ဥပဒေသည်လူတန်းစားမရွေး၊ လူမျိုး၊ ဘာသာမရွေး၊ ကျားမမရွေး၊ လူအားလုံးနှင့် သက်ဆိုင်သဖြင့် ဥပဒေရှေ့မှောက်၌ခွဲခြားမှုမရှိပေ။ ဥပဒေသည် အဆင့်အတန်းသော်လည်းကောင်း၊ လူတန်းစားသော်လည်း ကောင်း ခွဲခြားမှုရှိခဲ့လျှင် ဥပဒေသည်မတရားသော အမိန့်သာလျှင်ဖြစ်ပေသည်။ ဥပဒေသည် လူပုဂ္ဂိုလ်အပေါ် ၌ခွဲခြားမှုမရှိသည့်အပြင် လူပုဂ္ဂိုလ်သည်လည်း ဥပဒေ၏ရှေ့မှောက်၌ ခွဲခြားမှုမရှိရပေ။ လူအားလုံးသည် ဥပဒေ ၏အကာအကွယ်ကို ရယူပိုင်ခွင့်ရှိရမည်။ ဥပဒေသည် လူသားအားလုံးအတွက်ဖြစ်ပြီး လူသားအားလုံးအပေါ်၌ တူညီသော နည်းလမ်းတမျိုးတည်းဖြင့်သာ ကျင့်သုံးရန်ဖြစ်သည်။ ထိုအချက်ကိုလည်း ဥပဒေအရ ပြဌာန်းထားရှိ ပြီး ဖြစ်ရမည် ဖြစ်သည်။
ကမ္ဘ
ာ့လူ့အခွင့်အရေးကျေညာစာတမ်း အပိုဒ် ၁၀ ၌၊ “အခွင့်အရေးများနှင့်
တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်၎င်း၊
ပြစ်မှုကြောင်းအရတရားစွဲဆိုခြင်း၌ အဆုံးအဖြတ်ခံရာတွင်၎င်း၊ လူတိုင်းသည်
လွတ်လပ်၍အဂတိမလိုက်စားသောတရားရုံးတော်၏ လူအများရှေ့မှောက်တွင် တရားမျှတစွာ
ကြားနာစစ်ဆေး ခြင်းကို တူညီစွာခံစားပိုင်ခွင့်ရှိသည်”ဟု
ပြဌာန်းထားပါသည။် အပြည်ပြည်ဆိုင်ရာနိုင်ငံသားနှင့် နိုင်ငံရေး
အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၄ (၁) ၌ လည်း
“တရားရုံးနှင့်ဥပဒေခုံရုံးများ၏ ရှေ့မှောက်၌
လူတိုင်းတန်းတူအခွင့်အရေးရှိသည်။ လူတိုင်းသည် မိမိတို့အပေါ်(သို့မဟုတ်)
အခွင့်အရေးအပေါ် စွဲချက်တင် ခြင်းနှင့်အမိန့်ချမှတ်ခြင်းတို့အတွက်
ပြည်သူအများရှေ့မှောက်၌ဖြစ်သော အရည်အချင်းရှိပြီး၊ လွတ်လပ်၍ ဘက်မလိုက်ဘဲ
ဥပဒေအရ တည်ထောင်ထားသော တရားစီရင်ရေးရုံးများတွင်
အများပြည်သူတို့ရှေ့မှောက်၌ ကြားနာစစ်ဆေးခံရန် အခွင့်အရေးရထိုက်သည်။”
ဟုဖေါ်ပြထားပါသည်။ ထို့ပြင်၎င်းစာချုပ်၏ အပိုဒ် ၂၆ ၌ လည်း “လူတိုင်းသည်
ဥပဒေရှေ့မှောက်တွင် အညီအမျှဖြစ်ပြီး၊ မည်သည့်နည်းနှင့်မျှ
ခွဲခြားဆက်ဆံမှုမရှိဘဲ ဥပဒေ၏အကာအကွယ်ကို ညီတူညီမျှခံစားပိုင်ခွင့်ရှိသည်။ -
-ဤကဲ့သို့ပင် အသားအရောင်၊ လိင်၊ ဘာသာ စကား၊ ဘာသာရေး သို့မဟုတ်၊ အခြားအယူအဆ၊
အမျိုးသားဇစ်မြစ် သို့မဟုတ် လူမှုရေးဇစ်မြစ်၊ ဥစ္စာဓန၊ မျိုးရိုးဇာတိနှင့်
အခြားအဆင့်အတန်းခြားနားမှုရှိသောလူတို့ကို အစိုးရက တူညီစွာနှင့်
ထိရောက်စွာအာမခံ ပေးလျက် ကာကွယ်ပေးရမည်” ဟုဖေါ်ပြပြဌာန်းထားပါသည်။
ဥပဒေရှေ့မှောက်၌တူညီသော
အခွင့်အရေးရှိသည်ဆိုရာတွင် အမှုနှင့်ပတ်သက်၍ တရားစွဲဆိုသူနှင့်
စွပ်စွဲခံရသူအကြားတွင် တဘက်ဘက်သို့မလိုက်ပဲ မျှတတည့်မတ်စွာတရားစစ်ဆေးစီရင်
နိုင်ရန်မှာ အရေးကြီး သောကိစ္စရပ်ဖြစ်ပါသည်။ တရားမျှတသော
