Tuesday, April 16, 2013

ရှေ့နေ ရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာ

စတုတ္ထမဏ္ဍိုင်ကြီးအထိုက်အလျောက် လွတ်လပ်ခွင့်ရလာသည့်အချိန်တွင် တရားစီရင်ရေးတွင် ပါဝင်ဆောင်ရွက် သောရှေ့နေရှေ့ရပ်တို့၏ အကြောင်းကို မိမိတို့ရှုထောင့်မှ မြင်တွေ့ရသည့်အတိုင်း ရေးသားဖော်ပြလာကြသည်ကို တွေ့မြင် လာရပါသည်။ ရှေ့နေရှေ့ရပ်တို့သည် နိုင်ငံဝန်ထမ်းများမဟုတ်သော်လည်း တရားစီရင်ရေးတွင် တရားမျှတမှန်ကန် မှုပေါ်ပေါက်ရန်အတွက် တရားသူကြီး၊ ဥပဒေအရာရှိတို့ကဲ့သို့သော နိုင်ငံဝန်ထမ်း များနှင့်အတူဆောင်ရွက်ကြသည့် တရား ရုံးအရာရှိများဖြစ်ကြပါသည်။ ထိုသို့တရား ရုံးအရာရှိများအဖြစ် ဆောင်ရွက်ကြသူ များဖြစ်၍ ““ရှေ့နေရှေ့ရပ်များ၏ ကျင့် ၀တ်သိက္ခာများ၊ တာဝန်များ”” ကိုလိုက် နာကျင့်သုံးကြရပါသည်။ ယင်းကျင့်ဝတ် သိက္ခာများ၊ တာဝန်များကို ဖောက်ဖျက် ခဲ့လျှင် သတိပေးခံရခြင်း၊ ရှေ့နေအဖြစ် မှ နှစ်အပိုင်းအခြားဖြင့် ရပ်စဲခံရခြင်း၊ ထုတ်ပယ်ခံရခြင်းတို့အဖြစ် အပြစ်ပေးခံ ရပါသည်။ ယခုအခါရှေ့နေရပ်များ များ ပြားလာသည့် အတွက်ယခင်တရားရုံးချုပ် ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ- ၁၅(က) အရနည်းဥပဒေဖြင့် ပြဌာန်းခဲ့ သောရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ် သိက္ခာများ၊ တာဝန်များနှင့် အခွင့်အရေး များစာစောင်ကို လေ့လာသင့်ပါသည်။
ရှေ့နေရှေ့ရပ်များ၏ လုပ်ငန်းသည် မွန်မြတ်သော အသတ်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်၍ များစွာသောရှေ့နေကြီး များသည် မိမိတို့၏ မွန်မြတ်သော ရှေ့နေရှေ့ရပ် လုပ်ငန်းတာဝန်များကို ရိုသေလေးစားလျက် စောင့်စည်းလိုက်နာ အပ်သော ကျင့်ဝတ်သိက္ခာများကိုစောင့် စည်းလိုက်နာခဲ့ကြကြောင်း၊ အထက်ပါ စာစောင်တွင် ဖော်ပြခဲ့ပါသည်။ တရားရုံး တွင် လက်တွေ့ဆောင်ရွက်ရာ၌ ရှေ့နေ ရှေ့ရပ်တို့ သတိထားဆောင်ရွက်ရမည့် ကျင့်ဝတ်သိက်္ခာများ၊ တာဝန်များမှ အချို့ ကိုထုတ်နှုတ်တင်ပြလိုပါသည်။
