ဥပဒေပြုပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းတခုမှ
ဥပဒေတရပ်အား အတည်ဖြစ်ရန် မည်သည့် ခုနှစ်၊ လ ရက်မှ အစပြု၍ အာဏါတည်စေရမည်ဟု
ကြေညာ၍ထုတ်ပြန်သည်နှင့်တပြိုင်နက် သက်ဆိုင်ရာ ပြည်သူတရပ်လုံးက ၎င်းဥပဒေအတိုင်း
လိုက်နာကျင့်သုံးရမည်ဖြစ်သည်၊၊ အကြောင်းမှာ အဆိုပါ ဥပဒေသည်
ပြည်သူတရပ်လုံးအပေါ်၌ ထိုနေ့ မှစ၍ စည်းနှောင်အား (သို့)
အကျိုးသက်ရောက်မှုရှိသွား သဖြင့်ဖြစ်သည်။
ဥပဒေတရပ်အား ထုတ်ပြန်သည့်ရက် (အတည်ဖြစ်စေသည့် အချိန်) မှစ၍
ထိုဥပဒေအားလိုက်နာရန် ပျက်ကွက်လျှင် (သို့) ချိုးဖေါက်လျှင် အပြစ်ဒဏ်
ပေးခြင်း ခံရမည်ဆိုသည့်အချက်သည် ဥပဒေ၌ စည်းနှောင်အားရှိကြောင်း
ပြသခြင်းပင်ဖြစ်သည်။
သာမန်စည်းကမ်းချက်များ၌
စည်းနှောင်အားမရှိသောကြောင့် ဥပဒေတခုအဖြစ် ဖြစ်မလာသော်လည်း ၎င်း
စည်းမျဉ်းစည်းကမ်းများအား စည်းနှောင်အားထည့်လိုက်ခြင်းဖြင့်
ဥပဒေအဖြစ်ရပ်တည်လာကာ အားလုံးသော ပြည်သူများကတိကျစွာ
လိုက်နာကြရမည်ဖြစ်ပေသည်၊၊
ဆိုလိုရင်းမှာ
ဥပဒေတိုင်းသည် စည်းမျဉ်းစည်းကမ်းများဖြစ်သော်လည်း
စည်းမျဉ်းစည်းကမ်းတိုင်းသည် ဥပဒေ မဟုတ်ချေ။ ဥပမာအားဖြင့်
ဘာသာရေးဆိုင်ရာစည်းကမ်းချက်၊ လူမှုရေးဆိုင်ရာ စည်းကမ်းချက်၊ စီးပွားရေး
ဆိုင်ရာ စည်းကမ်းချက်၊ မိသားစုဆိုင်ရာ စည်းကမ်းချက် စသည်တို့သည်
စည်းနှောင်အားမရှိသဖြင့် ဥပဒေ မဟုတ်ချေ။ ဥပဒေမဟုတ်သဖြင့်
လိုက်နာလိုကလိုက်နာနိုင်သည် မလိုက်နာဘဲနေလိုက မလိုက်နာဘဲနေနိုင် သည်။
ထိုအဆင့်၌ စည်းကမ်းချက်များကိုမလိုက်နာသူ (သို့) ချိုးဖေါက်သူအား
ဥပဒေကိုချိုးဖေါက်သူကဲ့သို့ အပြစ်ပေးအရေးယူ၍ မရချေ။
သို့ရာတွင်
၎င်းစည်းကမ်းချက်များအား စည်းနှောင်အားထည့်လိုက်ခြင်းအားဖြင့်
ဥပဒေတရပ်ဖြစ်လာလျှင် ထိုဥပဒေကို မလိုက်နာ၍မရတော့ချေ၊ မလိုက်နာလျှင်
ပြစ်ဒဏ်စီရင်ခြင်းခံရမည် ဖြစ်သည်၊၊ ဥပမာ-“လမ်းပေါ် တွင် အမှိုက်မပစ်ရ”ဟု
သာမန်စည်းကမ်းချက်တခုကို ထုတ်ပြန်ထားသည်ဆိုပါစို့။ အဆိုပါစည်းကမ်းချက်သည်
စည်းနှောင်အားမရှိသေးသဖြင့် မလိုက်နာဘဲနေလိုက နေ နိုင်သည်။
မိမိ၏ကိုယ်ကျင့်တရားအရ လိုက်နာလိုက လည်းလိုက်နာနိုင်သည်။
သို့ရာတွင်သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတခုခုမှ၊ ထိုစည်းကမ်းချက်ကိုပင်
မလိုက်နာပါက ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု ကြေညာလိုက်သည့်အချိန်မှစ၍
