Tuesday, April 16, 2013

ဥပဒေကိုလက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်း

   ဥပဒေကိုလက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်း   Enforcement of Law
      
လူတို့၏ယဉ်ကျေးမှုများ ထွန်းကားလာသည်နှင့်အတူလိုက်၍ ဥပဒေစနစ်များနှင့် ဥပဒေ များလည်း ပေါ်ပေါက်ခဲ့ပေသည်။ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမူရေးအခြေအနေအမျိုးမျိုးအောက်၌ လိုက်လျှောညီထွေရှိမည့် ဥပဒေအမျိုးမျိုးကို လူသားတိြု့ပလုပ်ပြဌာန်းခဲ့ကြပေသည်။ မည်သို့ပင် ဥပဒေစနစ်များကွဲပြားစေကာမူ၊ ဥပဒေ အမျိုးမျိုးကွဲပြားစေကာမူ ဥပဒေတခုဖြစ်ရန်အတွက်လိုအပ်သော အခြေခံအင်္ဂါရပ်များရှိရန်လိုပါသည်။ ထိုအခြေခံ အင်္ဂါရပ်များပြည့်စုံနိုင်သမျှ ပြည့်စုံလေလေ ဥပဒေ၏လေးနက်မှုပိုရှိလေဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ဥပဒေ၏အခြေခံအင်္ဂါရပ်များပြည့်စုံ နိုင်သမျှ ပြည့်စုံသည်နှင့်အမျှ ဥပဒေကိုလက်တွေ့ ကျင့်သုံးဆောင်ရွက် အကောင်အထည်ဖေါ်ရာတွင် ထိရောက်ပီပြင်မှုရှိသည်ကို တွေ့ရမည်ဖြစ်ပေသည်။
          ဥပဒေများကိုမည်သူတွေက မည်သို့မည်ပြုံပလုပ်၍ မည်သူတွေကို မည်သို့မည်ပုံလိုက်နာစေသည်ကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ဥပဒေပြုပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်က စည်းနှောင်အားရှိသော ပြဌာန်းချက် (ဥပဒေ) များကြိုပလုပ်၍ ယင်းဥပဒေများသက်ဝင်လှုပ်ရှားစေမည့် အစီအမံများဖြင့် သက်ဆိုင်ရာ လူထု၊ လူတန်းစား (သို့) နိုင်ငံသားများကို လိုက်နာစေခြင်းဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပေသည်။
၂ - ၂ - ၁၊၊  ဥပဒေပြူပိုင်ခွင့်ရှိသော အဖွဲအစည်း  (Legislative body)
      နိုင်ငံတနိုင်ငံတွင် အချုပ်အခြာအာဏာကြီး (၃) ရပ်ဖြစ်သည့် ဥပဒေပြုအာဏာ၊  အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ တို့အနက် ဥပဒေပြုအာဏာသည် အရေးကြီးဆုံးအာဏာ တခုဖြစ်သည်။ ထိုဥပဒေပြုအာဏာဖြင့် ဥပဒေများကို ရေးဆွဲပြဌာန်းပြီးမှသာလျှင် အုပ်ချုပ်ရေး၊ တရား စီရင်ရေးစသည့် လုပ်ငန်း ဆောင်တာများကို လုပ်ကိုင်နိုင်မည်ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံတော်သည် မိမိမူဝါဒလမ်းစဉ်နှင့်အညီ ပြည်သူတရပ်လုံးအား ထိန်းချူပ်ကွပ်ကဲနိုင်ရန်အတွက် သင့်လျှော်သည့် ဥပဒေများကို ရေးဆွဲပြဌာန်းရမည် ဖြစ်သည်။
          ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဥပဒေဆိုသောစကားရပ်ကို ဖေါ်ပြခြင်းမှာ ပါလီမန် (သို့) ဥပဒေပြုရန် အခွင့်အာဏာအပြည့်အ၀ရှိသော အာဏာပိုင်အဖွဲ့ကပြဌာန်းသော အက်ဥပဒေကို ဆိုလိုသည်ဟု တရားရုံးကထုတ်ဖေါ်ခဲ့သည်။  အမေရိကန် ပြည်ထောင်စု၏ ဥပဒေပြုမှုအာဏာသည် အထက် လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (House of Representative) တို့ပါဝင်သော အမေရိကန် ပြည်ထောင်စု၏ကွန်ဂရက် (Congress) တွင် တည်သည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားပါသည်။
ဥပဒေပြုပိုင်ခွင့်ရှိသောအဖွဲ့အစည်းအား နိုင်ငံအသီးသီးတွင် အမည်နာမအမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်။ မည်သို့ ပင်ခေါ်ဝေါ်စေကာမူ ဥပဒေပြုခွင့်အာဏာရှိသည့် အဖွဲ့အစည်းသည် ပြည်သူလူထုမှ မိမိတို့စိတ်ကြိုက် မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များပါဝင်သော ဥပဒေပြုပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းမှ ဥပဒေကို ရေးဆွဲခြင်းဖြင့် ပြည်သူ၏ဆန္ဒအရ ဥပဒေကိုရေးဆွဲရခြင်း ဖြစ်ကြောင်းပေါ်လွင်ပေသည်။ ဥပဒေပြုခွင့်အာဏာ သည် ပြည်သူ၏လက်ထဲတွင်ရှိသည်ဆိုသည့် သဘောပင်ဖြစ်သည်၊၊
 ဥပဒေပြုပိုင်ခွင့်ရှိသော အဖွဲ့အစည်းများ၏ သမိုင်းကြောင်းကို သုံးသပ်ကြည်မည်ဆိုပါက ဒီမိုကရေစီ ဟူသော ဝေါဟာရကိုစတင်၍ ထင်ရှားစေခဲ့သော ဂရိစစ်သူကြီး ပေရီကလီ   ခေတ်၌ ပေါ်ထွန်းလာခဲ့သော အေသင် မြို့ပြနိုင်ငံ၌ လူထုကောင်စီသည် ဥပဒေပြုခွင့်ရှိသည့် အဖွဲ့အစည်းပင်ဖြစ်သည်။ လူထုကောင်စီတွင် အေသင်မြို့ပြ နိုင်ငံရှိလူမျိုးနွယ်စုဆယ်စုမှ တစုလျှင်ကိုယ်စားလှယ် (၅၀) ကျစီ ရွေးချယ်၍ စုစုပေါင်းကိုယ်စားလှယ် (၅၀၀) ပါ ၀င်လေသည်။ ၎င်းကောင်စီသည် အဓိကအားဖြင့် အေသင်မြို့ပြနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေများ၊ တရားဥပဒေ များကို အမြဲတမ်းဆန်းစစ်ကာ ဥပဒေအဟောင်းများကိုရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်သတ်မှတ်ခြင်းစသည် တို့ကိုပြုလုပ်သည်။ ၎င်းကောင်စီသည် ဥပဒေပြုခြင်းအပြင်၊ အုပ်ချုပ်ရေးလုပ်ငန်းနှင့် တရားစီရင်ရေး လုပ်ငန်း၌ လည်း ပါဝင်ဆောင်ရွက်ကွပ်ကဲပိုင်ခွင့်ရှိသည်။
