Tuesday, April 16, 2013

ဂရိတို့၏ တရားဥပဒေစိုးမိုးရေး သဘောတရား




ဂရိလူမျိုးများသည် ယနေ့ထိတိုင်အောင် အဖိုးထိုက်တန်လှသောယဉ်ကျေးမှုများ၊ ဥပဒေ စနစ်များကို ပေးခဲ့ သူများဖြစ်သည်။ ဘီစီ ၆၀၀ မှ ဘီစီ ၃၀၀ အတွင်း တိုတောင်းလှသောကာလ၌ ဂရိတို့သည် ယင်းတို့၏စွမ်းရည် ကို အသိပညာကြွယ်ဝရာ၌လည်းကောင်း၊ တရားမျှတသည့် လူနေမှုစနစ်များ ဖန်တီးရာ၌လည်းကောင်း၊ အစိုးရ ဖွဲ့စည်းရာ၌လည်းကောင်း၊ အနုပညာအရာ၌လည်းကောင်း၊ ရောင်းဝယ်မှုတွင်လည်းကောင်း၊ ထူးချွန်ပြောင် မြောက်စွာ ဖေါ်ထုတ်ဆောင်ရွက် နိုင်ခဲ့ကြပေသည်။
ဂရိနိုင်ငံသားတို့သည် မိမိတို့လူ့အဖွဲ့အစည်း၏ သမိုင်းတလျှောက်တွင် သက်ဦးဆံပိုင် ဘုရင်များ၏ အုပ်ချုပ်ပုံ စနစ်၊ မူးမတ်တစုတို့၏အုပ်ချုပ်ပုံစနစ်နှင့် နန်းလုမင်းများ၏ အုပ်ချုပ်ပုံစနစ် တို့ကိုကြုံတွေ့ခဲ့ကြရပြီးနောက်၊ ဂရိ နိုင်ငံသားတို့အဖို့တွင် အသိဉာဏ်အတွေးအခေါ်တို့သည်လည်း ရင့်ကျက်လာခဲ့သည်။ ထို့ကြောင့် နန်းလုမင်း များကို တော်လှန်ခဲ့ပြီး BC - ၆၀၀ ၏ နောက်ပိုင်းတွင် ဂရိမြို့ပြနိုင်ငံများ၌ အုပ်ချုပ်ရေးစနစ်သည် အသွင်တမျိုးဖြင့် ပြောင်းလဲလာခဲ့ပေသည်။ ဂရိ နိုင်ငံသားများသည် မိမိတို့၏မြို့ပြနိုင်ငံများ၌ အုပ်ချုပ်ရေးစနစ်သစ်ကို ထူထောင် ရာ၌ အုပ်စိုးသူ မင်းလည်းမရှိ၊ မူးမတ်ဟူ၍လည်းမရှိပဲ မိမိတို့အချင်းချင်းစုပေါင်းကာ မြို့ပြရေးရာအုပ်ချုပ်မှုကို ဆောင်ရွက်လာခဲ့ကြသည်။ ထိုအခါမှစ၍ ဂရိမြို့ပြနိုင်ငံများတွင် ဒီမိုကရေစီစနစ်သည် ပေါ်ပေါက်လာခဲ့ပေသည်။

ဘီစီ (၄၆၁-၄၃၁) ဂရိတို့၏ထင်ရှားခဲ့သော စစ်သူကြီးပေရီကလီ (Pericles) လက်ထက်မှစ၍ ဒီမိုကရေစီ ဟူ သော သဘောတရားများ ပေါ်ထွန်းလာခဲ့ပေသည်။ အုပ်ချုပ်သူအကြီးအကဲများအား အများ၏သဘောဆန္ဒအရ ရွေးကောက်တင်မြှောက်မင်းပြုစေခဲ့ခြင်းဖြစ်သည်။ ထိုသိုသော ဒီမိုကရေစီသဘောတရားအရ ဂရိမြို့ပြနိုင်ငံ ကလေးတိုင်းတွင် သမ္မတဆန်သော ဘုရင်တဦးစီ အုပ်ချုပ်သည့် စနစ်ပေါ်ပေါက်လာခဲ့သည်။