အဆိုပါစည်းကမ်းချက် သည် စည်းနှောင်အား ရှိသွားပြီး ဥပဒေတရပ်ကဲ့သို့
လိုက်နာကျင့်သုံးရတော့သည်၊၊ မလိုက်နာဘဲနေလို့မရ တော့ချေ။ မလိုက်နာပါက
သတ်မှတ်ထားသော ပြစ်ဒဏ်ကိုကျခံရမည်ဖြစ်ပေသည်။
ဘာသာတရားဆိုင်ရာ
အဆုံးအမများမှာ ကျင့်ဝတ်စည်းကမ်းချက်များပင်ဖြစ်သော်လည်း စည်းနှောင်အား
မရှိသဖြင့် ဥပဒေများမဟုတ်ချေ။ တနည်းအားဖြင့်ဆိုလျှင် ဘာသာရေးဆိုင်ရာ
အဆုံးအမများသည် သက်ဆိုင် ရာဘာသာဝင်များက လိုက်နာကျင့်သုံးရန်အတွက်
သတ်မှတ်ထားသော ပညတ်ချက်၊ စည်းကမ်းများပင်ဖြစ် သော်လည်း လူတိုင်းသည်
မိမိတို့ယုံကြည်ရာဘာသာ တရားကို လွတ်လပ်စွာကိုးကွယ်နိုင်ခွင့်ရှိသည်။
မည်သည့်ဘာသာကို ကိုးကွယ်ရမည်ဟု ဥပဒေအရ သတ်မှတ်ချက်မရှိသဖြင့်
ဘာသာရေးဆိုင်ရာ အဆုံးအမ တို့သည် ဥပဒေအရ လူသားအားလုံး
အပေါ်၌စည်းနှောင်အားရှိသည်ဟု ဆို၍မရချေ။ သို့ရာတြင္အခို့်အခို့်ေသာ
နိုင်ငံများ၌ ဘာသာရေး အဆုံးအမများကိုပင် မလိုက်နာဘဲမနေရသော
စည်းကမ်းချက်များအဖြစ် သတ်မှတ် လိုက်ခြင်းအားဖြင့် စည်းနှောင်အားရှိသည့်
ဥပဒေများဖြစ်လာပြီး ထိုဘာသာတရားဆိုင်ရာ ပြဌာန်းချက်များအား ဥပဒေကဲ့သို့
မလိုက်နာလျှင်မနေရ ကျင့်သုံးရတော့သည်။
ဂျွန်အော်စတင်
က ဥပဒေသိပ္ပံပညာ နယ်ပယ်သတ်မှတ်ခြင်း ခေါင်းစဉ်ဖြင့်
ဥပဒေသိပ္ပံပညာရပ်ဆိုင်ရာသင်တန်း ပို့ချမှုများပြုလုပ်ရာ၌ ဥပဒေစစ်စစ်ဆိုသည်မှာ
လူသားတို့မလိုက်နာလျှင် မနေရသည့်အမိန့်သာဖြစ်၍ ယင်းအမိန့် မဟုတ်သောဥပဒေသည်
ဥပဒေဟုခေါ်သော်လည်း အမှန်စင်စစ် ဥပဒေစစ်စစ်မဟုတ်ဟု ဆိုထားသည်။
အော်စတင်၏ခွဲခြမ်းစိတ်ဖြာမှုအရ ဥပဒေ (၄) မျိုးရှိသည့်အနက် အမြင်အားဖြင့်
ဥပဒေဟုထင်ရသော်လည်း ဥပဒေအစစ်မဟုတ်ပဲ လူတို့နေထိုင်ပြုမူပုံဆိုင်ရာ
စည်ကမ်းချက်မျိုးကို ပုံဆောင်ဥပဒေ ဟု ခွဲခြားသတ်မှတ်ခဲ့ပြီး၊ အမှန်စင်စစ်
ပုံဆောင်ဥပဒေသည် ဥပဒေစစ်စစ်မဟုတ်ပဲ ဥပဒေအစစ်နှင့်ဆင်တူသော
စည်းကမ်းချက်များသာ ဖြစ်သည်ဟုဆိုခဲ့သည်။
အပြည်ပြည်ဆိုင်ရာဥပဒေ၏
အကျိုးသက်ရောက်မှု့ကိုလေ့လာပါက အပြည်ပြည်ဆိုင်ရာ ဥပဒေကို အပြည်ပြည် ဆိုင်ရာ
ဓလေ့ထုံးတမ်းဥပဒေနှင့် ပဋိညာဉ်ဥပဒေတို့ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ပဋိ ညာဉ်ဆိုသည်မှာ နိုင်ငံအများက အကြောင်းကိစ္စတခုခုနှင့်
ပတ်သက်၍ သဘောတူညီချက်ရယူသည့် သဘော တူစာချုပ် Convention တွင်