ယခုအခါတွင် နယ်ဒေသများ၌ ရှေ့ နေတို့များပြားလာသည်မှ လွန်ခဲ့သော (၅)နှစ်(၆) နှစ်ခန့်ကရှိသည့် အရေအ တွက်ထက် (၄)ဆ (၅)ဆခန့် ဖြစ်လာခဲ့ ပါသည်။ အလုပ်သင်ရှေ့နေအဖြစ် (၁) နှစ်ဆင်းခဲ့ရာတွင် တရားသူကြီးတို့နှင့် ခင်မင်ရင်းနှီးခဲ့ကြပြီး ရှေ့နေလိုင်စင်ရလာ သည့်အခါတွင်လည်း တရားသူကြီးအ ခန်းသို့ဝင်ထွက်သွားလာပြောဆိုဆက်ဆံ ခဲ့ကြပါသည်။ တရားသူကြီးတို့ကလည်း ရှေ့နေပေါက်စများဖြစ်၍ အလိုက်အ ထိုက်ပြောဆိုဆက်ဆံကြပါသည်။ ထိုသို့ ငယ်ရွယ်သူဖြစ်၍ တရားခွင်ပြင်ပတွင် တရားသူကြီးတို့နှင့် စကားပြောဆိုဆက် ဆံပြီး အမှုကြောင်းပြောလာကြပါသည်။ ထိုသို့ပြောဆိုသည်ကို တစ်ဖက်အမှုသည် တို့တွေ့မြင်ခဲ့လျှင် အထင်အမြင်လွဲမှား စေသည့်လုပ်ရပ်ဖြစ်နေသည်ကို သတိ ထားမိဟန်မတူပါ။ ထို့ပြင် …““ရှေ့နေ ရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာပိုင်းအနေ ဖြင့်…ရှေ့နေရှေ့ရပ်များသည် မိမိ လိုက်ပါဆောင်ရွက်သောအမှုအကြောင်း အရာများကို တရားရုံးပြင်ပတွင် တရားသူ ကြီးနှင့် ဆွေးနွေးပြောဆိုခြင်းမပြုအပ် ပါ။”” ““ရှေ့နေရှေ့ရပ်များသည် တရားရုံး အားရုံးချိန်ပြင်ပတွင်သော်လည်းကောင်း၊ တစ်ဖက်ရှေ့နေ၏ မျက်ကွယ်တွင်သော် လည်းကောင်း၊ မမှန်မကန်တင်ပြပြောဆို ခြင်း မပြုသင့်ပါ။””…ဆိုသောရှေ့နေ ရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာတို့ကို ဖောက်ဖျက်ရာကျနေပါသဖြင့် ဆင်ခြင် ကြသင့်ပါသည်။
တရားရုံးတွင် အမှုစစ်ဆေးရာ၌ ရှေ့နေတို့သည် သက်သေတို့အား အော် ငေါက်စစ်မေးသည့် အလေ့အထမှာ မည်သည့်အချိန်ကစတင်ခဲ့သည်မသိရပါ။ မေးခွန်းမေးလိုက်တိုင်း…သိလား.. ဟုမေးသည့်အခါ သက်သေက..မ ဟုတ်ပါဘူး..ဟုဖြေလျှင်..ရှေ့နေက သိတယ်..မသိဘူး..ဘဲဖြေဟု အကျပ် ကိုင်ဖြေခိုင်းပြီး ငေါက်သည့်အလေ့ဖြစ် နေပါသည်။ ရှေ့နေများထိုသို့မေးသည့် အလေ့အထအပေါ် တရားသူကြီးတစ်ဦး ကသက်သေအားရှင်းပြသည်မှာ မှတ် သားဖွယ်ဖြစ်ပါသည်။ ..ရှေ့နေက.. မေးခွန်းတစ်ခုသိလား..ဟုမေးရာ တရားသူကြီးက သက်သေအား မေးခွန်း တစ်ခုကိုဖြေရင် သိတယ်၊ မသိဘူး၊ ဟုတ် တယ်၊ မဟုတ်ဘူး..ဒီ(၄)မျိုးထဲကကြိုက် တာဖြေနိုင်သည်ဟု ရှင်းပြပါသည်။ ဥပမာ လူရိုက်မှုတွင် မျက်မြင်သက်သေ ကတရားခံရိုက်သည်ကို မြင်ပါသည်ဟု ထွက်ဆိုသည်ကို တရားခံရှေ့နေက.. တရားခံကမရိုက်တာ သိလားဟုမေးလျှင် သက်သေက…မဟုတ်ဘူး၊ ရိုက်ပါ တယ်ဟုဖြေသည့်အခါ ရှေ့နေကသိ တယ်..