သို့ရာတွင်လူထုကောင်စီသည် အချုပ်အခြာအာဏာပိုင်အဖွဲ့ဖြစ်သော်လည်း အရေးကြီးသော လုပ်ငန်းဟူသမျှ တို့ကို လူထုအစည်းအဝေးကြီးသို့ အမြဲတင်ပြ၍ ထိုလူထုအစည်းအဝေးကြီးတွင် လူထု၏ထောက်ခံအတည်ပြုမှု ကို ရယူပြီးမှသာလုပ်ငန်းကို အကောင်အထည်ဖေါ်ရသည်။ ဒီမိုကရေစီ ထွန်းကားခါစအချိန် ဖြစ်လင့်ကစား လူထုကောင်စီသည် မြို့ပြနိုင်ငံ၏ အရေးကြီးဆုံးသောလုပ်ငန်းဖြစ်သည့် တနိုင်ငံနှင့်တနိုင်ငံ စစ်ကြေညာခြင်း၊ စစ်ပြေငြိမ်းခြင်း၊ မဟာမိတ်စာချုပ်ချုပ်ဆိုခြင်း၊ အခွန်ကောက်ခြင်းနှင့် အထွေထွေဥပဒေများကို ပြုပြင်မွမ်းမံ ပြဌာန်းခြင်းစသော ကိစ္စအရပ်ရပ်တို့ကို လူထုအစည်းအဝေးကြီးသို့ အတည်ြုပထောက်ခံရန် တင်ပြပြီးမှသာ ဆောင်ရွက်ခွင့်ရှိသည်။ လူထုဆန္ဒအရ အတည်ြုပပြီးသော လုပ်ငန်းဟူသမျှတို့ကို လူထုကောင်စီသည် ပြည်သူ တရပ်လုံး၏ကိုယ်စား မိမိ၏အမည်နာမကိုသုံးစွဲ၍ လုပ်ဆောင်ရသည်။ ထို့ကြောင့် ထိုခေတ်ထိုအခါသမယက ဂရိနိုင်ငံ၏ ဥပဒြေုပပိုင်ခွင့်ရှိသည့် လူထုကောင်စီသည် ဒီမိုကရေစီအပေါ်အခြေခံပြီး အုပ်ချုပ်စီမံခဲ့ကြောင်း တွေ့ရပေသည်။
ဘီစီ (၈) ရာစုခန့်၌ပေါ်ပေါက်ခဲ့သော စပါတာမြို့ပြနိုင်ငံတွင် အရွယ်ရောက်ပြီးစ စပါတန် ယောက်င်္ကျားအားလုံး ပါဝင်သည့် အာပဲလား ခေါ် ပြည်သူ့လွှတ်တော်တရပ်ရှိပြီး ထိုလွှတ်တော်က မြို့ပြနိုင်ငံ၏ အချုပ်အချာအာဏာကို ပိုင်ဆိုင်သည်။ သို့ရာတွင်ထိုလွှတ်တော်သည် ဥပဒေပြုခွင့်လုပ်ငန်းကို ဆောင်ရွက်ခွင့်ပေးမထားချေ။ ဥပဒေပြု လုပ်ငန်းရပ်များအတွက် အသက် (၆၀) ကျော် သက်ကြီးဝါကြီး (၂၈) ဦးကို ရွေးချယ်ခန့်ထားဖွဲ့စည်းသော ရောန်ရှား ခေါ် ဥပဒေပြုကောင်စီတရပ်ကို ထားရှိသည်။ ၎င်းကောင်စီအား ဥပဒေပြုခွင့်အာဏာအပ်နှင်း ထားသည်။
ရောမတို့၏ ဥပဒေပြုသမိုင်းကိုလေ့လာလျှင် ဘီစီ (၅၀၉) ခန့်၌ ရောမနိုင်ငံကိုသမတနိုင်ငံ (Republic) အဖြစ် ပြောင်းလိုက်သည်မှစ၍ ပြောင်းလဲလာသော အုပ်ချုပ်ရေးစနစ်အပေါ် ဥပဒေပြုမှု အခန်းကဏ္ဍသည်လည်း လူတန်းစားကွာဟမှုရှိခဲ့သည်။ ရောမနိုင်ငံတွင် အဆင့်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ရသည်။ 