ဒီမိုကရေစီသဘောတရားကြောင့် ဂရိမြို့ပြနိုင်ငံများတွင် ဥပဒေစည်းကမ်းအရ တူညီသော အခွင့်တရားများ ရရှိနိုင်ခဲ့သည်၊၊ ဥပမာအားဖြင့် အေသင်နိုင်ငံသားစစ်စစ်ထဲမှ အသက်(၂၀)ပြည့် ပြီးသူတိုင်း ဆင်းရဲချမ်းသာ မရွေး နိုင်ငံသားအဖြစ်ခံယူနိုင်ပြီး နိုင်ငံရေးရာတို့ကို ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိခြင်း၊ မြို့ပြနိုင်ငံရှိ အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း မြို့ပြနိုင်ငံတ၀ှမ်းလုံး၏ သင်းလုံးကျွတ်လူထုစည်းဝေးပွဲကြီး (Assembly) တွင် ပါဝင်တက်ရောက်ခွင့်ရှိခြင်း စသည့်တန်းတူအခွင့်အရေးများ ရရှိခဲ့လေသည်၊၊
မြို့ပြနိုင်ငံ၏ အချုပ်အချာအာဏာပိုင် အဖွဲ့အစည်းဖြစ်သည့် လူထုကောင်စီကိုဖွဲ့စည်းရာတွင်လည်း ပြည်သူများ တိုက်ရိုက်မဟုတ်သည့်တိုင် သွယ်ဝိုက်ပြီးပါဝင်ဆောင်ရွက်နိုင်ခွင့် ရရှိခဲ့ကြသည်။ လူထုကောင်စီအား ရွေးချယ် ရာတွင် အေသင်မြို့ပြနိုင်ငံရှိ လူမျိုးနွယ်စု (၁၀)စုမှ တစုလျှင် ကိုယ်စားလှယ် (၅၀) ကျစီရွေးချယ်၍ စုစုပေါင်း ကိုယ်စားလှယ် (၅၀၀) ပါဝင်သည့် ကောင်ဝင်စီများမှာ လူမျိုးနွယ်စုအလိုက် တိုက်ရိုက်ရွေးကောက်တင်မြှောက် သောပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်။ မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ကြသည်။
လူထုကောင်စီ၏ အဓိကလုပ်ငန်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေများ တရားဥပဒေများကို ရေးဆွဲပြဌာန်းခြင်း၊ ဥပဒေ များကို အမြဲတန်းဆန်းစစ်ကာ ဥပဒေအဟောင်းများကိုရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ချမှတ်ခြင်းများပြုလုပ် ရသည်။ လူထုကောင်စီသည် မြို့ပြနိုင်ငံတွင် အချုပ်အချာအာဏာပိုင် အဖွဲ့အစည်းကြီးဖြစ်သည့်အားလျှော်စွာ တရားဥပဒေစိုးမိုးရေးအတွက် အတတ်နိုင်ဆုံးဖေါ်ဆောင်ပေးခဲ့သည်။ လူထုကောင်စီသည်၊ တရားရုံးကို စနစ် တကျ ဖွဲ့စည်းစေသည်။ တရား သူကြီးများကိုလည်းကွပ်ကဲကြီးကြပ်သည်။ တရားသူကြီးများကို ဒေသအလိုက် ရှိ လူမျိုးစု (၁၀) စုမှ တစုလျှင်(၁၀) ဦးကျ လူထုကောင်စီမှအတည်ြုပပြဌာန်းသော တရားဥပဒေနှင့်အညီ ရာဇ ၀တ်မှုများ၊ တရားမမှုများကို ဥပဒေသတ်မှတ်ချက်မူဘောင်အတွင်း တရားမျှတစွာစစ်ဆေးစီရင်ရသည်။ တရား သူကြီးများ တရားစီရင်ရာတွင် သမာသမတ်ရှိစေရေးအတွက် တရားသူကြီးများ ခန့်ထားရာတွင် လူပုဂ္ဂိုလ်၏ အရည်အချင်းကို အလေးအနက်ထား၍ ရွေးချယ်ကြသည်။ တရားသူကြီးခန့်မည့်သူသည် ဥပဒေကို လေးစား