မသိဘူးဘဲဖြေဟုပြောပြီး သက် သေကိုငေါက်လိုပါသည်။ ယခုတင်ပြ သည်ထက်ဆိုးဝါးသော အမေးများရှိပါ သေးသည်။ တစ်ဖက်ရှေ့နေမှ ကန့်ကွက် ပြီးသက်သေထွက်သည်ကို မှတ်တမ်း တွင်ပါဆိုလျှင်..သိတယ်..မသိဘူး မေးတာဖြေပါဟု ဇွတ်အကြောက်အကန် ပြောပါသေးသည်။ တရားရုံးအနေဖြင့် လည်းထိုရှေ့နေမျိုးကို တစ်ကြိမ်၊ နှစ်ကြိမ် သာသက်သေထွက်သည့်အတိုင်း မှတ် တမ်းတင်ခိုင်းပြီး မေးသည့်အကြိမ်တိုင်း ထိုသို့ဖြစ်သည့်အခါ တရားရုံးအနေဖြင့် အခါခါတိုင်းမပြောတော့ပါ။ ဥပဒေနှင့် အညီစစ်ဆေးမေးမြန်းလျှင် သက်သေ အားငေါက်ရန်လိုအပ်မည် မဟုတ်ပါ။ တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားမည် မ ဟုတ်ပါ။ ရှေ့နေတို့ အသက်မွေးလုပ်ငန်း တွင်စစ်မေးသည့် နှုတ်မှုပညာလည်းပါ ၀င်ပါသည်။ နှုတ်မှုပညာဖြင့် သက်သေ အားမငေါက်မငန်းဘဲ အောင်မြင်ကျော် ကြားသည့် ရှေ့နေကြီးများ ရှိကြပါသည်။ ခေတ်ရှေ့နေတို့သည် ထိုသို့ ဥပဒေနှင့် အညီစစ်ဆေးမေးမြန်း၍ အောင်မြင် သည့်ရှေ့နေတို့အား အတုမယူဘဲ ဥပဒေ ပညာမတတ်သည့် သာမန်ပြည်သူကို ငေါက်ငန်းမေးသည့် မှားယွင်းသောအ တုကိုယူ၍ စစ်ဆေးနေကြခြင်းဖြစ်ပါ သည်။ ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ် သိက္ခာများ၊ တာဝန်များတွင်..ရှေ့နေ ရှေ့ရပ်များသည် သက်သေအားခြိမ်း ခြောက်အော်ငေါက်၍ စစ်ဆေးမေးမြန်း ခြင်းမပြုရပါ။သက်သေအားကြိမ်းမောင်း ခြင်း၊ ကြမ်းတမ်းစွာပြောဆိုခြင်းများကို ရှောင်ရှားရပါသည်။””..ဟုပြဌာန်းထား ၍ ခေတ်လူငယ်ရှေ့နေတို့သည် သက် သေအားအော်ငေါက် ကြိမ်းမောင်း၍မေး လျှင် ရှေ့နေရှေ့ရပ်တို့၏ ကျင့်ဝတ် သိက္ခာကိုဖောက်ဖျက်ရာကျ နေကြောင်း သိရှိအပ်ပါသည်။
အမှုဖြစ်လာတိုင်းသည် ဆိုးသွမ်း၍ အကျင့်စရိုက်ပျက်ပြား၍ အမှုဖြစ်လာရ ခြင်းမဟုတ်ပါ။ မမျှော်လင့်သောအ ကြောင်းတရားတို့အရ အမှုဖြစ်လာရသူ များလည်းရှိကြပါသည်။ ပင်ကိုယ်ဓာတ် ခံစရိုက်မကောင်းသူတို့ သည်မိမိအား တရားစွဲ၍ မိမိကလည်း မိမိတရားစွဲခံရ သည့်အမှုသက်သာလို သက်သာငြား ပြန်၍ တရားစွဲလိုကြပါသည်။ တစ်ဖက် ကကျူးလွန်သည်မှာ ရဇ၀တ်ကြောင်း မဟုတ်သော်လည်း ရာဇ၀တ်ကြောင်း ဖြင့်တရားစွဲလိုကြပါသည်။ ထိုအခါရှေ့ နေက အမှုသည်အကြိုက်လိုက်၍ အမှု ပွားအောင်ပြုမူဆောင်ရွက်ပေးလျှင် ရှေ့နေရှေ့ရပ်များ၊ ကျင့်ဝတ်သိက္ခာတွင် ..