ရောမကို သမတနိုင်ငံအဖြစ် ထူထောင်လိုက်သောအခါ ဦးစွာအိမ်ထောင်စုအလိုက် စုဝေးနေထိုင်ကြသော လူမျိုးအုပ်စုမှ လူတိုင်းမဲဆန္ဒပေးနိုင်သော ကော်မတီယားကူးရီယားတား ခေါ် ပြည်သူ့လွှတ်တော်ကြီးကို အချုပ်အခြာအာဏာပိုင်အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ပြည်သူ့လွှတ်တော်မှ ကွန်စယ် (Consul) ခေါ်သမတနှစ်ဦးကို မူးမတ်များထဲမှ ရွေးကောက်တင်မြှောက်ကြသည်။ ထိုသမတနှစ်ဦးအပြင် အုပ်ချုပ်ရာ၌ သမတကိုကူညီအကြံပေးနိုင်ရန် အမတ်ဦးရေ (၃၀၀) ပါဝင်သော ဆီးနိတ်ခေါ် အတိုင်ပင်ခံလွှတ်တော်ကိုလည်း ပြည်သူ့လွှတ်တော်မှ ရွေးကောက်ဖွဲ့စည်းစေခဲ့သည်။
ရောမနိုင်ငံသည် သမတနိုင်ငံဖြစ်လင့်ကစား လူနဲစုဖြစ်သောမူးမတ်တို့က အရာရာကို လွှမ်းမိုးချုပ်ကိုင်လာကြ သည်။ မူးမတ်တို့သည် ကော်မီတီးယား ဆင်ကျူရီးယားတား   ခေါ် အဖွဲ့တခုဖွဲ့၍ ဆီးနိတ်လွှတ်တော်ကို လွှမ်းမိုး နေကြသကဲ့သို့၊ တရားသူကြီးများမှာလည်း မူးမတ်အနွယ်များဖြစ်ကြ၍ မူးမတ်တို့၏ အကျိုးစီးပွားကို ကာကွယ် ခဲ့ကြသည်။ ထိုစဉ်က ရောမတို့၏ ထုံးတမ်းစဉ်လာ ဥပဒေမှာ ငွေရှင်ကြေးရှင်တို့ကိုသာ အကာအကွယ်ပေး သော ဥပဒေသာဖြစ်သည်။ ထို့ကြောင့် မခံမရပ်နိုင်တော့သော ဆင်းရဲသားများသည် ဘီစီ (၅၀၀) ခန့်တွင် ကော်မတီးယား ထရီဘူးတား  ခေါ် လွှတ်တော်တရပ်ကို ဖွဲ့စည်းကာ မှူးမတ်တို့၏လွှတ်တော်နှင့် စင်ပြိုင်ထောင် ခဲ့ကြသည်။ ထိုသို့လူတန်းစားနှစ်ရပ်သည် ပဋိပက္ခဖြစ်လာခဲ့ရာ၊ နောက်ဆုံး၌ ဆင်းရဲသားတို့ တောင်းဆိုသော အခွင့်အရေးကို လိုက်လျှောပေးခဲ့ရသည်။  ထိုသို့လူတန်းစားနှစ်ရပ် ပြန်လည်၍ ပူးပေါင်းလာသဖြင့် ဆင်းရဲသား တို့၏ အဖွဲ့အစည်းများသည်လည်း ရောမနိုင်ငံ၏အုပ်ချုပ်ရေးတွင် အာဏာရရှိလာခဲ့သည်။ ဆင်းရဲသားတို့၏ ကော်မတီးယား ထရီဘူးတား လွှတ်တော်သည် ဥပဒေပြုလွှတ်တော်ဖြစ်လာခဲ့သည်၊၊
ဘီစီ ၄၅၄ - တွင် ဆင်းရဲသားတို့၏ေ တာင်းဆိုချက်များကို လိုက်လျှောလာရပြီး ခိုင်မာသောဥပဒေများကို ပြဌာန်းရန်လိုအပ်လာသဖြင့် ဆီးနိတ်လွှတ်တော်မှ ကော်မရှင်တခုကိုဖွဲ့စည်းစေကာ ဂရိနိုင်ငံသို့ သွားရောက် လေ့လာစေခဲ့သည်၊၊ ဘီစီ ၄၅၁ - တွင် ဥပဒေလေ့လာရေးကော်မရှင် ဂရိနိုင်ငံမှ ပြန်ရောက်လာသောအခါ ဆီးနိတ်လွှတ်တော်မှ အဖွဲ့ဝင် (၁၀) ဦးပါသည့် ဥပဒေရေးဆွဲရေးကော်မတီတရပ်ကို ဖွဲ့စည်းပြီး (၂) နှစ်တိုင်တိုင် ရောမဥပဒေသစ်ကို ရေးဆွဲစေသည်။ ထိုသို့ရေးဆွဲသော ရောမဥပဒေ (၁၂) ကျမ်းကို ပြည်သူ့လွှတ်တော်သို့ တင်ပြရာလူအများကလက်ခံ၍ အတည်ြုပကြသည်။ ရောမပြည်သူပြည်သားများက အညီအညွတ်လက်ခံသော ထိုဥပဒေ (၁၂) ကျမ်းပါ အချက်အလက်များကို ပြည်သူများစုဝေးရာ ဖိုရမ် ခေါ် မြေကွက်လပ်ကြီး၌ လူတိုင်း ဖတ်ရှုနိုင်ရန် အက္ခရာတင်ထားခဲ့ကြသည်။ အဆိုပါ ရောမဥပဒေ (၁၂) ကျမ်း သည် ကမ္ဘာ့သမိုင်းတွင် ပထမ ဦးဆုံးအကြိမ် လူသားတို့က အများဆန္ဒဖြင့် စံနစ်တကျ ရေးဆွဲပြဌာန်းခဲ့သော ဥပဒေဖြစ်ခဲ့ပေသည်၊၊