လိုက်နာသူဖြစ်ကြောင်း၊ သမာသမတ်ရှိကြာင်း၊ အဂတိတရားကင်းစင်သူဖြစ်ကြောင်း၊ စသည့် စည်းကမ်းချက် များနှင့်အညီ ရွေးချယ်ခန့်ထားခြင်းဖြင့် မှန်ကန်မျှတသည့် တရားစီရင်ရေးစနစ်ကို ဖေါ်ဆောင်ပေးခဲ့သည်၊ ၎င်းအပြင် တရားသူကြီးတဦးသည် မိမိသက်တမ်းအတွင်း အမှန်အကန်လုပ်ဆောင်ခဲ့ခြင်း ရှိမရှိကိုလည်း သက်တန်းကုန်သည့်အခါ၌ သူ့အားပြန်လည်စစ်ဆေးသည်။ တရားသူကြီးတဦး၏ မိမိတာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ပြည်သူ့ငွေကြေးကိုသုံးစွဲရာ၌မှန်မမှန်ကို အထူးခန့်ထားသောစာရင်းစစ်အဖွဲ့က အသေအခြာ စစ်ဆေးစေသည်။ ဤနည်းအားဖြင့် တရားသူကြီးများအား တဖက်မှနေ၍ လူထုနည်းဖြင့် ကွပ်ကဲချုပ်ကိုင်ထား လေရာ တရားသူကြီးလုပ်သူအဖို့ မတရားမလုပ်ဝံ့ဘဲ တရားနည်းလမ်းကျအောင်ြုပလုပ်ဆောင်ရွက်ကြရသည်။ ထို့ကြောင့် ဂရိခေတ်ပြည်သူတို့၏ ဥပဒေရေးရာအမြင်သည် တိုးတက်ကျယ်ပြန့်ခဲ့သည့်အပြင် တရားဥပဒေစိုးမိုး ၍ တရားမျှတမှုကို ဖေါ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဂရိပြည်သူတို့၏ အတွေးအခေါ်အယူအဆတွင် ကိန်းအောင်း ခဲ့လေသည်၊၊ ဂရိတို့၏ ဒီမိုကရေစီအတိုင်းအတာနှင့် ဥပဒေစိုးမိုးမှုစံချိန်စံညွှန်းတို့ကို လေ့လာသုံးသပ်လျှင် ပြည်သူတို့က တိုက်ရိုက်အုပ်ချုပ်သော ဒီမိုကရေစီထွန်းကားခဲ့သော လူပုဂ္ဂိုလ်၏တန်ဘိုးကိုလည်းကောင်း၊ လူတဦးခြင်းစီ၏ လွတ်လပ်ခွင့်ကိုသော်လည်းကောင်း လူတိုင်းလူတိုင်းနိုင်ငံအတွက် တာဝန်ရှိစွာဖြင့် ပါဝင်ဆောင်ရွက်မှုကို လည်းကောင်း၊ ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ်ပေါ် ထွန်းခဲ့သည့်နိုင်ငံသည် ဂရိနိုင်ငံသာဖြစ်သည်။ ဂရိလူ့အဖွဲ့အစည်း၏ အုပ်ချုပ်ရေးတွင် ငွေချမ်းသာသူများ၊ လယ်ပိုင်ရှင်သူဌေးများ၊ လယ်သမားများနှင့် လက်မှု အလုပ်သမားအားလုံးပါဝင်ခဲ့ကြ၏။ ထိုခေတ်တွင် လက်မှုပညာများထွန်းကားလာသဖြင့် ကျေးကျွန်များနှင့် ဆက်ဆံရေးတွင်လည်း ရှေးခေတ်ထက်စာလျှင် အတန်ငယ်ပျော့ပြောင်းလာသည်၊၊ အချို့ကျေးကျွန်များပင် ကျွန်ဘ၀မှလွတ်လပ်ခွင့် ရရှိခဲ့ကြသည်၊၊ သာမန်လွတ်လပ်သူများကဲ့သို့ ၀တ်စားဆင်ယဉ်ခွင့်ြုပလာကြသည်၊၊ ဂရိမြို့ပြနိုင်ငံ၌ နိုင်ငံခြားသားများ၊ ကျေးကျွန်များနှင့် မိန်းမများမှအပ၊ အရွယ်ရောက်ပြီးသော မြို့သားတိုင်း၊ လူတန်း စားမရွေး နိုင်ငံရေးရာတွင် တန်းတူဆက်ဆံပါဝင်နိုင်သော အခွင့်အရေးများရှိကြသည်။