““ရှေ့နေရှေ့ရပ်များသည် မလိုအပ်ဘဲ အမှုပွားအောင် မပြုလုပ်အပ်ပါ။ အမှု သည်အားလည်း တိုက်တွန်းလှုံဆော်ခြင်း မပြုအပ်ပါ။””..ဟုပြဌာန်းထား၍ ရှေ့နေ သည် ရှေ့နေရှေ့ရပ်များ ကျင့်ဝတ် သိက်္ကာဖော်ကဖျက်ရာကျမည်ဟု သတိ ပြုသင့်ပါသည်။
ရှေ့နေရှေ့ရပ်တို့သည် တရားခွင် တွင်မေးမြန်းစစ်ဆေးပိုင်သည့် အခွင့်ရသူ များဖြစ်၍ စည်းမဲ့ဘောင်မဲ့ မေးမြန်းခွင့် မရှိပါ။ ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ် သိက္ခာများတွင် ““ရှေ့နေရှေ့ရပ်များသည် အမှုနှင့် မသက်ဆိုင်သည့်အပြင် သက် သေခံဥပဒေပုဒ်မ-၁၅၁ နှင့် ၁၅၂ တို့က လည်းပိတ်ပင်ထားပြီး အမျိုးသမီးတစ်ဦး အားလူပုံအလယ်တွင် အရှက်တကွဲ အကျိုးနည်းဖြစ်စေမည့် မေးခွန်းမျိုးကို မေးမြန်းခြင်း မပြုအပ်ပါ။””..ဟုပြဌာန်း ထားပါသည်။ အမှုဆုံးဖြတ်ရန်မသတ် ဆိုင်သည့်မေးခွန်းမှာ သက်သေမအမျိုး သမီးအား အရှက်တကွဲဖြစ်စေလျှင် ရှေ့ နေလိုင်စင်ရပ်ဆိုင်းခံရသည်အထိ အရေး ယူခံရနိုင်သည်ကို သတိပြုသင့်ပါသည်။
တစ်ခါတစ်ရံတွင် အမှုသည်တို့ သည်တစ်ဖက်အမှုသည်က ငွေအား၊ လူ အားနှင့်ဖိနှိပ်သည်ဟု အထင်ရှိနေစဉ် အမှုဆုံးရှုံးသည့်အခါ အမှုတွင်ပါဝင် ဆောင်ရွက်သူတို့အပေါ် တိုင်တန်းလို ကြပါသည်။ ထိုအခါ ရှေ့နေတို့အနေဖြင့် အမှုသည်၏ အလိုလိုက်ပြီး တိုင်စာ၊ပစ် စာရေးသားပေးခြင်းမပြုလုပ်အပ်ပါ။ ရှေု့ နေရှေ့ရပ်များ၏ ကိုယ်ကျင့်သိက္ခာတွင် ..““ရှေ့နေရှေ့ရပ်များသည် မဟုတ်မမှန် လုပ်ကြံသည့် တိုင်စာ၊ ပစ်စာများရေး သားပေးခြင်း၊ ကိုယ်တိုင်လတ်မှတ်ထိုး ပေးခြင်း မပြုသင့်ပါ။..ဟုပါရှိသည့်အ တွက်တိုင်စာ။ ပစ်စာရေးသားလျှင် ကိုယ် ကျင့်သိက်္ခာ ဖောက်ဖျက်ရာကျပါမည်။ ထိုအခါတွင်..““ရှေ့နေရှေ့ရပ်များသည် ဥပဒေနှင့်အညီ အယူခံပြင်ဆင်မှုတင်နိုင် ပါလျှက် နိုင်ငံတော်အာဏာပိုင်အဖွဲ့အ စည်းများသို့ တိုင်စာရေးသားပေးခြင်းမ ပြုအပ်ပါ။”” ဆိုသောရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာအရ အမှုရှုံးလျှင် အယူခံ မှု၊ ပြင်ဆင်မှုသာ ၀င်ရောက်ပေးသင့်ပါ သည်။
