Tuesday, April 16, 2013

ဥပဒေပေါ်ပေါက်လာပုံ နောက်ခံသမိုင်းအကျဉ်း

သမိုင်းဦးဘုံမြေခေတ်မှစ၍ ဥပဒေ၏သဘောတရားများရှိလာခဲ့သည်၊၊ ရှေးကျသောလူသား မျိုးနွယ်စုတို့သည် ဆွေမျိုးအုပ်စုများ  အဖြစ်စုဝေးနေထိုင်လာရင်း မိမိတို့ဘ၀လုံခြုံမှုအတွက် တဖက်မှရန်သူများနှင့်လည်း အစဉ် အမြဲလိုပင်တိုက်ခိုက်နေခဲ့ကြရသည်၊၊ သမိုင်းဦးဘုံမြေခေတ်၏ နောက်ပိုင်းတွင် တိရိစ္ဆာန်မွေးမြူရေးနှင့် စိုက်ပျိုး ရေးလုပ်ငန်းများ  တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့သည့်အလျှောက် လူ့အဖွဲ့အစည်း၏ပုံသဏ္ဍာန်သည်လည်း ပြောင်းလဲလာခဲ့သည်။ နီးစပ်ရာဆွေမျိုး အုပ်စုအဖွဲ့အစည်းများ ပူးပေါင်းလာခြင်းဖြင့် လူမျိုးအုပ်စု များပေါ်ပေါက် လာလေသည်။ လူတဦးချင်းစီအလိုက် အလုပ်တာဝန်ခွဲဝေမှု့များသည်လည်း ဖြစ်ပေါ်လာကြပေသည်။ ထိုအခြေနေများအောက်တွင် အစုအဖွဲ့အတွင်းရှိ လူအချင်းချင်းတို့သည် ညီညွတ်စည်းလုံးကြပြီး မိမိတို့၏ အသက်မွေးဝမ်းကြောင်းအတွက် အလေ့ကျပေါက်သောအသီးအနှံများကို စုပေါင်းဆွတ်ခူးကြခြင်း၊ အမဲလိုက်၊ ငါးဖမ်းကြခြင်းနှင့် အစားအစာများကို
မျှတစွာခွဲဝေစားသုံးရန်အတွက် ခေါင်းဆောင်လုပ်သူတဦးကို ရွှေးချယ်ပြီး အုပ်ချုပ်စေခဲ့သည်၊၊ ခေါင်းဆောင်လုပ်သူက ထိုလူ့အဖွဲ့အစည်းရှိလူများအား အစားအစာရှာဖွေရေးအတွက် လုပ်ငန်းတာဝန်များခွဲဝေပေးခြင်း၊ ရရှိသောဟင်းလျှာများကို လူအများအား မျှတစွာခွဲဝေပေးခြင်း၊ အဖွဲ့အစည်း တွင်းရှိလူအခြင်းခြင်း ခိုက်ရန်ဖြစ်ပွားမှုတို့အတွက် အမှုအခင်းများကိုစစ်ဆေးစီရင်ခြင်း စသည့်အုပ်ချုပ်မှုတာဝန် များကို ယူခဲ့ရသည်။ ထို့အတူမိသားစုတိုင်း ကြုံတွေ့ရသောပြဿနာများကိုဖြေရှင်းရန် အကြီးအကဲတဦးကို ရွေးချယ်၍ ပြဿနာများကိုဖြေရှင်းစေသည်။ ကိုးကွယ်ယုံကြည်မှုအရ တားမြစ်ချက်များ၊ ဓလေ့ထုံးစံအရ တားမြစ်ချက်များသည် သမိုင်းဦးကာလ၏ ဥပဒေများပင် ဖြစ်ပေသည်။