ဂရိတို့၏ ဥပဒေရေးရာ သဘောတရားများကို ပညာရှင်များကသုံးသပ်ရာ၌ ဂရိတို့၏ဥပဒေသည် ရောမတို့၏ ပုဂ္ဂလိကဥပဒေကဲ့သို့ နိုင်ငံတော်သည် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်ရမည်။ နိုင်ငံသားတို့၏ အခွင့် အရေးများကို ကာကွယ်ရမည်ဆိုသည့် အယူအဆမျိုးဂရိတို့၏ အတွေးအခေါ်၌ မရှိခဲ့ဟုဆိုကြသည်။ ဂရိတို့၏ တရားဥပဒေဆိုင်ရာ အယူအဆများသည် အဆင့်ပေါင်းများစွာကျော်ဖြတ်ခဲ့ရ၏။ ဘုရင်တို့သည် ဘုရားသခင်၏ အလိုတော်အရ အုပ်ချုပ်စိုးမိုးသည်ဟူ၍ အာဏာကိုဖေါ်ထုတ်ခဲ့ကြသည်။ သို့ရာတွင် ဘုရင်စနစ်ကွယ်ပျောက်၍ မူးမတ်များအုပ်စိုးသောခေတ်တွင် မူးမတ်တို့သည်ဘုရင်များကဲ့သို့ ဘုရားသခင်ကပေးအပ်သော အခွင့်အာဏာ ဟူ၍မသုံးစွဲတော့ချေ။ မူးမတ်များသည် ရှေးရိုးစဉ်လာထုံးဓလေ့များကို ချိုးဖေါက်၍အလွဲသုံးစာြးုပလာသည့်အခါ ပြည်သူတို့က တရားဥပဒေပြဌာန်းပေးရန် တောင်းဆိုလာခဲ့ရာမှ ဥပဒေများပေါ်ပေါက်လာခဲ့ရသည်။



သို့သော် ဂရိတို့သည် ဥပဒြေုပအဖွဲ့မှ တမင်ဖန်တီးအပ်သော တရားဥပဒေမျိုးကို မည်သည့်အခါမျှ လက်ခံသူများ မဟုတ်ချေ။ အေသင်မြို့ပြနိုင်ငံတွင် ဒီမိုကရေစီထွန်းကားချိန်၌ပင်လျှင် ဥပဒေ အသစ်တခုပြဌာန်းရေးသည် အလွန်ပင်ခက်ခဲသောလုပ်ငန်းတရပ်ဖြစ်ခဲ့သည်။ နောင်သောအခါကျမှသာလျှင် တရားဥပဒေကို အစုံအလင် ပြဌာန်းရန်လိုအပ်လာကြောင်း သိမြင်လာကြသည်။ ထို့အပြင် ဥပဒေတရပ်ကို လိုလျှင်လိုသလို လူတွေက မပြောင်းလဲဖို့လိုကြောင်း ဂရိတို့သဘောပေါက်လာကြသည်။ တရားဥပဒေကိုအလေးထားလာကြသည်။ တရား စီရင်ရေးကိုလည်း ပိုမိုစနစ်တကျ အသုံြးုပခဲ့ကြသည်။ ဂရိနှင့်ရောမခေတ်တို့၏ ဥပဒေများတွင် ဥပဒေဆိုသည်မှာ နေရာဒေသအသီးသီးရှိ အားလုံးသောယောင်္ကျားနှင့် မိန်းမများအတွက် အချိန်ကာလမရွေး သက်ဆိုင်သည့် ဥပဒေ ဖြစ်ရမည်ဆိုသည့် ယူဆချက်များပေါ်ထွန်းလာခဲ့သည်။ ထိုခေတ်အချိန် အခါကပင်လျှင် တရားဥပဒေ၏ သဘောဘာဝကိုလက်ခံခဲ့ပြီး၊ ဥပဒေအရာ၌ တန်းတူညီမျှရှိစေရမည်ဆိုသည့်အယူအဆများ ပေါ်ထွန်းခဲ့သည်မှာ အမှန်ပင်ဖြစ်ပေသည်၊၊

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...