အားလုံးသောဥပဒေများသည်
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီရမည်ဖြစ်ပြီး ဖွဲ့စည်းပုံ
အခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားသည့် လွတ်လပ်ခွင့်နှင့်
အခွင့်အရေးများကို ချိုးဖေါက်ခွင့်မရှိစေရ။
All laws must be in accordance with the constitution and not violate the liberties and rights enshrined therein.
ဖွဲ့စည်းပုံအခြေခံဥပဒေတခုသည်
နိုင်ငံတော်အား မည်သည့်ပုံစံဖြင့်ဖွဲ့စည်းသည်ကို၎င်း၊ မည်သည့်စည်းမျဉ်း
များနှင့် အုပ်ချုပ်သည်ကို၎င်း၊ စသည်တို့ကို ရေးဆွဲထားသည့် ဥပဒေဖြစ်သဖြင့်
နိုင်ငံတခုတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်
အရေးပါဆုံးနှင့်အမြင့်ဆုံးဖြစ်ပြီး၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ
နိုင်ငံတော်အာဏာကြီး (၃) ရပ်ကို ခွဲဝေကျင့်သုံးရခြင်းဖြစ်ပေသည်။ ထို့ပြင်
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရည်ရွယ်ချက်သည် အစိုးရက ပြည်သူလူထု၏အခွင့်အရေးကို
မချိုးဖေါက်နိုင်ရေးအတွက် ကာကွယ်ရန်လည်းဖြစ်ပေသည်။
ဂျွန်အော်စတင် က ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရအဆောက်အအုံကိုတည်
ဆောက်ပေးသည် ဟူ၍၎င်း၊ ဒိုင်ခီ ကဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်၏
အချုပ်အခြာအာဏာများကို ခွဲဝေကျင့်သုံး ရာတွင်လည်းကာင်း၊
လက်တွေ့ကျင့်သုံးရာတွင်လည်းကောင်း တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍
သက်ဆိုင် သော စည်းကမ်းဥပဒေများဖြစ်သည် ဟူ၍၎င်း- စသည်ဖြင့် အနက်အဓိပ္ပါယ်
ဖွင့်ဆိုကြပါသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကျေညာစာတမ်းတွင်
အခွင့်အရေး များနှင့်ပတ်သက်၍ နိုင်ငံသားများ၏အခွင့်အရေးများ
နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ စီးပွာရေး၊ လူမှုရေးနှင့်
ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများဟူ၍ ဖေါ်ပြပါရှိပါသည်။ ၂၀ ရာစုခေတ်၌
ရေးဆွဲလာခဲ့ကြသော ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် နိုင်ငံသားများ၏
မူလအခွင့်အရေးဆိုင်ရာ အခန်းကဏ္ဍများကို ထည့်သွင်းဖေါ်ပြလာခဲ့ကြ
သည်ကိုတွေ့မြင်ရပေသည်။
မူလအခွင့်အရေးများနှင့်ပတ်သက်ပြီး နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေများတွင် ထည့်သွင်း ပြဌာန်းကြရာ၌ အဓိကအားဖြင့်
နိုင်ငံသားဖြစ်မှုအခန်းကဏ္ဍ၊ ညီမျှမှုနှင့်လွတ်လပ်မှုအခွင့် အရေးများအခန်း ကဏ္ဍ၊
ယဉ်ကျေးမှု၊ ပညာရေးနှင့်စီးပွားရေးဆိုင်ရာအခန်းကဏ္ဍနှင့်
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ် ရယူနိုင်သော
အခွင့်အရေးဆိုင်ရာအခန်းကဏ္ဍတို့ဖြစ်သည်။ ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးသော
နိုင်ငံတွင်ဖြစ်စေ၊ အရင်းရှင်စနစ်ကိုကျင်သုံးသောနိုင်ငံတွင်ဖြစ်စေ၊
၎င်းတို့၏ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ ဤကဲ့သို့သော ညီမျှမှု အခွင့်အရေး၊
လွတ်လပ်မှုအခွင့်အရေးများကို ထည့်သွင်းရေးဆွဲပြဌာန်းကြစမြဲဖြစ်ပေသည်။
ဆိုရှယ်လစ်
(သို့) ကွန်မြူနစ်စနစ်ကိုကျင့်သုံးသောနိုင်ငံများ၏
ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ထူးခြားချက်အဖြစ် တွေ့ရသည်မှာ
နိုင်ငံသားများအတွက် မူလအခွင့်အရေးများကို ထည့်သွင်း ပြဌာန်းထားသကဲ့သို့
နိုင်ငံသားများ၏ တာဝန်များကိုလည်း ပူးတွဲထည့်သွင်းပြဌာန်းလေ့ရှိခြင်းပင်
ဖြစ်ပေသည်။ ဥပမာအားဖြင့်ဆိုလျှင် ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်
သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၈ တွင်
“ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန်
နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်။ ထို့ပြင် ဆိုရှယ်လစ် လူ့
ဘောင်တည်ဆောက်ရေးအတွက် ချမှတ်ထားသောဥပဒေများ၊ အလုပ်ခွင်စည်းကမ်းများ၊
ဒေသဆိုင်ရာ စည်း ကမ်းများကို လိုက်နာရန်နှင့် နိုင်ငံတော်ကပေးအပ်သော
တာဝန်များကိုကျေပြွန်စွာ ထမ်းဆောင်ရန်လည်း တာဝန်ရှိသည်။” ဟုထည့်သွင်းပြဌာန်းထားပေသည်။
အားလုံးသော ပြဌာန်းဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှအခြေခံပြီး
ဖြစ်ပေါ်လာရသည်ဖြစ် သည်။ အခိျု့သောနိုင်ငံများ၏
ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ရပိုင်ခွင့်ဆိုင်ရာပြဌာန်းချက်များကို
မူလအခွင့် အရေးများအခန်း၌ ထည့်သွင်းပြဌာန်းလေ့ရှိကြပြီး၊
အခိျု့သောနိုင်ငံများ၌မူ နိုင်ငံတော်၏၀ါဒရည်ညွှန်းချက်များ အဖြစ်ဖေါ်ပြ၊
ပြဌာန်းကြသည်ကိုတွေ့ရပေသည်။ မည်သို့ဆိုစေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ရပိုင်ခွင့်များကို သတ်မှတ်ထည့်သွင်းပြဌာန်းခြင်းပင် ဖြစ်ပေသည်။
အခြားသောဥပဒေများမှာ မူရင်းအခြေခံဥပဒေ၏ ခွင့်ပြုချက် ဘောင်အတွင်းမှသာ
ရေးဆွဲပြဌာန်းရခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါဥပဒေများသည်
ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ခွင့်ပြုချက်၊ အာမခံချက်ပေးထားသော
ပြည်သူတို့၏လွတ်လပ်ခွင့်များ၊ အခွင့်အရေးများကိုချိုးဖောက်၍ မရချေ။
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁၁) ၌ “နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်
တာဝန်ဝတ်တရားများ”
အား ထည့်သွင်းပြ ဌာန်းထားသည်ကို တွေ့ရပေသည်။ အဆိုပါအခန်း (၁၁) ၏ ပုဒ်မ
၁၅၉(က) ၌ “နိုင်ငံသားတိုင်း၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်
လြုံခံမှုအတွက် အာမခံချက်ရှိစေရမည်”
ဟု၎င်း၊ ၁၅၉ (ခ)၌ “သက် ဆိုင်ရာ တရားစီရင်ရေးအဖွဲ့၏ ခွင့်ပြုချက် မရှိပဲ
နိုင်ငံသားတဦးကို နှစ်ဆယ့်လေးနာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမြုပရ”
ဟုပြဌာန်းထားသော် လည်း၊ လက်တွေ့တွင်မူ မဆလခေတ် တလျောက်လုံး၌
အာဏာပိုင်တို့သည် ၄င်းတို့မသင်္ကာသူများကို အချိန်မ ရွေး၊ အကြောင်းပြချက်
မခိုင်လုံပဲဖမ်းဆီးခြင်း၊
ကြာရှည်ကြာမြင့်စွာဖမ်းဆီးထိန်းသိမ်းထားခြင်းဖြင့် ဖွဲ့စည်းပုံ
အခြေခံဥပဒေကို မကြာခဏချိုးဖေါက်လေ့ရှိခြင်းမှာ
တရားဥပဒေစိုးမိုးမှုမရှိသောကြောင့်ပင် ဖြစ်ပေသည်။
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၁၆၅ ၌ “နိုင်ငံတော်၏
အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်တွင်ပါဝင်သော အဖွဲ့ဝင်တဦးဦးသို့မဟုတ်
နိုင်ငံတော်၏ အာဏာ ပိုင် အဖွဲ့အစည်းတရပ်ရပ်၊ သို့မဟုတ် ၀န်ထမ်းတဦးဦး၊
သို့မဟုတ် ၀န်ထမ်းအဖွဲ့အစည်းတရပ်ရပ်က ပြည်သူတို့
အပ်နှင်းထားသောအခွင့်အာဏာကို အလွဲသုံးစားပြုသဖြင့် နိုင်ငံသားတဦးဦး၏
အခွင့်အရေးတရပ်ရပ် သို့မဟုတ် အကျိုးခံစားခွင့်တရပ်ရပ် ထိခိုက်နစ်နာခဲ့လျှင်
ယင်းပုဂ္ဂိုလ်၊ သို့မဟုတ် ယင်းအဖွဲ့အစည်းကို တရားစွဲဆိုပိုင်ခွင့်ရှိ သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဥပဒေပြဌာန်းထားရမည်။”
ဟုပြဌာန်းခဲ့သဖြင့် ၁၉၇၅ ခုနှစ်တွင် ပြည်သူ့လွှတ် တော်မှ
ပြည်သူ့လွှတ်တော်ဥပဒေအမှတ်(၂)ဖြင့် “နိုင်ငံသားများ၏အခွင့်အရေးကို
ကာကွယ်စောင့်ရှောက်သည့် ဥပဒေ”
ကိုထုတ်ပြန်ကြေညာခဲ့ပါသည်။ သို့ရာတွင် လက်တွေ့၌မူ နိုင်ငံသားများသည်
အဆိုပါဥပဒေကို အကိုးအကာြးုပ၍ ၄င်းတို့၏ နစ်နာသောအခွင့်အရေးများအတွက်
တရားစွဲဆိုနိုင်ခြင်းမှာ မရှိသလောက်ပင် ဖြစ်ခဲ့ပါသည်။
တရားဥပဒေစိုးမိုးရေးမထွန်းကားသဖြင့် ဥပဒေများပင်ရှိသော်လည်း “ပေးကားပေး၏
မရ၊” ဆိုသကဲ့သို့ပင်ဖြစ်ပါသည်။
No comments:
Post a Comment