သက်ဆိုင်ရာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် စာချုပ် (Treaty)
အဖွဲ့ ၀င်နိုင်ငံတခုဖြစ်လာခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာဥပဒေတရပ်သည်
သက်ဆိုင်ရာနိုင်ငံအပေါ်၌ အကျိုး သက်ရောက်မှုရှိရန်အတွက် ပထမအဆင့်အနေဖြင့်
သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန်လိုပြီး
ဒုတိယအဆင့်အနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ဥပဒြေုပအဖွဲ့အစည်းက
အတည်ြုပလက်ခံကြောင်း Ratification ကျေညာရန်လိုပါသည်။ မိမိတို့နိုင်ငံအပေါ်၌
အကျိုးသက်ရောက်မှု့ (သို့မဟုတ်) စည်းနှောင်အား ရှိမှသာလျှင်
စာချုပ်ပါအချက်များကို လိုက်နာကျင့်သုံးရန်လိုပါသည်။ မိမိတို့နိုင်ငံ အပေါ်၌
စည်းနှောင်အားရှိ၊ မရှိဆိုရာ၌လည်း အဆိုပါဥပဒေအားမိမိတို့ကိုယ်တိုင်မှ
အသိအမှတ်ြုပ လက်မှတ်ရေးထိုး၍ လက်ခံအတည်ြုပမှ သာလျှင်
စည်းနှောင်အားရှိနိုင်မည်ဖြစ်သည်။
အကယ်၍
စာချုပ်တွင်လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း နိုင်ငံအများက လက်ခံ
ထားပြီးဖြစ်သည့် စာချုပ်စာတမ်းများကို
အပြည်ပြည်ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေအဖြစ် လေးစားကြရသည်ဖြစ်ပါသည်။ ဥပမာ
အားဖြင့် ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာဥပဒေကို ထိုင်းနိုင်ငံက
လက်မှတ်ထိုးထားခြင်းမရှိသဖြင့် ထိုင်းနိုင်ငံ သည် အဆိုပါဥပဒေအတိုင်း
အတိအကျလိုက်နာဆောင်ရွက်ရန်မလိုသော်လည်း၊ လေးစားလိုက်နာမြှုပရသည် ဖြစ်ပေသည်။
ညူးကလီးယားစမ်းသပ် ဖေါက်ခွဲမှုကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်
ဥပဒေကို လည်း အိန္ဒိယနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသဖြင့်
၎င်းဥပဒေသည် အိန္ဒိယနိုင်ငံအပေါ်၌ အကျိုး သက်ရောက်မှု့
စည်းနှောင်အားရှိမည်မဟုတ်ချေ။
နိုင်ငံတကာဥပဒေများသည်
လက်မှတ်ရေးထိုး၍၊ အတည်ြုပထားသော နိုင်ငံအပေါ်၌သာလျှင် စည်းနှောင်အား
ရှိပေသည်။ လက်မှတ်ရေးထိုးထားခြင်းမရှိသော နိုင်ငံအနေဖြင့်မူ ၎င်းဥပဒေ၏
အကျိုးသက်ရောက်မှု ရှိနိုင်မည် မဟုတ်ချေ။ အဆိုပါဥပဒေများကို
လက်မှတ်ရေးထိုးခြင်းမြုပသည်မှာ ထိုနိုင်ငံက ၎င်းဥပဒေကို လက်ခံလိုက်နာ
ကျင့်သုံးရန် အကြာင်းမရှိ၍ (သို့) လိုက်နာကျင့်သုံးခြင်း
မြုပလို၍ဟုဆိုရပေမည်၊၊ သို့ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏
ပင်ရင်းအခြေအမြစ်မှာ စာချုပ်စာတမ်းဖြစ်သည်ဆိုသော်လည်း၊
စာချုပ်စာတမ်းတွင်ပါဝင်၍ လက်မှတ် ရေးထိုးထားခြင်းမရှိသည့်တိုင်၊
နိုင်ငံအများက အပြည်ပြည်ဆိုင်ရာဥပဒေအဖြစ် အသိအမှတ်ြုပထားသော နိုင်ငံ
တကာစာချုပ်စာတမ်းများသည် အပြည်ပြည်ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေအဖြစ်
မှတ်ယူနိုင်သည်ဖြစ်၍ နိုင်ငံတခု သည် စာချုပ်ပါအချက်များကို
လေးစားအသိအမှတ်ပြုရန်တာဝန်ရှိပေသည်။ နိုင်ငံတကာ (သို့) အပြည်ပြည် ဆိုင်ရာ
ဓလေ့ထုံးတမ်းဥပဒေသည် အပြည်ပြည်ဆိုင်ရာဥပဒေ၏ ဒုတိယပင်ရင်း
အခြေအမြစ်ဖြစ်ပေသည်။
ပြည်တွင်းဥပဒေ
တရပ်ရပ်ကို ဥပဒေပြုပိုင်ခွင့်ရှိသည့်အဖွဲ့အစည်းမှ ထုတ်ပြန်ကြေညာရသည်။
အဆိုပါဥပဒေ ကိုလည်း တနိုင်ငံလုံးရှိပြည်သူတရပ်လုံးမှ
လေးစားလိုက်နာကျင့်သုံးနိုင်သည့် အခြေအနေတွင် ရှိရမည့်အပြင်၊
မလိုက်နာဘဲပျက်ကွက်ခဲ့လျှင်လည်း ပြစ်ဒဏ်စီရင်ခြင်းခံရမည်
ဆိုသည့်အချက်ကိုလည်း လူတိုင်းက နားလည် လက်ခံကြောင်းပေါ်လွင်မှသာလျှင်
၎င်းဥပဒေသည် စည်းနှောင်အားရှိသည်ဟုဆို၍ရပေမည်။
မြန်မာနိုင်ငံအနေဖြင့်
ဥပဒေတစ်ရပ်သည် အခြားနည်းပြဌာန်းထားခြင်းမရှိပါက ၁၉၇၃ ခုနှစ် စကားရပ်များ
အနက် အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၁၂ အရ၊
ယခုအခါနိုင်ငံတ၀ှမ်းလုံးတွင်အာဏာသက်ရောက်ပါသည်။ အခြားနည်းဖြင့်
နိုင်ငံတော်၏ဒေသတခုခု၊ ပြည်နယ်တခုခုတွင် အာဏာသက်ရောက်စေခဲ့သည့်၊ သို့မဟုတ်
သက်ရောက်စေရန်ပြဌာန်းခဲ့သည့် ဥပဒေများလည်းရှိခဲ့ပါသည်။ ထိုဥပဒေများထဲတွင်
၁၉၃၅ ခုနှစ် မြန်မာ နိုင်ငံတော် စီရင်အုပ်ချုပ်မှုအက်ဥပဒေသည် အဓိကဖြစ်ပြီး၊
ပြည်နယ်နှင့်ပြည်မခွဲခြား၍ အာဏာသက်ရောက် စေခဲ့ပါသည်။
အုပ်စိုးသူအာဏာရှင်အဆက်ဆက်တို့သည်
မိမိထုတ်ပြန်သောဥပဒေများစည်းနှောင်အားရှိရန်အတွက် ပြည်သူ လူထုအား
ခြိန်းခြောက်၍သော်လည်းကောင်း၊ အနိုင်ကျင့်ဖိနှိပ်၍သော်လည်းကောင်း
နည်းအမျိုးမျိုးကိုအသုံးပြု ကာ မိမိတို့ထုတ်ပြန်လိုက်သောဥပဒေ၊
အမိန့်များကို အတင်းအကြပ်လိုက်နာစေခြင်းအားဖြင့် ဥပဒေ စည်းနှောင် အားရှိရန်
အားထုတ်ကြသည်။ ဥပဒေများသည် တရားမျှတမှုအခြေခံပေါ်တွင်လည်းကောင်း၊ အခြေအနေ
အချိန်အခါနှင့် လိုက်လျှောညီထွေဖြစ်မှု့အပေါ်တွင်လည်းကောင်း၊ လူတန်းစားမရွေး၊
လူမျိုးဘာသာမရွေး၊ ခွဲခြားမှုမရှိဘဲလိုက်နာ
ကျင့်သုံးနိုင်သည့်အခြေအနေအပေါ်တွင်လည်းကောင်း တည်မှီပြဌာန်းမှသာလျှင်
