ဥပဒေပြုအဖွဲ့
(ပါလီမန်) တခုခု၏ ဆောင်ရွက်ချက်ကိုဖြစ်စေ၊ ဥပဒေတခုခုကိုဖြစ်စေ ဖွဲ့စည်းပုံ
အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်
ကိုက်ညီခြင်းရှိမရှိကိုသော်လည်းကောင်း၊ ထို့ပြင်၎င်းဥပဒေကို ကျင့်သုံးအကောင်အထည် ဖေါ်ကြသည့် အဖွဲ့အစည်းတို့၏ ဆောင်ရွက်ချက်များကိုသော်လည်းကောင်း တရားရေးဆိုင်ရာအမြင်ဖြင့်
(အမြင့်ဆုံးတရားရုံး (သို့) သီးသန့်တရားရုံးက) ချိန်ထိုး
သုံးသပ်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်သူ့ လွှတ်တော် (သို့) ပါလီမန်၏
သြဇာလွှမ်းမိုးမှုကင်းသော၊ လွတ်လပ်သောအဖွဲ့ တခုခုက ပြဌာန်းဥပဒေတို့သည်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်းရှိမရှိကို ဆုံးဖြတ်ရန်လိုအပ်သည်ဟု
ဝေဖန်သုံးသပ်ကြခြင်းဖြစ်သည်။
ပြဌာန်းဥပဒေများကို ထိုကဲ့သို့အကဲဖြတ်သုံးသပ်ရာတွင် ပါလီမန်ကသာ
ဆုံးဖြတ်ခြင်း ဖြစ်ပါက ၄င်း၏အကြိုက် ကိုသာလိုက်၍
ဆုံးဖြတ်နိုင်ဖွယ်ရာရှိပေသည်။ ထို့ကြောင့်လွှတ်တော်(သို့) ပါလီမန်က
ပြုလုပ်သည့် ဆုံးဖြတ်ချက် များ၊ ဥပဒေများကို
ပြန်လည်သုံးသပ်ပိုင်ခွင့်ရှိသော တရားရုံးတော်များ၊ သို့မဟုတ်၊
သီးသန့်ဖွဲ့စည်းထူထောင် ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
တရားရုံးကဲ့သို့သော အဖွဲ့အစည်းတခု ရှိရန်လိုသည်ကို ဆိုလိုခြင်းဖြစ်ပေသည်။
ဥပဒေတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုရှိမရှိကို
တရားရေးဆိုင်ရာအမြင်ဖြင့် သုံးသပ်စေ ခြင်းအားဖြင့်
စံချိန်စံနုန်းကိုက်ညီသော ဥပဒေကောင်းများပေါ်ထွက်လာမည်ဖြစ်သကဲ့သို့၊
ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာပိုင်များ၏ လုပ်ဆောင်ချက်များသည်
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ် ခြင်းရှိမရှိကို
တရားရေးဆိုင်ရာအမြင်ဖြင့် သုံးသပ်ခြင်းအားဖြင့်
ကောင်းမွန်သောအစိုးရတခုဖြစ်အောင် ထိန်းကျောင်း ပေးနိုင်မည်ဖြစ်ပေသည်။
ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြဌာန်းထားခြင်းရှိမရှိကို
တရားရေး ဆိုင်ရာအမြင်ဖြင့် သုံး သပ်ခြင်းပြုရမည်ဖြစ်ပေသည်။
တနည်းအားဖြင့်ဆိုသော် ဥပဒေပြုကဏ္ဍတွင် (ပါလီမန်) တို့၏ လုပ်ဆောင် ချက်နှင့်
အစိုးရအဖွဲ့တို့၏ ဆောင်ရွက်ချက်တို့သည် ဖွဲ့စည်းပုံအခြေခံ
ဥပဒေပါပြဌာန်းချက်များနှင့် တစုံတရာ ဆန့်ကျင်ကွဲလွဲချွတ်ချော်မှုရှိ၊
မရှိကို စစ်ဆေးကြပ်မခွင့်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို
အနက်အဓိပ္ပါယ်ဖွင့်ဆို ပိုင်ခွင့်အာဏာ Interpretation of the constitution
ကို တရားလွှတ်တော်ချုပ်အားပေးအပ် ထားခြင်းပင် ဖြစ်သည်။
ထို့ပြင်ပါလီမန်နှင့်တကွအခြားသော ဥပဒေပြုပိုင်ခွင့်ရှိကြသည့်
(အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ) အဖွဲ့ အစည်းတစ်ခုခုမှ
ဥပဒေများကို ထုတ်ပြန်ရာတွင်လည်း လွဲမှားမှုရှိလျှင်သော်လည်းကောင်း၊ နိုင်ငံ၏
