Tuesday, April 16, 2013

စာချွန်တော်အမိန့် ဆိုသည်မှာ


စာချွန်တော် အမိန့်များမှာ-
(၁)     ရှေ့တော်သွင်း စာချွန်တော်အမိန့် (Habeas Corpus)
(၂)     အာဏာပေး စာချွန်တော်အမိန့် (Mandamus)
(၃)     တားမြစ်စေ စာချွန်တော်အမိန့် (Prohibition)
(၄)     အာဏာပိုင်မေး စာချွန်တော်အမိန့် (Quo Warranto)
(၅)     အမှုခေါ် စာချွန်တော်အမိန့် (Certiorari)
တို့ဖြစ်သည်။ ဟုဖေါ်ပြပါရှိပြီး၊ စာချွန်တော်အမိန့်များ၏ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုပါ ရှင်းလင်း ဖေါ်ပြထားပါသည်။ ၄င်းတို့မှာ-
ရှေ့တော်သွင်း စာချွန်တော်အမိန့် (Habeas Corpus)
          ရှေ့တော်သွင်း စာချွန်တော်အမိန့်သည် တာဝန်ရှိသူတစ်ဦးဦး၏ ပိတ်ပင်တားမြစ်ချက်သည် တရားနည်းလမ်းကျစွာ ဆောင်ရွက်ခြင်း၊ ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးရန် တရားသူကြီး (သို့မဟုတ်) တရားရုံး၏ ရှေ့မှောက်သို့ ဆင့်ခေါ်သောအမိန့်ဖြစ်သည်။
          တစ်နည်းအားဖြင့် ရှေ့တော်သွင်းစာချွန်တော်အမိန့်သည် တရားမဲ့၊ အကြောင်းမရှိဘဲဖမ်းဆီး ချုပ်နှောင်မှုများကို တားဆီးဟန့်တား၍ တရားရုံးတွင် စစ်ဆေးရန်ဖြစ်ပါသည်။
          အဓိကရည်ရွယ်ချက်မှာ ပြည်သူပြည်သားတစ်ဦးဦးကို တရားရုံးတွင် စစ်ဆေးခြင်းမြုပဘဲ၊ ချုပ်နှောင် ထားခြင်းဖြစ်စေ၊ တစ်ဦးဦးကို ပြစ်မှုအကြောင်းခြင်းရာ မညီညွတ်ပါဘဲလျက် အရေးယူဖမ်းဆီးထားသူ တာဝန်ရှိ ပုဂ္ဂိုလ်ဖြစ်စေ၊ ပြည်ထောင်စုတရားရုံးချုပ်တို့ ရှေ့တော်သွင်းစေရန်နှင့် ပြည်သူပြည်သားတစ်ဦးဦးအား မည်သည့် ပြစ်မှုကို မည်သည့်ဥပဒေဖြင့် အရေးယူဖမ်းဆီးထားသည်ဟု ထုချေရှင်းလင်းစေရန် ရှေ့တော်သွင်း စာချွန်တော် အမိန့် ထုတ်ဆင့်နိုင်ခြင်းဖြစ်ပါသည်။
          သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့၏ ထုချေရှင်းလင်းချက်သည် ကြေနပ်လောက်အောင် ရှင်းလင်းခြင်းမပြု နိုင်ကြောင်း ပြည်ထောင်စုတရားရုံးချုပ်က ထင်မြင်ယူဆလျင် ဖမ်းဆီးထားသော ပြည်သူပြည်သားတစ်ဦးဦးကို လွှတ်စေရန် ထုတ်ဆင့်နိုင်သော အမိန့်မျိုးလည်းဖြစ်ပါသည်။
          ပြည်ထောင်စု တရားရုံးချုပ်သည် မူလစီရင်ပိုင်ခွင့်လည်းရှိသည့်အလျောက် ဥပဒေနှင့်မညီညွတ်ဘဲ ဖမ်းဆီးခံနေရသော ပြည်သူပြည်သားတစ်ဦးဦးသည် ၎င်း၏ကိုယ်စား၊ နစ်နာသူ၏မိသားစု တစ်ဦးဦးက ပြည်ထောင်စုတရားရုံးချုပ်သို့ စာချွန်တော်လျောက်ထားမှုများ ဦးတိုက်လျောက်ထားခွင့် ပေးရပါမည်။
အာဏာပေး စာချွန်တော်အမိန့် (Mandamus)
          အာဏာပေး စာချွန်တော်အမိန့်သည် ဥပဒေဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရန် အောက် တရားရုံးများသို့ ဖြစ်စေ၊ တာဝန်ရှိသူ တစ်ဦးဦးကိုဖြစ်စေ ထုတ်ပြန်သောအမိန့်ဖြစ်သည်။
          တစ်နည်းအားဖြင့် အများနှင့်ဆိုင်သော တာဝန်တစ်ရပ်ကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ၀န်ထမ်း တစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အောက်ရုံးတစ်ရုံးကိုဖြစ်စေ ပြည်ထောင်စု တရားရုံးချုပ်က အာဏာပေး စာချွန် တော်အမိန့် ထုတ်ဆင့်ခြင်းဖြစ်ပါသည်။