၎င်းဥပဒေသည် စည်းနှောင်အားရှိမည်ဖြစ်သည်။ အထက်ပါအချက်များနှင့်မညီညွတ်လျှင်
၎င်းဥပဒေအား လိုက်နာကျင့်သုံးရန်အကြောင်း ပေါ်ပေါက်မည်မဟုတ်ချေ၊
ပညာရှင် Woodrow Wilson က
ဥပဒေတို့သည် ခေတ်ကာလသမယ အချိန်အခါတို့နှင့်မညီညွတ်၊ တိုင်းသူ ပြည်သားတို့၏
တိုးတက်မြင့်မားလိုသည့် စိတ်သဘောထားကိုမမီ၊ နောက်ကျန်၍နေချေက ထိုဥပဒေကို
ကျူးလွန်ခြင်းသည် ဥပဒေကိုလိုက်နာခြင်းထက်ပို၍မြင့်မြတ်သည်ဟု ဆိုခဲ့သည်၊၊
အချုပ်အားဖြင့်ဆိုလျှင်
စည်းနှောင်အားမရှိတော့လျှင်ဥပဒေသည် ဥပဒေမမည်တော့ပေ။ ဥပဒေတန်ဘိုး
မရှိတော့ချေ၊ ထိုအခြေအနေမျိုး၌ တည်ဆဲဥပဒေတရပ်သည်ပင်လျှင် သာမန်စည်းကမ်း
ချက်မျှလောက်ပင် အသုံးဝင်ချင်မှဝင်တော့မည်ဖြစ်ပေသည်။ ထို့ကြောင့်ပင်
ဥပဒေတို့သည် လက်ရှိ ဖြစ်တည်နေသော လူမှု အသိုင်းအ၀ိုင်းနှင့်
လိုက်လျှောညီထွေမှုဖြစ်စေရန်အတွက် တဖြည်းဖြည်းခြင်းဖြစ်စေ၊
အခါအားလျှော်စွာဖြစ်စေ ပြောင်းလဲလျှက်ရှိသည်ကို တွေ့ရမည်ဖြစ်ပေသည်။
ခေတ်စနစ်ပြောင်းလဲမှုနှင့် လိုက်လျှောညီထွေစွာ ပြောင်းလဲ
မှုမရှိသောဥပဒေများသည် တဖြည်းဖြည်းနှင့် စည်းနှောင်အားလျှောကျလာကာ
နောက်ဆုံးတွင် ဥပဒေအဖြစ် မည်သူကမျှအသိအမှတ်မြုပကြတော့ပေ။
ထို့ကြောင့်တချိန်တခါက လူအများလေးစားလိုက်နာခဲ့ကြသော
ဓလေ့ထုံးတမ်းဥပဒေတခိျု့ကို ယနေ့အချိန်အခါတွင်
လိုက်နာကျင့်သုံးခြင်းမရှိကြတော့သည်ကို တွေ့ရမည် ဖြစ်ပေသည်။
၂ - ၂ - ၃။ အကောင်အထည်ဖေါ်ပေးရမည့် အဖွဲ့အစည်း။ ( Law Enforcement Body )
ရေဘုယျအားဖြင့်
ဥပဒေတရပ်ကို ထုတ်ပြန်လိုက်သည့်နေ့မှစ၍ အာဏာသက်ရောက်မှုရှိသွားပြီဖြစ်၍
၎င်းဥပဒေကို အဆင့်အတန်း၊ ဘာသာ၊ လူမျိုးမခွဲခြားဘဲ တပြည်လုံးအတိုင်းတာဖြင့်
လိုက်နာကျင့်သုံးရပေမည်။ ထိုသို့လိုက်နာကျင့်သုံးနိုင်ရန်အတွက်
လိုအပ်သောအစီအမံများကို ပြုလုပ်ဆောင်ရွက်ပေးရမည်ဖြစ်သည်။ သို့မှသာလျှင်
ဥပဒေသည် သက်ဝင်လှုပ်ရှားလာမည်ဖြစ်၍ ဥပဒေ၏ အကျိုးကျေးဇူးများ
ရရှိခံစားနိုင်မည် ဖြစ်သည်။
ဥပဒေတရပ်အား
အကောင်အထည်ဖေါ်ရာတွင် ဥပဒေထိန်းသိမ်းရေးဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ အလွန်
အရေးကြီးပါသည်။ ဥပဒေထိန်းသိမ်းရေးဝန်ထမ်းဆိုသည်မှာ ဖမ်းဆီးခြင်းနှင့်
ချုပ်နှောင်ခြင်းတာဝန်တွင် ပါဝင် သူများကိုဆိုလိုပါသည်။ အထူးသဖြင့်