လူတို့၏သဘောသဘာဝမှာ ကိုယ့်  ဆန္ဒနှင့်မတူသူကို သဘောမကျတက်ပါ။ အမှုရင်ဆိုင်ရင်း အကြောင်းအမျိုးမျိုး ကြောင့်ငှားထားသည့်ရှေ့နေကိုသဘောမ ကျတော့၍ အခြားရှေ့နေတစ်ဦးသို့ ပြောင်း၍ ငှားတတ်ပါသည်။ ထိုအခါ တစ်ချို့ရှေ့နေတို့သည် ကျန်သည့်ရှေ့နေ ခကို အဓမ္မတောင်းဆိုတတ်ပါသည်။ ရှေ့ နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက်္ခာတွင် ““ရှေ့နေခစရန်ငွေယူပြီးနောက် အမှုနှင့် ပတ်သတ်၍ မဆောင်ရွက်တော့သဖြင့် အမှုသည်ဖြစ်သူက၄င်း၏ကိုယ်စားလှယ် စာကိုပြန်လည်ရုပ်သိမ်းပေးရန် တောင်း ဆိုရာတွင် ကျန်ရှေ့နေခငွေကို အကျေ ပေးပါမှ ကိုယ်စားလှယ်စာ ရုတ်သိမ်းပေး မည်ဟု=အတင်းအဓမ္မတောင်းခံခြင်းသည်  ရှေ့နေကျင့်ဝတ်သိက်္ခာဖောက်ဖျက်ရာ ရောက်သဖြင့် သတိပြုသင့်ကြောင်း”” ““မိမိ ဆောင်ရွက်ပေးခဲ့သောလုပ်အားခများ အတွက်ထိုက်သင့်သေအခကြေးငွေကို ရယူပြီး အလွယ်တကူလိုက်လျောနှုတ် ထွက်ပေးသင့်ကြောင်း”” ပြဌာန်းထားသ ဖြင့် ရှေ့နေတို့အနေဖြင့် ကိုယ့်လုပ်အား နှင့်အချိုးညီသော အခကြေးငွေကိုသာ ယူသင့်ကြောင်း သတိပြုသင့်ပါသည်။
ပြည်ထောင်စုတရားစီရင်ရေးဥပဒေ တွင်အခြေခံမူ(၇)ချက်ရှိရာ ပြည်သူအ ချင်းချင်းနှင့်ပတ်သတ်သော အမှုကိစ္စများ ကိုဥပဒေဘောင်အတွင်း၌ ကျေအေးပြီး ပျက်စေရေး ဆိုသောအချက်ပါဝင်ပါ သည်။ ရှေ့နေတို့အနေဖြင့် အမှုသည်အ  ချင်းချင်းကျေအေးကြသည်ကို ငါ့ကိုအ သိမပေးဘဲနဲ့ မကျေအေးနဲ့ ငါသဘော တူမှကျေအေးရမည်ဟု အမှုသည်များကို ပိတ်ပင်မထားသင့်ပါ။ ပြည်သူအချင်းချင်း ကျေအေးပြီြး့ပတ်စေရန်နိုင်ငံတော်က မူဝါဒချမှတ်ပေးပါလျက် ထိုသို့အမှုသည် များကို ပိတ်ပင်တားဆီးနေလျှင်   မွန်မြတ်သောလုပ်ငန်းကို မမှန်မကန် သောမတရားသောနည်း၊ မကောင်း သောစိတ်ထားဖြင့် လုပ်ကိုင်ခြင်း ဖြစ်သ ဖြင့်ကျင့်ဝတ်သိက်္ခာနှင့် ညီညွတ်သည်ဟု ဆိုနိုင်မည်မဟုတ်ပါ။ ယင်းအ ချက်ကို ရှေ့နေရှေ့ရပ်တို့၏ ကျင့်ဝတ်သိက်္ခာများ၊ တာဝန်များနှင့် အခွင့်အရေးများတွင် ပြဌာန်းထားခြင်း မရှိသော်လည်း ပြည်သူအချင်းချင်း ကျေအေးလိုသည် များကိုရှေ့နေရှေ့ရပ်တို့ကလည်း အား ပေးသင့်ပါကြောင်း တင်ပြလိုက်ရပါ သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...