အချုပ်အခြာအာဏာဟုဆိုရာ၌ ဥပဒေပြုခွင့်အာဏာသည် အရေးကြီးကြောင်းဖေါ်ပြခဲ့ပြီးဖြစ်သည်၊၊ ဥပဒေ ပြုခွင့်ရှိသည့်အဖွဲ့အစည်းကို နိုင်ငံများစွာတို့တွင် နာမည်အသီးသီးခေါ်ဆိုရာ၌ ပါလီမန်စံနစ်ကျင့်သုံးသော နိုင်ငံတွင် ပါလီမန် (လွှတ်တော်) သည် အချုပ်အခြာအာဏာဖြစ်သည်ဟုခေါ်ကြသည်။ အကြောင်းမှာ ပါလီမန် သည် ဥပဒေထုတ်ပြန်ခြင်းအရာ၌ အချုပ်အခြာဖြစ်ပြီး ဥပဒေကိုပြဌာန်းနိုင်ခြင်း၊ ပယ်ဖျက်နိုင်ခြင်းရှိသော ဌာနဖြစ် သည်။ ၎င်းဌာနမှတပါး ဥပဒေများကို မည်သူမျှ ပြောင်းလဲ၍မရချေ၊ ၎င်းအပြင် ထိုဌာန၏ တန်ခိုးအာဏာကို မည်သူတဦး တယောက်မျှ ဖီဆန်ခြင်းငှာမစွမ်းနိုင်သောကြောင့် (သို့) တရားဥပဒေကို မလိုက်နာဘဲမနေရဟု အတင်းအကြပ်ပြုနိုင်သောကြောင့် (sovereign defacto) အချုပ်အခြာအာဏာအစစ်ဟု ခေါ်ဆိုရလေသည်၊၊
 ယခုခေတ်ကာလတွင် (sovereign people) ခေါ် အချုပ်အခြာပြည်သူဟူ၍ရှိလာသည်။ တိုင်းနိုင်ငံတို့တွင် နိုင်ငံရေးအရာ၌ ပြည်သူလူထုသည် အချုပ်အခြာဟူ၍ ခေါ်ဆိုရခြင်းမှာ နိုင်ငံရေး ကိစ္စနှင့်ပတ်သက်၍ ခေါ်ခြင်း ဖြစ်သည်။ ဥပဒေကိုထုတ်ပြန်သောအစွမ်းသတ္တိကြောင့် ခေါ်ခြင်းမဟုတ်၊ ဥပဒေကိုထုတ်ပြန်သူများအား ရွေးကောက်ပေးနိုင်သောကြောင့်ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်  အပိုဒ် (၂၅) (က) တွင် နိုင်ငံသားတိုင်းသည် မည်သည့်ခွဲခြားကန့်သတ်ချက်မျှမရှိစေဘဲ ပြည်သူလူထုရေးရာတွင် ကိုယ်တိုင်သော် လည်းကောင်း၊ လွတ်လပ်စွာရွေးချယ်ထားသော မိမိ၏ကိုယ်စားလှယ် မှတဆင့်သော်လည်းကောင်း ပါဝင် ဆောင်ရွက်ခွင့်ရှိကြောင်းပြဌာန်းထားပါသည်။ အချုပ်အားဖြင့် အာဏာရှင်စံနစ်ကျင့်သုံးသော နိုင်ငံများမှလွဲ၍ ဒီမိုကရေစီနိုင်ငံများတွင် အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်ဖြစ်သောကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကြီး (၃) ရပ်အနက် အရေးကြီးဆုံးဖြစ်သော ဥပဒေပြုခွင့်အာဏာကို ပြည်သူ လူထုကသာကျင့်သုံးဆောင်ရွက်ရမည် ဖြစ်ပေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...