နိုင်ငံရေးစနစ်နှင့် ကိုက်ညီမှုမရှိလျှင်သော်လည်းကောင်း တွေ့ရှိရလျှင်
နိုင်ငံတော်၏အမြင့်ဆုံးတရားလွတ်တော် ချုပ်မှ ထိုဥပဒေ၏ တရားဝင်အတည်ဖြစ်မှု
ရှိမရှိကို အဆုံးအဖြတ်ပေးရသည်။ တနည်းဆိုသော် ဥပဒေများ၏ အနက်
အဓိပ္ပါယ်ဖွင့်ဆိုခွင့် Interpretation of the constitution ကိုလည်း
အမြင့်ဆုံးတရားရုံးသို့ ပေးအပ်ထား ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရားလွှတ်တော်ချုပ်တရား
သူကြီးများအား အမေရိ ကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသော်လည်းကောင်း၊
အမေရိကန် ကွန်ဂရက်ကပြဌာန်း ပေးလိုက်သော ဥပဒေများကိုသော်လည်းကောင်း
အဓိပ္ပါယ်ဖွင့်ဆိုနိုင်ခွင့်အါဏာများကို အပ်နှင်းထားရှိ ဆောင်ရွက်ကြသည်။
အချို့သောနိုင်ငံတို့တွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး Constitutional
Court များကို သီးခြားဖွဲ့စည်း ဆောင်ရွက်သည်။ ဥပမာ-
ဂျာမန်ပြည်ထောင်စုသမတနိုင်ငံ အာရပ်ပြည်ထောင်စုသမတနိုင်ငံ စသည်တို့ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၌ ၁၈၀၃ ခုနှစ်တွင်ဖြစ်ပွားသော မာဘားရီးနှင့်
မဲ့ဒဆင်အမှု Marbury V. Madison (1803) decision သည် ဥပဒေသမိုင်း
တွင်ထင်ရှားပေသည်။ ထိုအမှုကြောင့် တရားရုံးချုပ်အား တရားဥပဒေကို သုံးသပ်
အဆုံးအဖြတ်ပေးနိုင်သော အခွင့်အာဏာကို အပ်နှင်းလိုက်ခြင်းဖြစ်ပေသည်။
တရားသူကြီးချုပ် ဂျွန် John Marshall ရေးသားထားသော
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် လွတ်လပ်သော
တရားစီရင်ပိုင်ခွင့်ရှိခြင်း တို့က တရားရုံးချုပ်အား
တရားရေးဆိုင်ရာအမြင်ဖြင့် သုံးသပ်နိုင်ခွင့်ရှိခြင်းကို ရည်ရွယ်ပေသည်။
တရားရုံးချုပ် သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သာမန်ဥပဒေတို့
အတိုက်အခံဖြစ်နေလျှင် (ဆန့်ကျင်ကွဲလွဲနေလျှင်) ထိုဥပဒေ ကို
တရားရေးဆိုင်ရာအမြင် ဖြင့်သုံးသပ်ဝေဖန်ကာ
ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိရပေမည်ဟုဆိုသည်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့်
သာမန်ဥပဒေတို့ထိပ်တိုက်တွေ့လာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာလျှင်
ဦးစားပေးရမည်ဟု ဆိုခြင်း ဖြစ်ပေသည်။
S.L. Kaeley က ယင်း၏ “World Constitutions” စာအုပ်တွင်-
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည်လည်း
အိန္ဒိယတရားလွှတ်တော်ချုပ်ကို ပေးအပ်ထားသောအာဏာများတွင်- အိန္ဒိယပါလီမန်က
ထုတ်ပြန်သော ဥပဒေများကိုလည်းကောင်း၊ အိန္ဒိယပြည်နယ်များက
ထုတ်ပြန်သောဥပဒေများကိုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ကိုက်ညီခြင်းရှိမရှိကို စစ်ဆေးပြီး၊
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုမရှိပါက ကန့်
ကွက်နိုင်ခွင့်ရှိကြောင်း- တွေ့ရှိရသည်ဟု ရေးသားထားသည်။ သို့သော်လည်း
