Predictability: The law cannot be supreme if it is unclear or not know
တရားဥပဒေ၏ အနက်သဘောအဓိပ္ပါယ်ကို လူတိုင်းသိ့ရှိ နားလည်သဘောပေါက်နိုင်ရန်
ရှင်းလင်းတိကျစွာ ရေးသားပြဌာန်းရမည်ဖြစ်သည်။ ဥပဒေကျွမ်းကျင်သူတို့သည်
ဥပဒေကို မလိမ့်တစ်ပါတ်လုပ်ပြီး အဓိပ္ပါယ်နှစ်ခွ ထွက်စေခြင်းဖြင့်
ပညာအခြေခံနည်းပါးသူ၊ ဥပဒေနှင့် အကျွမ်းတ၀င် မရှိသူများအပေါ်
ချယ်လှယ်ခဲ့ကြသည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးမှုကို ဖြစ်ထွန်းစေရန်အတွက်
ရှင်းလင်းတိကျ ပြတ်သားသော ဥပဒေများကို ရေးဆွဲပြဌာန်းရန်လိုပေသည်။
ဥပဒေတရပ်ရေးဆွဲရာ၌ အကြောင်းအချက်အင်္ဂါရပ် အတိအကျပါရှိရမည်။ ဥပမာအားဖြင့်
ရာဇ၀တ်ဥပဒေတွင် တိကျစွာရေးသားဖေါ်ပြပြီး ထိုပြစ်မှုအင်္ဂါရပ်တို့အား
ကျူးလွန်ဖောက်ဖျက်လျှင် မည်သို့ပြစ်ဒဏ် စီရင်နိုင်သည်ကို အတိအကျ
ရှင်းလင်းစွာရေးသားထားပါသည်။ ဥပဒေတရပ်၏ ဆောင်ရန် ရှောင်ရန်ကိစ္စအတွက်
တိကျရှင်း လင်းစွာဖော်ပြရမည်ဖြစ်သည်။ အဓိပ္ပါယ်နှစ်ခွရှိခြင်းသည်
ဥပဒေမဟုတ်ချေ။ ဥပဒေဆိုသည်မှာ အဆိုပါဥပဒေ ပြဌာန်းချက်အရ လုပ်ရမည်ကို၎င်း၊
(သို့မဟုတ်) မလုပ်ရမည်ကို၎င်း တိကျစွာဖော်ပြထားရမည်ဖြစ်သည်။
ချွင်းချက်နှင့်အကြောင်းပြပြီး ဥပဒေအား မရှင်းမလင်းအောင် (သို့မဟုတ်) ရှုပ်ထွေးအောင်လုပ်၍မရချေ။
ဥပမာ- ရပ်ရွာအေးချမ်းသာယာရေးအား ထိပါးနှောက်ယှက်သည်ဟူသော
အကြောင်းပြချက်ဖြင့် နိုင်ငံရေး လှုပ်ရှားမှုများဖြင့်ဆက်နွယ်နေသော
နိုင်ငံရေးသမားများအား “၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ” ပုဒ်မ
၅ (ည) ဖြင့် ဖမ်းဆီးအရေးယူခြင်းခံနေကြရသည်။ သို့သော် ၎င်းဥပဒေ၌
ဥပဒေနှင့်မညီသည့် မည်သည့် အမှုကိုပြုလုပ်လျှင် ပြစ်မှုမြောက်သည်ကို
တိတိကျကျဖော်ပြထားခြင်းမရှိဘဲ အရေးယူနိုင်သဖြင့် “အမြင်ကပ် ဥပဒေ”ဟုအမည်တွင်လျှက်ရှိပေသည်။
များသောအားဖြင့် လူအများနှင့်ရင်းနှီးဆက်ဆံရသော အတိုက်အခံ
နိုင်ငံရေးသမားများအပေါ်တွင် အာဏာရအစိုးရများက
အပြစ်ရှာ၍အရေးယူနိုင်ရန်ဖန်တီးထားသည့် ဥပဒေဟု လည်းသတ်မှတ်နိုင်ပေသည်။
အဆိုပါဥပဒေအရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး၊ လုံခြုံရေး၊ အေးချမ်းသာယာရေး
စသည်တို့ကို ဖေါက်ဖျက်မှုများနှင့် ပြစ်ဒဏ်များကိုသတ်မှတ်ထားပြီး၊ -
မည်သူမဆို - ပုဒ်မ ၅ (ည) တွင် “ပြည်ထောင်စု၏ လုံခြုံရေးကိုသော်လည်းကောင်း၊
ငြိမ်ဝပ်ပိပြားမှုပြန်လည်ထူထောင်ရေးကိုသော်လည်းကောင်း
ထိခိုက်စေရန်အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ သို့တည်းမဟုတ်
ပြည်သူတစ်စု၏ ကိုယ်ကျင့် တရားကိုဖြစ်စေ၊ အြုပအမူကိုဖြစ်စေ၊
ဖေါက်လွဲဖေါက်ပြန်ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခုလုပ်လျှင် သို့တည်းမ ဟုတ်
ယင်းသို့ဖြစ်စေရန်အကြောင်းရှိသော အမှုကြိုပလျှင် – ထိုသူအား ခုနစ်နှစ်အထိ
ထောင်ဒဏ်သော်လည်း ကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ဒဏ်
နှစ်ရပ်လုံးသော်လည်းကောင်း ထိုက်သင့်စေရမည်။” ဟုပြဌာန်း ထားပါသည်။
အဆိုပါ ပုဒ်မ ၅ (ည) ၏ ပြဌာန်းချက်တွင်ပါရှိသော “ငြိမ်ဝပ်ပိပြားမှုပြန်လည်ထူထောင်ရေး”
ဆိုသည့် စကား ရပ်၏အဓိပ္ပါယ်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သည်ကို
ရှင်းလင်းတိကျစွာ နားလည်နိုင်ရန်ခက်ခဲသကဲ့သို့၊ “ကိုယ်ကျင့်တရားကိုဖြစ်စေ၊
အြုပအမူကိုဖြစ်စေ ဖေါက်လွဲဖေါက်ပြန် ဖြစ်စေရန်ကြံရွယ်၍”
ဆိုသောစကားရပ် မှာလည်း လိုလျှင်လိုသလို၊ မလိုလျှင်မလိုသလို
အဓိပ္ပါယ်အမျိုးမျိုးကောက်၍ရသော စကားရပ်ဖြစ်ပြီး၊ အတိအ
ကျမည်သည့်အရာကိုဆိုလိုခြင်းဖြစ်ကြောင်း ဖေါ်ညွှန်းထားခြင်းမရှိပေ။
မည်ကဲ့သို့သောကိုယ်ကျင့်တရားကို ဆိုလိုပါသနည်း၊ မည်ကဲ့သို့သော
အြုပအမူကိုဆိုလိုပါသနည်း - ဆိုသည်ကို အဆိုပါဥပဒေပုဒ်မက ရှင်းလင်းစွာ
ပြဌာန်းထားခြင်းမရှိပေ။
ပြည်ထောင်စု၏
လုံခြုံရေးနှင့်ငြိမ်ဝပ်ပိပြားရေးအတွက်ရည်ရွယ်၍ ပြဌာန်းထားသောအဆိုပါ ၁၉၅၀
ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ (ည)ပါ ပြဌာန်းထားချက်နှင့်
ထိုကဲ့သို့ပင် ပြည်ထောင်စုနိုင်ငံတော်အစိုးရကို
ဆန့်ကျင်ကျူးလွန်သောပြစ်မှု့များအတွက် ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီးဥပဒေ)
