တည်ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်သောကြောင့် တည်ဆဲဥပဒေအရပြစ်ဒဏ်ချမှတ်ရခြင်းမှာ ဥပဒေ ၏တရားကိုယ်သဘောဖြစ်သည်။ ပြစ်မှုကျူးလွန်နေစဉ်ကာလ၌ အတည်မဖြစ်သေးသော ဥပဒေဖြင့်သော်လည်း ကောင်း၊ ပယ်ဖျက်ပြီးဖြစ်သောဥပဒေဖြင့်သော်လည်းကောင်း အရေးမယူနိုင်ပေ။ လူတဦးတယောက်သည် ပြစ်မှု ကျူးလွန်စဉ်အခါ၌ အရေးယူနိုင်သည့် ဥပဒေမရှိခဲ့ပါမူ နောက်ပြုလုပ်သည့်ဥပဒေဖြင့် အဆိုပါပြစ်မှုကို အရေးယူ ဆောင်ရွက်၍မရချေ။
ယေဘုယျအားဖြင့် လက်ရှိ (ပစ္စုပ္ပါန်ကာလ၌) အတည်ဖြစ်နေသော ဥပဒေတရပ်နှင့်အညီ
ပြုမူဆောင်ရွက်ချက် တခုခုအား ပြုလုပ်ခြင်းမှာအပြစ်မဟုတ်ပေ၊ အပြစ်မရှိပေ။
သို့ရာတွင် ထိုသို့ဥပဒေနှင့်အညီ ထိုစဉ်ကပြုမူ ဆောင် ရွက်ခဲ့ခြင်းကိုပင်
အနာဂတ်ကာလ၌ ဥပဒေနှင့်မညီ၊ အပြစ်ရှိသည်ဟု ဆုံးဖြတ်ခြင်းကို
ဥပဒေကခွင့်မပြုပေ။ တနည်းအားဖြင့်ဆိုပါက အတိတ်ကာလကဥပဒေ အရ၊
ဥပဒေနှင့်အညီဆောင်ရွက်ချက်တခုခုကို ပြုလုပ်ခဲ့ခြင်း အား
ပစ္စပ္ပါန်ကာလ၌ဖြစ်စေ၊ နောင် အနာဂတ်ကာလ၌ဖြစ်စေ
ပြဌာန်းလိုက်သည့်ဥပဒေကိုအသုံးပြု၍ ဥပဒေနှင့်
မညီဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခြင်းမှာ
ဥပဒေကိုနောက်ကြောင်းပြန်အကျိုးသက်စေခြင်းဖြစ်သည်။ ထိုကဲ့သို့
နောက်ကြောင်းပြန်အကျိုးသက်ရောက်စေခြင်းကို ဥပဒေကခွင့်မပြုပေ။
အချို့ကိစ္စများ၌
အတည်ပြုခဲ့သောဥပဒေနှင့်လုပ်ငန်းကို အကောင်အထည်ဖော်လာခဲ့ပြီးမှ အံဝင်ဂွင်ကျ
မရှိမှုအပေါ် ဥပဒေတရပ် (အသစ်ဖြစ်စေ၊ ပြင်ဆင်ခြင်းဖြစ်စေ) ကိုထုတ်ပြန်ပြီး
ယခင်ဥပဒေကို ဖျက်သိမ်းစေ ခြင်း၊ သို့မဟုတ်၊ ပြောင်းလဲစေခြင်းဆိုသည့်
အချက်သည်လည်း ဥပဒေကို နောက်ကြောင်းပြန် အကျိုးသက် ရောက်စေခြင်းဖြစ်သည်။
အနီးကပ်ဆုံးဥပမာကိုပြရလျင်
၁၉၈၉ ခုနှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ ပါတီစုံဒီမိုက
ရေစီစနစ်ဖြင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များကို
ရွေးချယ်တင်မြောက်စေခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ဒီချုပ်) NLD
ပါတီသည် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ န၀တမှ ဥပဒေနှင့်အညီပေါ်ပေါက်လာ သော
ပြည်သူ့လွှတ်တော်အား အာဏာလွှဲပြောင်းပေးခြင်း မရှိဘဲ ၁၉၉၀ပြည့်နှစ်၊
ဇူလိုင်လ (၂၇) ရက်နေ့တွင် အမိန့်ကြေငြာစာ အမှတ် (၁/၉၀) ကိုထုတ်ပြန်၍ (၁၉၈၉)
ခုနှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေသည် နိုင်ငံတော်၏
ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန်အတွက်သာဖြစ်သည်ဟု ကြေညာခဲ့သည်။
အဆိုပါကြေညာ ချက်၏ အပိုဒ်(၂၀) တွင် “ထို့ကြောင့် ယနေ့အခြေအနေတွင်
ပြည်သူများကရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည်
အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို
ရေးဆွဲကြရန်တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်။”ဟူ၍၄င်း၊
အပိုဒ် (၂၁) တွင် “နိုင်ငံတော်အာဏာကိုရယူရေးအတွက် ယာယီဖွဲ့စည်းပုံ
အခြေခံဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို
မည်သည့်နည်းနှင့်မျှလက်ခံမည်မဟုတ်သည့် အပြင်၊ ထိုသို့ဆောင် ရွက်ပါက
ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ”
ကိုထုတ်ပြန်ကြေညာခြင်းအားဖြင့် ဥပဒေနှင့် မညီညွတ်သော
နောက်ကြောင်းပြန်အကျိုးသက်ရောက်မှုကို
ကျင့်သုံးခြင်းဖြစ်ကြောင်းပေါ်လွင်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအာဏာပိုင်များသည် တရားဥပဒေစိုးမိုးရေးကို
အလေးမထားဘဲ မျက်ကွယ်ြုပသောကြောင့် သာလျှင်ဖြစ်ပေသည်။
ထို့ပြင် ၁၉၉၁ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ကို ပြင်ဆင်သည့်ဥပဒေ” ကိုထုတ်ပြန်၍ ပုဒ်မ ၁၁-တွင် ပုဒ်မခွဲ (ည) နှင့် (ဋ) တို့ကိုဖြည့်စွက်ခြင်း၊ ပုဒ်မ ၈၀-က၊
၈၀-ခ၊ ၈၀-ဂ၊ နှင့် ၈၀-ဃ တို့ကိုဖြည့်စွက်ခဲ့ခြင်းဖြစ်ပြီး၊
အဆိုပါဖြည့်စွက်ချက်များသည် မူလပြဌာန်းပြီးဖြစ်သည့် ၁၉၈၉ခုနှစ်
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ စတင်အာဏာ တည်သည့်နေ့ဖြစ်သော“၁၉၈၉ ခုနှစ် မေ လ (၃၁) ရက်နေ့မှစ၍ အာဏာတည်သည်ဟုမှတ်ယူရမည်”
ဟု ၁၉၉၁ ခုနှစ် ပြင်ဆင်ချက်ဥပဒေ၏ ပုဒ်မ (၂) တွင်ပြဌာန်းထားခြင်းမှာ
ဥပဒေကို အတိအလင်း နောက်ကြောင်းပြန် အကျိုးသက်ရောက်စေခြင်းဖြစ်ပြီး၊ တရား
ဥပဒေစိုးမိုးမှုမရှိခြင်း၏ ထင်ရှားသော အမှတ်လက္ခဏာ လည်းဖြစ်ပေသည်။
အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးကျေညာစာတမ်း၏ အပိုဒ် ၁၁ (၂) တွင် “လူတဦး တယောက်သည်
ပြုလုပ်မှုကို၊ သို့တည်းမဟုတ် ပျက်ကွက်မှုကို ပြုစဉ်အခါက၊ ထြိုပလုပ်မှုသည်၊
သို့တည်းမဟုတ် ထိုပျက်ကွက်မှု သည် မိမိနေထိုင်ရာနိုင်ငံ၏ဥပဒေအရဖြစ်စေ၊
ပြည်ထောင် အချင်း ချင်းဆိုင်ရာဥပဒေအရဖြစ်စေ၊ ရာဇ၀တ်ပြစ်မှု မမြောက်လျှင်၊
ထိုသူအားရာဇ၀တ်ပြစ်မှုကျူးလွန်သည်ဟု မယူဆစေရ။ ပြစ်မှုတခုကိုကျူးလွန်စဉ်အခါက
ထိုပြစ်မှု အတွက်ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်
ပိုမိုကြီးလေးသောအပြစ်ဒဏ်ကို ထိုက်သင့် ခြင်းမရှိစေရ” ဟု ပြဌာန်းထားပေသည်။
အပြည်ပြည်ဆိုင်ရာ
နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (ICCPR) အပိုဒ်
၁၅ (၁)၌ “မည်သူမဆို မိမြိုပသောအမှုသည် ပြည်တွင်းဥပဒေအရဖြစ်စေ၊
အပြည်ပြည်ဆိုင် ရာဥပဒေအရဖြစ်စေ၊ ကျူးလွန်သောအချိန်တွင်
ရာဇ၀တ်ပြစ်မှုအဖြစ်ပြဌာန်းထားချက်မရှိလျှင်၊ ၄င်းအား ရာဇ၀တ် (ပြစ်မှု)
ကျူးလွန် သည်ဟူ၍ အရေးယူခြင်းမြုပရ။ သို့မဟုတ်ြုပမိသောရာဇ၀တ်မှု အတွက်
အပြစ်မပေးနိုင်။ အကယ်၍ ၄င်း၏ ကျူးလွန်မှုနောက်ပိုင်းတွင် ဥပဒေပြဌာန်းချက်အရ