ထိုအချိန်၌လူတို့သည် အဖွဲ့အစည်းတရပ်လုံး၏ အကျိုးစီးပွားအတွက် လူအများက၀ိုင်းဝန်း ပူးပေါင်း၍ အလုပ် လုပ်ကြရ၏။ လုပ်အားဖြင့်ရရှိသောပစ္စည်းများကိုလည်း အုပ်ချုပ်မှုတာဝန်ကို ယူထားသူက စည်းကမ်းချက်များ သတ်မှတ်ကာ ခွဲဝေစားသောက်ခဲ့ကြ၏။ တနည်းအားဖြင့်ဆိုလျှင်- အြုပအမူဆိုင်ရာစည်းကမ်းချက်များကို သတ်မှတ်၍နေထိုင်လာခြင်းမျိုးဖြစ်ပေသည်။ ထို့ကြောင့် ထိုအချိန်ကာလမှစ၍ ဥပဒေသဘောတရားများ တည်ရှိလာခဲ့သည်ဟုပြော၍ရနိုင်ပေသည်၊၊
 ကျွန်ပိုင်ရှင်စံနစ် ထွန်းကားလာသည့်ကာလ၌လည်း လူ့အဖွဲ့အစည်းများသည် မိမိတို့၏ လုံခြုံရေးကို အကြောင်း ပြု၍သော်လည်းကောင်း၊ မိမိတို့ပိုင်ဆိုင်သော နယ်မြေဒေသကို အကြောင်းပြု၍သော်လည်းကောင်း စည်းကမ်း နည်းလမ်းများသတ်မှတ်လာကာ နေထိုင်ခဲ့ကြသည်၊၊
ဥပဒေ၏ ရှေးဦးအကျဆုံးအရင်းအမြစ်သည် ဥပဒေပြူခြင်းနှင့်ဖြတ်ထုံးများမဟုတ်ပဲ၊ ဓလေ့ထုံးစံများသာဖြစ်ပေ သည်။ ဓလေ့ထုံးစံများဖြစ်ပေါ်လာရခြင်းမှာလည်း လူသားတို့အနေဖြင့် နေ့စဉ်နေ့တိုင်းဖြတ်သန်းကြုံတွေ့နေရ သော လက်တွေ့ဘ၀၌ ကောင်းမွန်သင့်လျှော်မည်ဟုယူဆသော လူ့ကျင့်စဉ် Rule of Action များကို အလို အလျှောက် ကျင့်ကြံလိုက်နာခဲ့ကြခြင်းပင်ဖြစ်သည်။ နောင် သောအခါတွင် အဆိုပါလူ့အပြုအမူကျင့်စဉ်တို့သည် လူသားတို့၏ အြုပအမူဆိုင်ရာစည်းကမ်းချက်များ ဖြစ်လာကြပြီးနောက် ထိုစည်းကမ်းချက်များသည်ပင်လျှင် ထိုဒေသတွင်နေထိုင်ကြသောလူများ၏ ဓလေ့ထုံးစံများ၊ ဓလေ့ထုံးတမ်းများဖြစ်လာကြခြင်းဖြစ်ပေသည်။ အဆိုပါဓလေ့ထုံးတမ်းများကို ကြာရှည်ကြာမြင့်စွာ လိုက်နာကျင့်သုံးခဲ့ကြရာမှစ၍ ဓလေ့ထုံးတမ်းများသည် စည်းနှောင်အားရှိလာပြီး ဥပဒေကဲ့သို့စွမ်းအင်အာနိသင်နှင့်အာဏာများသက်ဝင်လာခဲ့ခြင်းဖြစ်ပေသည်။ ယင်းအချက်သည်ပင် ဥပဒေ၏အစ၊ ဥပဒေ၏သဘာဝဖြစ်ပေသည်။ ထို့ကြောင့်ပင်လျှင် “ဥပဒေအစ၊ ဓလေ့ထုံး တမ်းက ဟုပြောစမှတ်ြုပကြခြင်းဖြစ်ပေသည်။ 

ဓလေ့ထုံးတမ်းများနှင့် ဓလေ့ထုံးတမ်းဥပဒေများမှာ ကမ္ဘာပေါ်တွင်ပေါ်ပေါက်ခဲ့သော၊ အချို့နေရာများတွင် ယနေ့ထက်တိုင်ကျင့်သုံးနေသော ရေးသား၍မထားသည့် ဥပဒေများပင်ဖြစ်သည်။ နောက်ပိုင်းတွင် အုပ်ချုပ် ရေးစနစ်များပေါ်ပေါက်လာပြီးနောက် အဆိုပါထုံးတမ်းစဉ်လာနှင့် ဓလေ့ထုံးစံများကိုအမြှီုပ၍ အမှုအခင်းများကို စီရင်ဆုံးဖြတ်ကြရာမှ ပေါ်ထွက်လာသော စီရင်ချက်နှင့် ဆုံးဖြတ်ချက်များကို ဆက်လက်လိုက်နာစေခြင်း အားဖြင့်၊ ဖြတ်ထုံးသို့မဟုတ်၊ စီရင်ထုံးများအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။ အများအားဖြင့် စီရင်ထုံးနှင့် ဖြတ်ထုံးများမှာ အမှုကိုစစ်ဆေးစီရင် ဆုံးဖြတ်ရသော တရားသူကြီးများကပြုလုပ်ကြခြင်းဖြစ်သဖြင့် ၄င်းတို့ကို Judge-made Law ဟုလည်း ပြောစမှတ်ပြုကြပေသည်။
နှောင်းပိုင်းကာလများသို့ ရောက်ရှိလာသောအခါတွင်မူ လူသားတို့၏ ပတ်ဝန်းကျင်အခြေအနေမှာလည်း ပြောင်းလဲတိုးတက်လာခဲ့သည်နှင့်အညီ၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကိစ္စများ မှာလည်း ကျယ်ပြန့်နက်ရှိုင်း ရှုပ်ထွေးမှုများရှိလာပြီး၊ ရှေးကကျင့်သုံးလျှက်ရှိသည့် ဓလေ့ထုံးစံများနှင့် လိုက်လျှောညီထွေမရှိသည့်ကိစ္စများ လည်း ပေါ်ပေါက်လာခဲ့ပေသည်။ လူသားတို့၏ကူးလူးဆက်ဆံမှုနှင့် ကူးသန်းရောင်းဝယ်ရေးကိစ္စများ တွင်ကျယ် လာသည့်နှင့်အတူ လူမျိုးတမျိုးနှင့်တမျိုးအကြား၊ ဒေသတခုနှင့်တခုအကြားရှိ ဓလေ့ထုံးစံများ တူညီမှုမရှိသည့် အပေါ်တွင် အခက်အခဲများ ပိုမိုများပြားလာသဖြင့် လူ့အဖွဲ့အစည်းတရပ်ရှိအုပ်ချုပ်သူ (ဘုရင်များ)က၊ အုပ်ချုပ်ခံ လူထုအားလိုက်နာစေရန် စည်းကမ်းများသတ်မှတ်ပေးခြင်းဖြင့်၎င်း၊ အမိန့်များထုတ်ပြန်ခြင်းအားဖြင့်၎င်း ဥပဒေများကိုပြဌာန်း လာခဲ့ကြခြင်းဖြစ်ပေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...