ရဲတပ်ဖွဲ့နှင့်သက်ဆိုင်သော အာဏာများကို ကျင့်သုံးလုပ်ကို ဆောင်ရွက် ရန်
ခန့်ထားခြင်း၊ သို့မဟုတ် တာဝန်ပေးအပ်ခြင်းခံရသော
ပုဂ္ဂိုလ်များကိုဆိုလိုပါသည်။ ထောင်မှူး၊ ထောင်ပိုင်၊
ရဲလုပ်ငန်းကိုလုပ်ကိုင်ဆောင်ရွက်သော လက်နက်ကိုင်တပ်များ သို့မဟုတ်
နိုင်ငံတော်မှခန့်အပ်ခြင်းခံရသော အထူးလုံခြုံရေး သို့မဟုတ်
ကင်းတပ်အဖွဲ့သားအားလုံးပါဝင်ပါသည်။ ၄င်းတို့နှင့်အတူ တရားစီရင်ရေးအရ
တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအရတာဝန်ရှိသူများသာမက ပြည်သူတရပ်လုံးပါဝင်၍
ဝိုင်းဝန်းအကောင်အထည် ဖေါ်ပေးရမည်ဖြစ်သည်။ သက်ဆိုင်ရာဌာနအသီးသီးမှ
ဝန်ထမ်းများနှင့်ပြည်သူတို့သည် မိမိတို့နှင့် သက်ဆိုင် သည့်
ချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ မူဘောင်အတွင်းမှ ဥပဒေအား
သက်ဝင်လှုပ်ရှားမှု ရှိစေရန် တာဝန်တရပ်အနေဖြင့် အကောင်အထည်ဖေါ်ပေးရမည်ဖြစ်သည်။
တရားရုံးများအနေဖြင့်
သက်ဆိုင်ရာတရားဥပဒေအရ လွတ်လပ်စွာတရားစီရင်ရာတွင် ကျင့်ထုံးဥပဒေများ၊
တရားရုံးလက်စွဲများဖြင့်လည်းကောင်း၊ ရဲများအနေဖြင့် ရဲအက်ဥပဒေ၊ ရာဇသတ်
ကျင့်ထုံးဥပဒေများဖြင့် သော်လည်းကောင်း၊ အကျဉ်းထောင်များအနေဖြင့်
အကျဉ်းထောင်လက်စွဲများဖြင့်သော်လည်းကောင်းစသဖြင့် သတ်မှတ်ထားသည့်
ဥပဒေစည်းကမ်းချက်များအတိုင်း လိုက်နာကျင့်သုံးခြင်းအားဖြင့် ဥပဒေများကို
အကောင် ထည်ဖေါ်ပေးရမည်ဖြစ်သည်။ ပြည်သူလူထုအနေဖြင့်လည်း
အထက်ပါတရားစီရင်ရေးဌာန၊ ရဲဌာနစသည့် ဌာန ဆိုင်ရာလုပ်ငန်းများကို
ချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် တာဝန်တရပ်အနေဖြင့် ၀ိုင်းဝန်းကူညီဆောင်ရွက်
ရမည် ဖြစ်ပေသည်။
မှုခင်းတရပ်ဖြစ်ပွားလာပါက
ရဲများကတရားခံကို ရှာဖွေဖေါ်ထုတ်ဖမ်းဆီးကာ ကျင့်ထုံးဥပဒေပါပြဌာန်းချက်ရ၊
ပြည့်စုံအောင်ဆောင်ရွက်၍ တရားခံအားတရားရုံးသို့ တရားစွဲဆိုတင်ပို့ ရပါသည်။
တရားရုံးမှ ၎င်းအမှုအား တရားနည်းလမ်းကျစွာစစ်ဆေးကြားနာပြီး လိုအပ်သလို
စီရင်ရမည်ဖြစ်သည်။ တရားရုံး၌လည်း ရှေ့နေရှေ့ရပ်၊ အမှုလိုက်တို့က
မိမိတို့သက်ဆိုင်ရာတာဝန်ကို ဆောင်ရွက်ရသည့်အပြင် ပြည်သူများကလည်း ၎င်းအမှုတွင်
အမှန်တရားပေါ်ပေါက်စေရန်အတွက် သက်သေခံချက်များပေးရန် လိုအပ်လာပါက
သက်သေခံချက်ပေးရ ပါသည်။
ပြည်သူတယောက်အနေဖြင့်
မိမိရှေ့မှောက်၌ တစုံတယောက်က ပြစ်မှုကျူးလွန်လျှင် (သို့) ကျူးလွန်ရန်