စစ်ဆေးစီရင်မှုဖြစ်စေရန်အတွက် တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်ရှိသည်ဟု
သက်သေထင်ရှားမပြနိုင်သရွေ့ အပြစ်ကင်းမဲ့သူ ဟုမှတ်ယူခံရခွင့်၊
မိမိအမှုအပေါ်ခုခံကာကွယ် ရန်အတွက် ပြင်ဆင်ရန်အချိန်နှင့် အထောက်အကူနှင့်
ရှေ့နေရှေ့ရပ်များရယူပိုင်ခွင့်၊ တရားစစ်ဆေးစီရင်ခြင်း မတိုင်မီနှင့်
တရားစစ်ဆေးစီရင်နေသောအချိန်အတွင်း
လွတ်လပ်သောတရားဝင်တင်ပြချက်ပေးနိုင်ခွင့်၊ မိမိ အနေဖြင့်
သက်သေများကိုမေးမြန်းခွင့်နှင့် မိမိအတွက်သက်သေများကိုခေါ်ယူနိုင်ခွင့်၊
အသနားခံပိုင်ခွင့်စသည် တို့သည် အနိမ့်ဆုံးသော စံသတ်မှတ်ချက်များဖြစ်ပေသည်။
ထို့အပြင်
ဥပဒေရှေ့မှောက်၌ မည်သူမဆို တူညီသောအခွင့်အရေးရှိသည် ဟုဆိုရာ၌ တရားမျှတမှု
ဖြစ်စေရန်အတွက် မူလပြဌာန်းထားသော သင့်တင့်လျှောက်ပတ်သည့်
စံချိန်စံညွှန်းမီဥပဒေများ ရှိနေပြီးဖြစ်ရန် လိုပါသည်။
နိုင်ငံတခုအတွင်း၌ရှိသောလူများအားလုံးသည် အဆိုပါနိုင်ငံ
အတွင်း၌ပြဌာန်းထားသော ဥပဒေများ ကိုလိုက်နာရမည့်တာဝန်ရှိသူများဖြစ်သည်
ဆိုသည့်အချက် မှာအရေးကြီးပါသည်။ မည်သူမဆို နိုင်ငံအတွင်း၌ တည်ရှိနေသော
တရားရုံးများ၏ရှေ့မှောက်၌ ပြဌာန်းထားသောဥပဒေများနှင့်အညီ တရားစီရင်ခြင်းကို
လိုက်နာရ မည်ဖြစ်ပြီး၊ မည်သည့်အစိုးရ၀န်ထမ်း၊ အရာရှိ၊ အာဏာပိုင်မျှ
ထိုအချက်ကိုရှောင်လွှဲခွင့်မရှိပေ။ ထို့အတူ မည်သည့် အာဏာပိုင်
အစိုးရအရာရှိကမျှ မိမိတို့ရရှိထားသောအာဏာကို အလွဲသုံးစာြးုပ၍ ဥပဒေကို
မထီမဲ့မြင် ပြုခြင်း မပြုလုပ်နိုင်ပေ။ ဥပဒေပြဌာန်းချက်များသည်
မည်သူ့ကိုမျှမျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ တရားမျှတမှုနှင့်
လွတ်လပ်စွာတရားစီရင်မှုအတွက် ဥပဒေရှေ့မှောက်တွင် အားလုံးအတူတူပင်ဖြစ် သည်ဆို
သည့် အချက်ပင်ဖြစ်ပေသည်။
ဆက်စပ်မှုအရ၊
ချွင်းချက်တခုအနေဖြင့်သိထားသင့်သည့်အချက်မှာ တရားရုံး၏စီရင်ပိုင်ခွင့်
အာဏာမှ (ဥပဒေအရ) ကင်းလွတ်ခွင့်ရသူများအကြောင်းဖြစ်သည်။ ဥပမာအားဖြင့်-
အင်္ဂလိပ် တရားရုံးသည် အင်္ဂလန် နိုင်ငံအတွင်း နေထိုင်သူများအပေါ်
စစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိသည်။ သို့ရာတွင် ¹ခွင်းချက်အနေဖြင့် နိုင်ငံ
ခြားကြီးအကဲများ၊ သံတမန်အဖွဲ့ဝင်များဖြစ်လျှင် အင်္ဂလိပ်တရားရုံး၏
စီရင်ပိုင်ခွင့်အာဏာမှ ကင်းလွတ်ခွင့်ရကြ ပေသည်။
မြန်မာနိုင်ငံတွင်လည်း
တရားမမှုများနှင့်ပတ်သက်၍ နိုင်ငံခြားအကြီးအကဲများသည် မြန်မာနိုင်ငံ
တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာမှ ကင်းလွတ်ခွင့်ရှိကြောင်း
တရားမကျင့်ထုံးဥပဒေပုဒ်မ (၈၃) မှ (၈၆) အထိ တို့တွင်
သတ်မှတ်ပြဌာန်းထားပေသည်။ သို့ရာတွင်ပြစ်မှုနှင့်ပတ်သက်လာလျှင်