လျှော့ပေါ့သော ပြစ်ဒဏ်သတ်မှတ်ချက်များရှိလာပါက
ထိုလျှော့ပေါ့ချက်ကိုခံစားခွင့်ရှိသည်”
ဟု ပြဌာန်းထားပါသည်။ ဤကဲ့သို့ပြဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ ပထမအနေဖြင့်
အစိုးရအဖွဲ့သစ် များက ယခင်ကရာဇ၀တ်မှုမဟုတ်သောအမှုများကို ရာဇ၀တ်မှုဖြစ်လာအောင်
ဥပဒေသစ်များကို ဖန်တီးရေးဆွဲခြင်းမှ ကာကွယ်ရန်စြဖ်သည်။ ဥပမာအားဖြင့်
အလုပ်သမားသမဂ္ဂများသည် မူလက တရားဝင်အသင်းများဖြစ်ခဲ့ကြပြီး၊
နောက်ပိုင်းတွင်နိုင်ငံရေးလှုပ်ရှားမှုများဖြင့် ထင်ရှားလာသောအခါ
ထိုအသင်းများကို “အကြမ်းဖက်အသင်း”ဟူသော
အရေးပေါ်ဥပဒေထုတ်ကာ သတ်မှတ်ခံရခြင်း၊ သို့မဟုတ်၊ တရားဝင်နိုင်ငံရေးပါတီတခု၏
အဖွဲ့ဝင်များကို ထိုပါတီအား မတရားအသင်းအဖြစ် ကြေညာပြီးနောက် အဆိုပါ
ပါတီဝင်များကို အသစ်ပြဌာန်းလိုက်သော ဥပဒေဖြင့်အရေးယူအပြစ်ပေး
ခြင်းမျိုးဖြစ်သည်။ ဒုတိယအနေဖြင့် အစိုးရအဖွဲ့သစ်က
ထောင်ဒဏ်အပြစ်ပေးခံရသူများကို ချမှတ်ခဲ့သောအပြစ်ဒဏ်ထက် ပိုမိုကြီးလေးသော
အပြစ်ဒဏ်များ ထပ်ဆင့်ချမှတ်၍ အပြစ်ပေးခြင်းမျိုးမှ ကာကွယ်ရန်ဖြစ်ပေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အပေါ် န၀တသည် ၁၉၈၉ခုနှစ်
ဇူလိုင်လ(၁၉) ရက်နေ့မှစ၍ “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူ
များ၏ဘေးအန္တရာယ်မှ ကာကွယ်စောင်ရှောက်သည့်ဥပဒေ” ပုဒ်မ၁၀-(က)(ခ)အရအရေးယူပြီး
နေအိမ်တွင်အကျယ်ချုပ်ဖြင့် ထိန်း သိမ်းခဲ့ပါသည်။
အဆိုပါဥပဒေ၏မူလပြဌာန်းချက်အရ၊ အများဆုံး
စုစုပေါင်းထိန်းသိမ်းနိုင်သည့်ကာလမှာ (၃)-နှစ်အထိသာလျှင်ဖြစ်ပါသည်။
သို့ရာတွင် ကြာမြင်စွာ ဆက်လက်၍ဖမ်းဆီးထိန်းသိမ်းထားလိုသဖြင့် ၁၉၉၁ ခုနှစ်
တွင် ထိုဥပဒေအရဖြစ်သော မူလ(၃) နှစ် အစား၊ “၀န်ကြီးအဖွဲ့သည်
ဆက်လက်ဖမ်းဆီးချုပ်နှောင်ရန်ဖြစ်စေ၊ ဆက်လက်တားဆီးမှုပြုလုပ်ရန် ဖြစ်စေ၊
ကြိုတင်ခွင့်ပြုချက်ပေးရာတွင် တစ်ကြိမ်လျှင်တစ်နှစ်ထက်မပိုစေဘဲ၊ စုစုပေါင်း
(၅) နှစ်အထိ ခွင့်ပြုနိုင်သည်။”ဟုပြင်ဆင်ပြောင်းလဲသတ်မှတ်လိုက်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား
မူလဖမ်းဆီးထိန်းသိမ်းစဉ်ကာလက တည်ရှိသောအမြင့်ဆုံးပြစ်ဒဏ်မှာ (၃) နှစ်
သာဖြစ်၍၊ ၄င်းအပေါ်တွင် အဆိုပါဥပဒေအရ အရေးယူသည့်တိုင်အောင် (၃) နှစ်ထက်ပို၍
ဖမ်းဆီးထိန်းသိမ်း ခြင်း မပြုရပါ။ သို့ရာတွင်စစ်အာဏာရှင်တို့သည်
တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာခြင်းမရှိဘဲ နောက်မှ
ပြင်ဆင်ပြောင်းလဲသည့်ဥပဒေ၏ ကြီးလေးသောပြစ်ဒဏ်ကိုအသုံးပြုခြင်းအားဖြင့်
ဥပဒေကို နောက်ကြောင်းပြန် အကျိုးသက်ရောက်စေခြင်းဖြစ်သည်။ ထိုကိစ္စမှာ
နိုင်ငံတကာလေးစားလိုက်နာ ကြသည့် တရားစီရင်ရေးမူနှင့် ဥပဒေ၏အခြေခံမူကို
ပြောင်ပြောင်တင်းတင်းချိုးဖေါက်ခြင်းပင်ဖြစ်ပေသည်။
No comments:
Post a Comment