အားထုတ်လျှင် သက်ဆိုင်ရာရဲစခန်းသို့ဖြစ်စေ၊ တရားရုံးသို့ဖြစ်စေ
တိုင်တန်းရမည်ဖြစ်သည်၊၊ လိုအပ်လျှင် တရားခံအားဖမ်းဆီးပြီး
အနီးဆုံးရဲစခန်းသို့အပ်နှံရမည်ဖြစ်ပေသည်။ ပြည်သူများသည် မိမိ၏အကျိုးစီးပွား
ကိုသော်လည်းကောင်း၊ မိမိကိုယ်ကို ထိခိုက်နစ်နာမှုအတွက်သော်လည်းကောင်း
သက်ဆိုင်ရာသို့ တိုင်တန်း ခွင့်ရှိပြီး ထိုတိုင်တန်းချက်ကို
သက်ဆိုင်ရာမှအရေးယူ ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထိုအခွင့်အရေးတို့အား ဥပဒေအရ
သတ်မှတ်ပေးထားခြင်းဖြစ်သည်၊၊
အချုပ်အားဖြင့်ဆိုရလျှင်
ပြဌာန်းဥပဒေ၊ နည်းဥပဒေနှင့် စည်းကမ်းဥပဒေများအား သက်ဝင်လှုပ်ရှားလာစေရန်
သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများက၀ိုင်းဝန်း၍
အကောင်အထည်ဖေါ်ပေးရမည်ဖြစ်သည်။ ထိုသို့ မဟုတ်လျှင်မူ
ဥပဒေဟူသည်မှာစာရွက်ပေါ်တွင်ရှိသော အက္ခရာမျှသာဖြစ်ပြီး၊
အသက်ဝင်လှုပ်ရှားနိုင်မည် မဟုတ်သည့်အပြင် တရားဥပဒေစိုးမိုးခြင်းလည်း
ရှိနိုင်မည်မဟုတ်ပေ၊၊ တရားဥပဒေစိုးမိုးမှု မထွန်းကားသော နိုင်ငံများ၏
ဥပဒေအအကောင်အထည်ဖေါ်မှု ကိစ္စများကို လေ့လာကြည့်မည်ဆိုပါက ဥပဒေကို အဓိက
အကောင်အထည်ဖေါ်ပေးရမည့် ရဲများ၊ တရားရုံးများသည် လာဘ်ပေးလာဘ်ယူမှုအပါအ၀င်
အဂတိတရား လေးပါး လိုက်စား၍ ကျင့်ဝတ်ပျက်ပြားကာ အမှန်တရားရှာဖွေရေးကို
မျက်ကွယ်ပြုလျှက်ရှိကြသည်ကို တွေ့ရ မည်ဖြစ်ပေသည်။ တရားဥပဒေ
စိုးမိုးမှုမရှိသောနိုင်ငံများ၌ ပြည်သူလူထု၏အနေအထားမှာ တရားဥပဒေ၏
အကာအကွယ်ကိုမရရှိဘဲ၊ ကြောက်စရာကောင်းလောက်အောင် လူ့အခွင့်အရေးများ
ချိုးဖေါက်ခြင်း ခံနေရ သည်ကိုတွေ့ရမည်ဖြစ်ပေသည်။
၂ - ၂ - ၄။ လိုက်နာရမည့် ပြည်သူလူထု ( Subject People )
တရားဥပဒေဆိုသည်မှာ
ပြည်သူများ၏အကျိုးစီးပွားကိုကာကွယ်ရန်၊ ပြည်သူများ၏
စိတ်နှလုံးချမ်းသာစေရန်နှင့် လူကောင်းသူကောင်းများ
ဆက်လက်ရပ်တည်နိုင်ခွင့်ရှိရန်၊ ပြည်သူပြည်သား အားလုံးကောင်းကျိုးအတွက်
ပေါ်ပေါက်လာခြင်းဖြစ်သဖြင့် ပြည်သူပြည်သားများသည်တရားဥပဒေကို
တသွေမတိမ်းလိုက်နာရန် လိုအပ် ပါသည်။
တရားဥပဒေကိုလိုက်နာသည်ဆိုရာ၌
ဥပဒေ၏သဘောအနက်အဓိပ္ပါယ်ကို ပြည်သူတိုင်းက သိရှိနားလည် သဘောပေါက်ခံယူ၍
လိုက်နာကျင့်သုံးရမည်ဖြစ်သည်။ ပြည်သူတို့၏ ကောင်းကျိုး ချမ်းသာမှုအတွက် ဥပဒေ
သည်ပေါ်ထွက်လာရခြင်းဖြစ်လျှင် လိုက်နာရမည့်တာဝန်မှာပြည်သူများပင်