ထိုကဲ့သို့သီးခြားသတ်မှတ် ပြဌာန်းထားခြင်းမရှိသည့်အပြင် ရာဇသတ်ကြီးခေါ်
ပြစ်မှုဆိုင်ရာဥပဒေတွင် မည်သူမဆိုပြစ်မှုကျူးလွန်လျှင် အပြစ်ပေးခြင်းခံရမည်ဟု
ပြဌာန်းထားသည်ကို တွေ့ရသည်။ နိုင်ငံခြားအကြီးအကဲများကို ကင်းလွတ်ခွင့်များ
ပေးရာ၌ နှစ်မျိုးနှစ်စားရှိပေသည်။ ပထမတမျိုးမှာ ပုဂ္ဂိုလ်ရေးကင်းလွတ်ခွင့်
ဖြစ်ပြီး၊ ဒုတိယတမျိုးမှာ ပစ္စည်းဆိုင် ရာကင်းလွတ်ခွင့် တို့ဖြစ်သည်။
၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်းတွင် သံအဖွဲ့အကြီးအကဲ (၃) မျိုးကိုဖေါ်ပြထားသည်။ ၄င်းတို့မှာ
(က) နိုင်ငံများ၏အကြီးအကဲများထံသို့ စေလွှတ်ခန့်အပ်သည့် သံအမတ်ကြီးများ၊
ရဟန်း မင်းကြီး၏ သံတမန် များ၊ အဆင့်ညီ အခြားသံအဖွဲ့အကြီးအကဲများ။
(ခ) နိုင်ငံများ၏အကြီးအကဲ များထံသို့ စေလွှတ်ခန့်အပ်သည့် သံတမန်များ၊ သံအမတ်များနှင့် ရဟန်းမင်းကြီး၏ သံတမန်ငယ်များ။
(ဂ)နိုင်ငံခြားရေးဝန်ကြီးများထံ စေလွှတ်ခန့်အပ်သည့် သံရုံးတာဝန်ခံများ ဟူ၍ဖြစ်သည်။
၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်း၊ အပိုဒ် ၄၁ တွင် သံတမန်တို့လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများကို ဖေါ်ပြထားရာတွင်
(၁) အခွင့်အရေးနှင့်ကင်းလွတ်ခွင့်များရရှိသူအားလုံးသည် မိမိ တို့၏
အခွင့်အရေးများနှင့် ကင်းလွတ်ခွင်များကို မထိခိုက်စေဘဲ လက်ခံသည့်နိုင်ငံ၏
တရားဥပဒေ များနှင့် စည်းမျဉ်းဥပဒေများကိုလေးစားရန် တာဝန်ရှိကြသည်။
ထို့အပြင် ၄င်းတို့သည် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စများတွင်
ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း တာဝန်ရှိသည်။
(၂) စေလွှတ် သည့်နိုင်ငံက သံအဖွဲ့အား လွှဲအပ်သော လက်ခံသည့်နိုင်ငံနှင့်
ဆောင်ရွက်ရမည့်ရုံးကိစ္စအားလုံးကို လက်ခံသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊
သို့မဟုတ်၊ သဘောတူကြသည့် အခြားဝန်ကြီးဌာနနှင့် ဖြစ်စေ၊ ထိုဌာနမှတဆင့်ဖြစ်စေ
ဆောင်ရွက်ရမည်။
(၃) ဤကွန်ဗင်းရှင်းအရဖြစ်စေ၊ နိုင်ငံအများ လက်ခံသည့်
အပြည်ပြည်ဆိုင်ရာဥပဒေပါ အခြားစည်းမျဉ်းများအရ ဖြစ်စေ၊
စေလွှတ်သည့်နိုင်ငံနှင့် လက်ခံသည့်နိုင်ငံတို့အတွက် တည်ဆဲအထူးသဘောတူ
စာချုပ်များအရဖြစ်စေ၊ ချမှတ်ထားသော သံအဖွဲ့၏လုပ်ငန်းတာဝန်များနှင့်
ဆန့်ကျင်၍ သံအဖွဲ့ဥပစာကို မည်သို့မျှအသုံးမြုပရ။ ဟုဖေါ်ပြ ထားပါသည်။
ထိုကဲ့သို့ သံတမန်များအတွက် ကင်းလွတ်သက်သာခွင့်များပေးထားခြင်းကို (Diplomatic Immunity)
ပေးထားခြင်းဖြစ်သည်ဟုဆိုပါသည်။ ၄င်းတို့သည် ရောက်ရှိနေသောနိုင်ငံ၏
ပြစ်မှုဆိုင်ရာ ဥပဒေနှင့် တရားမဥပဒေများကို လိုက်နာစေခြင်းမှ
ကင်းလွတ်ခွင့်ရသူများဖြစ်ပါသည်။
No comments:
Post a Comment