          အာဏာပေးစာချွန်တော်အမိန့်နှင့်ပတ်သက်၍ ရေးသားရပါလျှင် နိုင်ငံသားတစ်ဦးဦးသည် ပြည်သူ့ လွှတ်တော်တွင်ဖြစ်စေ၊ အမျိုးသားလွှတ်တော်တွင်ဖြစ်စေ၊ ပြည်နယ် (သို့မဟုတ်) တိုင်းလွှတ်တော်တွင်ဖြစ်စေ၊ အခြားသောအစိုးရဌာနတစ်ခုခုသည် ဥပဒေအရ လုပ်သင့်လုပ်ထိုက်သည် တို့ကို မပြုလုပ်လျှင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟု အာဏာပေးသော စာချွန်တော်ဖြစ်ပါသည်။
တားမြစ်စေ စာချွန်တော်အမိန့် (Prohibition)
တားမြစ်စေစာချွန်တော်အမိန့်၏ ရည်ရွယ်ချက်သည် ပြည်ထောင်စုတရားရုံးချုပ်၏ လက်အောက်ခံမဟုတ်သော အုပ်ချုပ်ရေးဆိုင်ရာ ဌာနတစ်ခုခုမှဖြစ်စေ၊ တစ်စုံတစ်ဦးကဖြစ်စေ၊ ၎င်းအား ဥပဒေအရ အပ်နှင်းထားသော အာဏာကိုကျူးလွန်၍ အမိန့်တစ်ခုကြောင့် ပြည်သူတစ်ဦးတစ်ယောက်၏အခွင့်အရေးကို ထိပါးလျင်ဖြစ်စေ (သို့မဟုတ်) အစိုးရဌာနတစ်ခုခုအား အပ်နှင်း၍မထားသောအာဏာကို အသုံြးုပခြင်းမှတားမြစ်စေရန်ဖြစ်စေ၊ တားမြစ်စေ စာချွန်တော်အမိန့်ဖြင့် တားမြစ်ပေးရန် လျောက်ထားနိုင်သည်။
          အဓိပ္ပါယ်မှာ တားမြစ်စေစာချွန်တော်အမိန့်သည် အောက်ရုံး၏ အာဏာကျူးနေမှုကို တားမြစ်သော အမိန့်ဖြစ်သည်။ တနည်းအားဖြင့်ြုပလုပ်ပြီးသည့်ကိစ္စများအပေါ် တားမြစ်ြုပပြင်ပေးရန် လျှောက်ထားခြင်း ဖြစ်သည်။
အာဏာပိုင်မေး စာချွန်တော်အမိန့် (Quo Warranto)
ဤစာချွန်တော်အမိန့်၏ ရည်ရွယ်ချက်မှာ တစ်စုံတစ်ယောက်က မည်သည့်အခွင့်အာဏာဖြင့် ရာထူးနေရာ ရွေးချယ်ခြင်း၊ ဆန္ဒပေးပွဲကျင်းပခြင်း စသည့်လုပ်ပိုင်ခွင့်များနှင့်စပ်လျှင်း၍ စုံစမ်းစစ်ဆေးပေးရန် လျောက်ထား နိုင်ခွင့်ဖြစ်သည်။
          လုပ်ပိုင်ခွင့်အာဏာကို ကျူးလွန်သောသူသည် ပြည်သူတစ်ဦးတစ်ယောက်၏ အခွင့်အရေးကို မည်သည့်အခွင့်အာဏာဖြင့် ထိပါးကျူးလွန်သည်ကို အာဏာပိုင်မေး စာချွန်တော်အမိန့်ထုတ်၍ အာဏာ ကျူးလွန်ကြောင်းထင်ရှားလျှင် လိုအပ်သလို ပြင်ဆင်ပေးသော လုပ်နည်းဖြစ်သည်။
အမှုခေါ် စာချွန်တော်အမိန့် (Certiorari)
အမှုခေါ်စာချွန်တော်အမိန့်သည် အောက်ရုံးများမှ စစ်ဆေးစီရင်ပြီးဖြစ်သော အမှုတွဲများ မှတ်တမ်းများကို တောင်းယူစေသော အမိန့်ဖြစ်သည်။
ပြည်ထောင်စုတရားရုံးချုပ်အနေဖြင့် လက်အောက်ခံတရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည် တရား ဥပဒေနှင့်ညီမညီ၊ အမိန့်ချမှတ်ခြင်းများ မှန်ကန်မှုရှိမရှိတို့ကို စစ်ဆေးကြည့်ရှု၍ မှားယွင်းနေကြောင်း တွေ့ရှိရပါက ပြင်ဆင်ပေးနိုင်သည်။ ထို့အပြင် အခိျု့သောတရားရုံးများသည် မိမိစီရင်နိုင်သောအာဏာကို မေ့လျော့၍ဖြစ်စေ၊ ဥပဒေကိုအဓိပ္ပါယ် ကောက်ယူရာတွင် မှားယွင်း၍ ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိပါလျက်၊ အခွင့်အာဏာကိုသုံးစွဲ၍ စစ်ဆေးစီရင်ခြင်းမြုပဘဲလည်း နေတတ်ကြပါသည်။ ထိုသို့သောအခါမျိုးတွင် ပြည်ထောင်စုတရားရုံးချုပ်သည် အမှုခေါ်စာချွန်တော်အမိန့်ဖြင့် လိုအပ်သလို အမိန့်ချပေးနိုင်သည့် အမိန့်မျိုးဖြစ်ပါသည်။ 
ထိုကဲ့သို့ တရားရုံးများမဟုတ်သော်လည်း တရားစီရင်သကဲ့သို့ ပြည်သူတို့၏ အခွင့်အရေးကို  ဆုံးဖြတ် သတ်မှတ်ပေးရသော အရာရှိများ၊ အစိုးရရုံးများသည် ပြည်ထောင်စုတရားရုံးချုပ်၏ စစ်ဆေးထိန်းကျောင်းမှုကို ခံယူရမည်ဖြစ်၍ ပြည်ထောင်စုတရားရုံးချုပ်က ထိုရုံးများကို အမှုခေါ်စာချွန်တော် အမိန့်ထုတ်၍ အရေးယူ ဆောင်ရွက်ခွင့်ရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...