အိန္ဒိယတရားလွှတ်တော်ချုပ်အား အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကဲ့သို့
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုရှိလင့်ကစား တရားမျှ
တမှုမရှိဟုထင်မြင်ယူဆပါက ဥပဒြေုပကဏ္ဍနှင့် အုပ်ချုပ်မှု (စီမံခန့်ခွဲမှု)ကဏ္ဍတို့၏
လုပ်ဆောင်ချက်များအပေါ် ကန့်ကွက်ပိုင်ခွင့်အာဏာ အပ်နှင်းမထားပေ။
မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း(၈)
ပုဒ်မ ၁၃၇တွင် “တရားဥပဒေတခုသည် အခြေခံဥပဒေရှိပြဌာန်းချက်များအရ
ခိုင်လုံသည်၊ မခိုင်လုံသည် ဟူသော ပြဿနာပေါ်ပေါက်နေသည့်အမှုများ ကို၊
တရားလွှတ်တော်ချုပ်၏ အယူခံစီရင်ပိုင်ခွင့်အာဏာဖြင့်၊ မစီရင်မဆုံးဖြတ်ရဟု
မည်သည့်တရားဥပဒေမျိုး ကိုမျှ မပြုရ။”
ဟုပြဌာန်းထားချက်အရ ဥပဒေများ၊ အမိန့်များ၊ အုပ်ချုပ်ရေးအာဏာပိုင်တို့၏
ဆောင်ရွက်ချက် များ အစရှိသည်တို့အား
ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင့်
ကိုက်ညီခြင်းရှိမရှိအပေါ်သုံးသပ်ခွင့်ကို တရားလွှတ်တော်ချုပ်သို့
ပေးအပ်ထားကြောင်း တွေ့ရှိရပေသည်။
၁၉၇၄ ခုနှစ်
ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ
၂၀၁ ၌ “ပြည်သူ့ လွှတ်တော်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏
အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များကို လိုအပ်သလို အခါအားလျှော်
စွာထုတ်ပြန်နိုင်သည်”
ဟုပြဌာန်းထားသဖြင့်၎င်း၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃ (ခ) အရ
နိုင်ငံတော် ကောင်စီသည် “ဤဖွဲ့စည်းပုံအခြေခံဥပဒေမှအပ အခြားဥပဒေများ၏
အနက်အဓိပ္ပါယ်ကို တညီတညွတ်တည်း ဖြစ်စေရန်ဖွင့်ဆိုခြင်း”အတွက် အာဏာအပ်နှင်းထားပြီး၊ ထိုအာဏာကို နိုင်ငံတော်၏အမြင့်ဆုံးတရားရုံးသို့ ပေးအပ်ထားခြင်းမရှိပေ။
ထို့ကြောင့် ပြည်သူ့လွှတ်တော်ကြုပလုပ်ပြဌာန်းလိုက်သည့်
ဥပဒေများကိုသော်လည်းကောင်း၊ အုပ်ချုပ်ရေး အာဏာပိုင်များကထုတ်ပြန်သည့်
ဥပဒေများကိုသော်လည်းကောင်း တရားရေးအမြင်ဖြင့် သုံးသပ်နိုင်ခြင်း
မရှိခဲ့သဖြင့် တပါတီစံနစ်ကိုကျင့်သုံးခဲ့သည့် မဆလခေတ်ကာလတလျှောက်လုံး၌
ထုတ်ပြန်ခဲ့သည့်ဥပဒေ အများစုသည် ပြည်သူလူထုအကျိုးစီးပွားထက်စာလျှင်
အာဏာပိုင်အုပ်ချုပ်သူများ၏ အကျိုးစီးပွားကို အကာ အကွယ်ပေးသည့်
ဥပဒေများဖြစ်နေကြောင်းကိုတွေ့ရှိရမည်ဖြစ်ပေသည်။ ထို့ကြောင့်ပင်လျှင် ၁၉၆၂
ခုနှစ်တွင် စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း၌ မြန်မာနိုင်ငံတွင်
တရားဥပဒေစိုးမိုးရေးသဘောတရားများမှာ တဖြည်း ဖြည်းခြင်း မှေးမှန်ကွယ်
ပျောက်ခဲ့ရပြီးနောက် အာဏာရှင်များကြီးစိုးမှုအောက်၌ ပြည်သူလူထုအား
ဖိနှိပ်ချုပ် ချယ်သော အမိန့်များကိုသာ အတင်းအကြပ်လိုက်နာခဲ့ရပြီး၊
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးများ
ကွယ်ပျောက်ဆိတ်သုဉ်းခဲ့ရခြင်းဖြစ်ပေသည်။
No comments:
Post a Comment