်သည်။ သို့မှသာလျှင် ဥပဒေသည် ပြည့်စုံသောတရားမျှတမှု Perfect Justice ကို ပေးနိုင်မည်၊ ရနိုင် မည်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျင့်တရားဆိုင်ရာဥပဒေများ၊
တရားမျှတသော တရားခွင်
အမှုစစ်ဆေးနည်းများ
ပြစ်မှုဆိုင်ရာအမှုများကိုစစ်ဆေးစီရင်ရာတွင် အကျဉ်းနည်းဖြင့် စစ်ဆေးခြင်း၊ သမ္မာန်စစ်ဆေးနည်း၊ ၀ရမ်းနည်း ဖြင့် စစ်ဆေးနည်း ဟူ၍ စစ်ဆေးနည်း ၃ နည်းရှိသည်။ ပြစ်မှုအသေးအဖွဲများကို အကျဉ်းနည်းဖြင့်စစ်ဆေး စီရင်ကြသည်။ မည်သည့်နည်းဖြင့် စစ်ဆေးစေကာမူ တရားခံအား တရားရုံး၏ရှေ့မှောက်တွင် ခုခံချေပ ခွင့် ပေးရသည်သာဖြစ်သည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင် အုပ်ချုပ်သူအစိုးရအား အကြည်အညို ပျက်အောင်လှုံ့ဆော်မှု၊ တိုင်းပြည်မငြိမ် မသက်ဖြစ်အောင် ဆူပူသောင်းကျန်းမှုစသည့် အမှုအခင်းများကို အရေးယူရာတွင် အထူးဥပဒေများဖြင့် အရေး ယူအပြစ်ပေးခြင်းမဟုတ်ပဲ၊ ပြစ်မှု ဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) တွင်ပါရှိသော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မများ ဖြင့်သာ အရေးယူခဲ့သည်ကိုတွေ့ရသည်။ ထို့အပြင် တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာ၊ လုပ်ထုံးလုပ်နည်းများ သည်လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များ အတိုင်းသာ လိုက်နာဆောင်ရွက်ခဲ့သည်။
သက်သေပြရန်တာဝန် လွှဲပြောင်းကျရောက်ခြင်း
ပြစ်မှုဆိုင်ရာမှုခင်းများတွင် တရားလို သို့မဟုတ် စွပ်စွဲသူဘက်မှ  လုံလောက်သော သက်သေခံအထောက် အထားများ တင်ပြရန် အစဉ်တစိုက်တာဝန်ရှိသည်။ သက်သေအထောက်အထား အခိုင်အမာမတင်ပြနိုင်ပါက တရားခံအား အမှုမှလွှတ်ရန်သာ ရှိသည်၊၊ အထူးဥပဒေတွင်မူ ထိုသို့မဟုတ်။ အခိျု့သော အထူးဥပဒေများတွင် သက်သေပြရန်တာဝန်သည် တရားခံဖြစ်သူအပေါ် လွှဲပြောင်းကျရောက်နေသည်။
ဥပဒေပေါ်ပေါက်လာပုံ နောက်ခံသမိုင်းအကျဉ်း
သမိုင်းဦးဘုံမြေခေတ်မှစ၍ ဥပဒေ၏သဘောတရားများရှိလာခဲ့သည်၊၊ ရှေးကျသောလူသား မျိုးနွယ်စုတို့သည် ဆွေမျိုးအုပ်စုများ  အဖြစ်စုဝေးနေထိုင်လာရင်း မိမိတို့ဘ၀လုံခြုံမှုအတွက် တဖက်မှရန်သူများနှင့်လည်း အစဉ် အမြဲလိုပင်တိုက်ခိုက်နေခဲ့ကြရသည်၊၊ သမိုင်းဦးဘုံမြေခေတ်၏ နောက်ပိုင်းတွင် တိရိစ္ဆာန်မွေးမြူရေးနှင့် စိုက်ပျိုး ရေးလုပ်ငန်းများ  တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့သည့်အလျှောက် လူ့အဖွဲ့အစည်း၏ပုံသဏ္ဍာန်သည်လည်း ပြောင်းလဲလာခဲ့သည်။ နီးစပ်ရာဆွေမျိုး အုပ်စုအဖွဲ့အစည်းများ ပူးပေါင်းလာခြင်းဖြင့် လူမျိုးအုပ်စု များပေါ်ပေါက် လာလေသည်။ လူတဦးချင်းစီအလိုက် အလုပ်တာဝန်ခွဲဝေမှု့များသည်လည်း ဖြစ်ပေါ်လာကြပေသည်။ ထိုအခြေနေများအောက်တွင် အစုအဖွဲ့အတွင်းရှိ လူအချင်းချင်းတို့သည် ညီညွတ်စည်းလုံးကြပြီး မိမိတို့၏ အသက်မွေးဝမ်းကြောင်းအတွက် အလေ့ကျပေါက်သောအသီးအနှံများကို စုပေါင်းဆွတ်ခူးကြခြင်း၊ အမဲလိုက်၊ ငါးဖမ်းကြခြင်းနှင့် အစားအစာများကို
ရှေးဟောင်းလူ့အဖွဲ့အစည်းများနှင့် ဥပဒေ