ပုဒ်မ ၁၂၄ (က) ပါ “အကြည်ညိုပျက်အောင်ပြုခြင်း”
ပြဌာန်းချက်တို့ကို နိုင်းယှဉ်လေ့လာကြည့်ပါက ဥပဒေပြဌာန်းချက်၏ တိကျမှု
ရှိခြင်းနှင့် မရှိခြင်း၏ ကွာခြားချက်ကို ထင်ရှားစွာ
မြင်တွေ့နိုင်မည်ဖြစ်ပေသည်။ အဆိုပါ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (က) ၌
အစိုးရကို အကြည်ညိုပျက်အောင်ြုပခြင်းဆိုရာ၌ -
မုန်းထားအောင်သော်၎င်း၊ မလေးစား အောင်သော်၎င်း၊ မေတ္တာပျက်အောင်သော်၎င်း
ဖြစ်စေရန်လှုံ့ဆော်ခြင်း၊ သို့တည်းမဟုတ် လှုံ့ဆော် ရန်အား ထုတ်ခြင်း မရှိဘဲ -
-“အစိုးရ၏ဆောင်ရွက်မှုအစီအစဉ်ကို ဥပဒေနှင့်ညီသောနည်းဖြင့် ပြောင်းလြဲုပပြင်
စေရန် ရည်ရွယ်လျက်၊ ထိုသို့ဆောင်ရွက်မှုကိုသဘောမကျကြောင်း ထုတ်ဖေါ်ခြင်းသည်
ဤပုဒ်မအရ ပြစ်မှုမမြောက်”
ဟူ၍၄င်း၊ - - “အစိုးရ၏ စီရင်အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုကို၊
သို့တည်းမဟုတ်၊ အခြားဆောင်ရွက်မှုကို သဘောမကျကြောင်းထုတ်ဖေါ်ခြင်းသည်
ဤပုဒ်မအရ ပြစ်မှုမမြောက်”
ဟူ၍၄င်း မည်ကဲ့သို့ဆောင်ရွက်လျှင် ပြစ်မှုမြောက်ပြီး၊
မည်ကဲ့သို့ဆောင်ရွက်လျှင် ပြစ်မှုမမြောက်ဆိုသည်ကို သိသာထင်ရှားစွာပြဌာန်း
ထားပေသည်။
ယနေ့ န၀တ/နအဖတို့သည် နိုင်ငံရေးပါတီဝင်အချို့အား ၄င်းတို့၏ပါတီအစည်းအဝေး
သွားရောက်တက်သည့် ကိစ္စတွင်လည်း ရပ်ရွာအေးချမ်းသာယာရေးကို
နှောက်ယှက်ထိပါးသည်ဟုဆို၍ ပုဒ်မ ၅ (ည) တပ်ပြီး ဖမ်းဆီး
ထောင်ချလျှက်ရှိကြသည်။ ထိုပုဒ်မကို နေရာတကာ၌ လိုသလို
ထင်တိုင်းကြဲ၍သုံးစွဲနေကြပေသည်။ အမှန်မှာ အဆိုပါ ပုဒ်မ ၅(ည) သည်
ပြစ်မှုအင်္ဂါရပ်အားဖြင့် မရှင်းမလင်းဖြစ်နေ၍ နေရာတကာ၌သုံးစွဲ၍ရသည့် အနေ
အထားမျိုးဖြစ်သဖြင့် န၀တ/နအဖတို့က သုံးစွဲခြင်းသာဖြစ်သည်။ ထို့ကြောင့်
ဥပဒေသည် ရှင်းလင်းတိကျပြီး လူအများနားလည်သဘောပေါက် လွယ်ကူစေရမည်ဖြစ်သည်။
သို့မှသာ ပြည်သူတို့က လိုက်နာကျင့်သုံးနိုင် မည်ဖြစ်သည်။
ဥပဒေသည်ရှင်းလင်းတိကျမှုမရှိဘဲ လိုသလိုအဓိပ္ပါယ်ကောက်၍ရနေပါက ဥပဒေ၏အနှစ်သာရ
ပျက်ယွင်း၍ ဥပဒေတိမ်းစောင်းပြီး
တရားဥပဒေစိုးမိုးရေးကိုအထောက်အကြူုပနိုင်မည်မဟုတ်ပေ။
No comments:
Post a Comment