ဖြစ်ပါသည်။ သို့ရာတွင် ပြည်သူတို့၏ အခွင့်အရေးအားမတရားဆုံးရှုံးစေပြီး၊
အခွင့်ထူးခံလူနည်းစု အတွက်သာ အကျိုးဖြစ်ထွန်းစေမည့် ဥပဒေဖြစ်မည် ဆိုလျှင်မူ
၎င်းဥပဒေကိုပြည်သူများကလိုက်နာရန် မလိုချေ။ အာဏာရှင်တို့သည်
တရားမျှတမှုမရှိသော ဥပဒေ များကို ထုတ်ပြန်စေကာ ပြည်သူတို့အား
အတင်းအကြပ်လိုက်နာစေရန်ဆောင်ရွက်ခဲ့ကြသည်မှာ လူ့သမိုင်း
ဖြစ်စဉ်တလျှောက်၌ရှိခဲ့ပါသည်။ ထို့ကြောင့်ပင်လျှင် ခေတ်ကာလအလျှောက်
လူမှုတော်လှန်ရေးကြီးများ ဖြစ်ပွား ခဲ့သည်ကို ကမ္ဘာ့ သမိုင်းဖြစ်စဉ်တလျှောက်၌
တွေ့ရှိရမည်ဖြစ်ပေသည်။
ဂျာမန်ြုပပြင်ရေးသမား
မာတင်လူသား (၁၄၀၃-၁၅၄၆) က ဧကရာစ်ဘုရင်သည် ဥပဒေကို မျက်နှာလွှဲ ခဲပြစ်
လုပ်လျှင် ပြည်သူတို့က ဘုရင်၏သြဇာကို ခံရန်မလိုဟု ပြောကြားခဲ့သည်၊၊
၁၆ ရာစုကုန်ခါနီး ပြင်သစ်ပြည်၌ ပေါ်ပေါက်ခဲ့သော ပေါ်လီတစ် (Politiques)
အမည်ရှိ နိုင်ငံရေးပါတီတခု၏ ယုံကြည်ချက်ကား
ကိုယ်ကျင့်တရားဆိုင်ရာဥပဒေသများနှင့် တရားဥပဒေများသည် လူအများ၏
အကျိုးစီးပွား နှင့် ဆန့်ကျင်ပါက နိုင်ငံတော်ကóကိက်သလိုအရေးယူရမည်
ဟူ၍ဖြစ်သည်၊၊
ဥပဒေတရပ်ကို ပြည်သူတရပ်လုံးက
လိုက်နာခြင်းမရှိလျှင်သော်လည်းကောင်း၊ လက်ခံနိုင် ခြင်းမရှိလျှင်လည်း
ကောင်း ထိုဥပဒေသည် စည်းနှောင်အားမဲ့သွားသဖြင့် သာမန်စည်းမျဉ်း
စည်းကမ်းတရပ်မျှသာ ဖြစ်သွားတော့ သည်။ ထို့ကြောင့် ဥပဒေတရပ်သည်
စည်းနှောင်အားရှိ၊ မရှိ (သို့) သြဇာအာဏာ သက်ရောက်မှုရှိမရှိ ဆိုရာ၌ ၎င်းဥပဒေကို
မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ရကြောင်း၊ ပြည်သူလူထုမှလည်း
လက်ခံသဘောတူ လိုက်နာကျင့်သုံးနိုင်ကြောင်းအပြင် ၄င်းဥပဒေသည်
တရားမျှတမှုရှိကြောင်း မှတ်ယူနိုင်သည့် အခြေအနေ မျိုးဖြစ်မှသာလျှင် ၎င်းဥပဒေ၌
စည်းနှောင်အားရှိသည်ဟု ခေါ်ဆို၍ရသည်။
တရားမျှတမှုကင်းမဲ့သည့်၊
တနည်းအားဖြင့် မတရားသည့်ဥပဒေ၊ အမိန့်၊ စည်းကမ်းတို့ကို လိုက်နာရန်မလိုချေ၊
ထိုသို့မလိုက်နာခြင်းအားဖြင့်အဆိုပါ ဥပဒေ၊ အမိန့်စည်းကမ်းတို့သည်လည်း
စည်းနှောင်အားမဲ့သဖြင့် သာမန် စည်းကမ်းချက်လောက်ပင်
တန်ဘိုးရှိနိုင်မည်မဟုတ်ချေ၊ အများပြည်သူတို့မလိုက်နာ၊ မကျင့်သုံးနိုင်သော
ဥပဒေ တရပ်ကို ထုတ်ပြန်သည့်နေ့မှာပင် ထိုဥပဒေမှာပျက်ပျယ်ပြီးဖြစ်ရမည်ဟု
ဒေါက်တာဘဟန်က မိန့်ဆိုခဲ့ဖူးသည်၊၊
No comments:
Post a Comment