BC ၄၀၀၀ မှ ၅၀၀၀ - အကြားတွင် အရှေ့တိုင်းအင်ပါယာများဟု ထင်ရှားခဲ့သော အာရေးဗီးယားကျွန်းဆွယ်ရှိ တီးဂရစ်နှင့် ယူဖရိတ်မြစ်ဝှမ်းနှစ်ခုကြား၌ထွန်းကားခဲ့သည့် မေဆိုပိုတေးမီးယား ပြည်၊ ဘာဘီလိုးနီးယားပြည်နှင့် အာဆီးရီးယားပြည်တို့၌၄င်း၊ အာဖရိကတိုက် အရှေ့မြောက်ပိုင်း နိုင်းမြစ်ဝှမ်းဒေသ၌၄င်း၊ တရုပ်ပြည် မြစ်ဝါမြစ် ၀ှမ်းဒေသ၌၄င်း၊ အိန္ဒိယပြည် အိန္ဒုမြစ်ဝှမ်းဒေသ၌၄င်း ယဉ်ကျေးမှု့အားဖြင့် အတည်တကျနေထိုင်ခဲ့ကြသော ရှေးဟောင်းယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြီးများထွန်းကားခဲ့ကြသည်၊၊ ယဉ်ကျေးမှုထွန်းကားလာသဖြင့် တိုင်းပြည်နိုင်ငံအား အုပ်ချုပ်မှုအရေးတွင် တိုင်းသူပြည်သားတို့ လိုက်နာဆောင်ရွက်နိုင်ရန်နှင့် အုပ်စိုးသူတို့၏ သဘောဆန္ဒနှင့်အညီ ပြည်သူပြည်သားများနေထိုင်နိုင်ရန် စည်းကမ်းနည်းလမ်းများချမှတ်၍ အုပ်ချုပ်လာခဲ့ ပေသည်၊၊
ထိုခေတ်လူသားတို့၏ နိုင်ငံရေးစနစ်ကိုလေ့လာလျှင် ဘာသာရေးယုံကြည်စွဲလမ်းမှုက ၄င်းတို့၏ လူ့အဖွဲ့စည်း တွင် အရာရာကိုလွှမ်းမိုးနေခဲ့သည်။ ဘုရားသခင်၏အစောင့်အမကို အမြဲခံယူရရှိထားသော ဘုန်းကြီး၊ ဘုရင်များ နှင့်ဘာသာရေးတာဝန်ကို ထမ်းဆောင်သော ဘုန်းကြီးများ၏ စီမံအုပ်ချုပ်မှု့အောက်၌ ယင်းတို့၏ဘ၀ကို ထိန်း ကျောင်းနေကြရသည်၊၊ ဆူမေးရီးယန်းတို့၏ စီးပွားရေးစနစ်အရ အုပ်ချုပ်သူများသည် နိုင်ငံသားများအား စည်း ကမ်းချက်သတ်မှတ်၍ လုပ်ကိုင်စေခဲ့သည်။ အဓိကထုတ်ကုန်လုပ်ငန်းများဖြစ်သည့် လယ်ယာစိုက်ပျိုးရေးနှင့် လက်မှုလုပ်ငန်းများကို အစိုးရ၏ လယ်သီးစားများ၊ လွတ်လပ်သောလယ်သမားများနှင့် လက်မှုအလုပ်သမား များ၊ ဘုန်းကြီးများ၏ အစေအပါးများနှင့် ကျေးကျွန်များကြုပလုပ်ကြရန် စည်းကမ်းသတ်မှတ်ထားပြီး၊ အထက် တန်းလွှာမှလူများက မိမိတို့လက်အောက်ရှိ အလုပ်သမား၊ လယ်သမား၊ ကျေးကျွန်တို့၏ လုပ်အားမှရရှိသော အကျိုးစီးပွားကို ခံစားခွင့်ရှိကြောင်းပြဌာန်းထားသည်၊၊ အချုပ်အားဖြင့်ဆိုသော် ဆူမေးရီယန်းတို့၏ နိုင်ငံရေး  စနစ်မှာ ဘာသာရေးအစိုးရပင်ဖြစ်ပေသည်။
ဥပဒေကိုလက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်း
   ဥပဒေကိုလက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်း   Enforcement of Law
လူတို့၏ယဉ်ကျေးမှုများ ထွန်းကားလာသည်နှင့်အတူလိုက်၍ ဥပဒေစနစ်များနှင့် ဥပဒေ များလည်း ပေါ်ပေါက်ခဲ့ပေသည်။ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမူရေးအခြေအနေအမျိုးမျိုးအောက်၌ လိုက်လျှောညီထွေရှိမည့် ဥပဒေအမျိုးမျိုးကို လူသားတိြု့ပလုပ်ပြဌာန်းခဲ့ကြပေသည်။ မည်သို့ပင် ဥပဒေစနစ်များကွဲပြားစေကာမူ၊ ဥပဒေ အမျိုးမျိုးကွဲပြားစေကာမူ ဥပဒေတခုဖြစ်ရန်အတွက်လိုအပ်သော အခြေခံအင်္ဂါရပ်များရှိရန်လိုပါသည်။ ထိုအခြေခံ အင်္ဂါရပ်များပြည့်စုံနိုင်သမျှ ပြည့်စုံလေလေ ဥပဒေ၏လေးနက်မှုပိုရှိလေဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ဥပဒေ၏အခြေခံအင်္ဂါရပ်များပြည့်စုံ နိုင်သမျှ ပြည့်စုံသည်နှင့်အမျှ ဥပဒေကိုလက်တွေ့ ကျင့်သုံးဆောင်ရွက် အကောင်အထည်ဖေါ်ရာတွင် ထိရောက်ပီပြင်မှုရှိသည်ကို တွေ့ရမည်ဖြစ်ပေသည်။
Related Posts Plugin for WordPress, Blogger...